သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေ႐ြးေကာက္ပြဲဥပေဒနဲ႔ လုပ္ထုံးလုပ္နည္းေတြျပင္ဆင္ဖို႔ ေဆာင္႐ြက္ေန


[[Zawgyi/Unicode]]

ေ႐ြးေကာက္ပြဲဆိုင္ရာဥပေဒ လုပ္ထုံးလုပ္နည္းေတြကို ျပင္ဆင္ေရးဆြဲဖို႔ ျပင္ဆင္ေနတယ္လို႔ စစ္ေကာင္စီခန႔္ ေ႐ြးေကာက္ပြဲေကာ္မရွင္က ေျပာပါတယ္။ စစ္ေကာင္စီက လိုလားတဲ့ PR အခ်ိဳးက်ေ႐ြးေကာက္ပြဲစနစ္နဲ႔ကိုက္ညီေအာင္ ဥပေဒ ျပင္ဆင္ဖို႔ျဖစ္ၿပီး မဲေပးခြင့္နဲ႔ ႀကိဳတင္မဲကိစၥရပ္ဆိုင္ရာ လုပ္ထုံးလုပ္နည္းေတြ အဓိက ျပင္ဆင္သြားမယ္လို႔ သိရပါတယ္။ ရန္ကုန္ေပးပို႔တဲ့သတင္းကို မဆုမြန္က တင္ျပေပးထားပါတယ္။

ေ႐ြးေကာက္ပြဲ မသမာမႈေတြရွိခဲ့တယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ အာဏာသိမ္းခဲ့တဲ့ စစ္ေကာင္စီအေနနဲ႔ ေ႐ြးေကာက္ပြဲဆိုင္ရာ ဥပေဒတခ်ိဳ႕ကို ေျပာင္းလဲက်င့္သုံးဖို႔ လိုလားေနပါတယ္။ အထူးသျဖင့္ေတာ့ ေ႐ြးေကာက္ပြဲစနစ္ကို PR အခ်ိဳးက်ေ႐ြးေကာက္ပြဲစနစ္ ေျပာင္းလဲက်င့္သုံးဖို႔ လိုလားသလို စစ္ေကာင္စီခန႔္ ေ႐ြးေကာက္ပြဲေကာ္မရွင္ကလည္း ဒါကို ဦးစားေပးေဆာင္႐ြက္လာပါတယ္။ ဒါ့အျပင္ ေ႐ြးေကာက္ပြဲဆိုင္ရာ လုပ္ထုံးလုပ္နည္းတခ်ိဳ႕ကို ျပင္ဆင္ပယ္ဖ်က္တာမ်ိဳးလုပ္ဖို႔လည္း ရွိေနပါတယ္။ ပယ္ဖ်က္မယ့္ကိစၥေတြထဲမွာ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာက်င့္သုံးခဲ့တဲ့ အသက္ ၆၀ နဲ႔အထက္ ႀကိဳတင္မဲေပးတဲ့ကိစၥ၊ ကိုယ္မဲေပးရမယ့္ေနရာမဟုတ္ဘဲ တျခားတေနရာမွာ ရက္ေပါင္း ၉၀ အထက္ ေရာက္ေနသူေတြကို ေရာက္တဲ့အရပ္မွာပဲ မဲေပးဖို႔ခြင့္ျပဳေပးခဲ့ တဲ့ကိစၥေတြ ပါဝင္ပါတယ္။ ဒါ့အျပင္ မဲေပးသူဟာ ႏိုင္ငံသားလက္မွတ္ တခုခုျပႏိုင္မွ မဲေပးခြင့္ျပဳဖို႔ဆိုတာကို လုပ္ထုံးလုပ္နည္းထဲမွာ ထည့္သြင္းဖို႔ ျပင္ဆင္မယ္လို႔ မေန႔က ေနျပည္ေတာ္မွာ က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲအတြင္း ေကာ္မရွင္ ၫႊန္ၾကားေရးမ်ဳးခ်ဳပ္ ဦးခင္ေမာင္ဦးက ေျပာပါတယ္။

“ေနာက္က်င္းပမယ့္ အေထြေထြေ႐ြးေကာက္ပြဲမွာေတာ့ သက္ဆိုင္ရာေ႐ြးေကာက္ ပြဲ ဥပေဒ နည္းဥပေဒမ်ားနဲ႔အညီ ႀကိဳတင္ဆႏၵမဲေပးပိုင္ခြင့္ရွိသူေတြကိုသာ စိစစ္ၿပီး ႀကိဳတင္မဲေပးျခင္းလုပ္ငန္းေတြကိုၾကပ္မပ္သြားဖို႔ရွိပါတယ္။ ေနာက္တခုကေတာ့ ရက္ေပါင္း ၁၈၀ အထက္ မဲဆႏၵနယ္ျပင္ပေရာက္ အျခားမဲဆႏၵရွင္ေတြနဲ႔ပတ္သက္ၿပီး ၿပီးခဲ့တဲ့ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ နည္းဥပေဒျပင္ၿပီး ရက္ေပါင္း ၉၀ အထက္ မဲဆႏၵနယ္ျပင္ပေရာက္ မဲဆႏၵရွင္ေတြဟာ မိမိေရာက္ရာေဒသကမဲစာရင္းမွာပါဖို႔ ပုံစံ ၃ က နဲ႔ေလွ်ာက္ထားၿပီး ဆႏၵမဲရရွိတဲ့ကိစၥျဖစ္ပါတယ္။ ေနာက္လုပ္မယ့္ေ႐ြးေကာက္ပြဲမွာေတာ့ရက္ေပါင္း ၉၀ မဲဆႏၵ နယ္ျပင္ပေရာက္မဲဆႏၵရွင္ေတြကို ခြင့္မျပဳေတာ့ဘဲ မဲဆႏၵနယ္ျပင္ပေရာက္ေနသူေတြက မိမိေရာက္ရာေနရာမွာဆႏၵမဲေပးခ်င္ရင္ ပါရမယ့္အေထာက္အထားနဲ႔အတူ ရပ္ကြက္ေကာ္မ ရွင္႐ုံးမွာတင္ျပမွ မဲေပးလို႔ ရပါမယ္။”

တဆက္တည္းပဲ ေ႐ြးေကာက္ပြဲနဲ႔ဆက္ႏြယ္တဲ့ ဥပေဒတခ်ိဳ႕ကိုလည္း ျပင္ဆင္သြားမယ္လို႔ သိရပါတယ္။ ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ျခင္းဥပေဒနဲ႔ နည္းဥပေဒေတြကို အသစ္ျပန္ ျပဌန္းႏိုင္ဖို႔ လုပ္ေနတယ္လို႔ ဦးခင္ေမာင္ဦးက ေျပာပါတယ္။

“ၿပီးခဲ့တဲ့၂၀၂၀ ေ႐ြးေကာက္ပြဲမွာျဖစ္ခဲ့တဲ့ ျဖစ္စဥ္ေတြ ဒါေတြကို သုံးသပ္ပါတယ္။ ေနာက္တခုကေတာ့ ႏိုင္ငံေရးပါတီေတြကိုစစ္ပါတယ္။ စစ္တဲ့အခါ ေတြ႕ရွိရတဲ့ ေတြ႕ရွိခ်က္ေတြကို သုံးသပ္ပါတယ္။ အဲဒီအေပၚမူတည္ၿပီး ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ျခင္းဥပေဒနဲ႔ နည္းဥပေဒကို အသစ္ျပဌာန္းႏိုင္ဖို႔ ေဆာင္႐ြက္ေနပါတယ္။ မၾကာခင္ ၿပီးမယ္ထင္ပါတယ္။ အဲဒါၿပီးရင္ေတာ့ အဲဒီ ဥပေဒနဲ႔အညီ ထပ္ၿပီးေတာ့ မွတ္ပုံတင္ခ်င္တဲ့ ႏိုင္ငံေရးပါတီအသစ္အျဖစ္ တည္ေထာင္ခြင့္နဲ႔ ေလွ်ာက္ထားမယ့္ ပါတီေတြဟာအဲ ဥပေဒအတိုင္း ေဆာင္႐ြက္ခြင့္ရမွာျဖစ္ပါတယ္။”

လက္ရွိ ႏိုင္ငံေရးပါတီေတြကေတာ့ ၂၀၁၀ တုန္းကေရးဆြဲခဲ့တဲ့ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္း ဆိုင္ရာဥပေဒ နည္းဥပေဒအရ ေလွ်ာက္ထားခဲ့ၾကတာျဖစ္ၿပီး လက္ရွိမွာ တည္ဆဲမွတ္ပုံတင္ပါတီ ၉၂ ပါတီရွိပါတယ္။

ျပင္ဆင္ျပဌာန္းဖို႔ ရွိတဲ့အထဲမွာေတာ့ PR အခ်ိဳးက်ကိုယ္စားျပဳစနစ္အတြက္ ေ႐ြးေကာက္ပြဲဆိုင္ရာဥပေဒနဲ႔ နည္းဥပေဒ၊ ျပည္သူ႔ လႊတ္ေတာ္ အမ်ိဳးသားလႊတ္ေတာ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ေ႐ြးေကာက္ပြဲဆိုင္ရာဥပေဒနဲ႔ နည္းပေဒအျပင္ လႊတ္ေတာ္ကိုယ္စားလွယ္႐ုပ္သိမ္းျခင္းဆိုင္ရာ ဥပေဒလည္းပါဝင္မယ္လို႔ သိရပါတယ္။ PR အခ်ိဳးက်ကိုယ္စားျပဳစနစ္အတြက္ေတာ့ ေကာ္မရွင္အေနနဲ႔ ႏိုင္ငံေရးပါတီေတြကို ဖိတ္ေခၚၿပီး ေဆြးေႏြးညႇိဳႏႈိင္းတာမ်ိဳးရွိခဲ့ၿပီး ဘယ္အဆင့္ေရာက္ေနၿပီလဲဆိုတာ အတိအက်မသိရေသးပါဘူး။ ဒါေပမယ့္ တည္ဆဲဖြဲ႕စည္းပုံအရဆိုရင္ေတာ့ ဥပေဒေတြကို ျပင္ဆင္ ျပဌာန္းဖို႔ဆိုတာ လႊတ္ေတာ္ေခၚယူရဦးမွာျဖစ္ပါတယ္။

စစ္ေကာင္စီကေတာ့ သူတို႔ရဲ႕ ဦးတည္ခ်က္တခုတည္းမွာ ေ႐ြးေကာက္ပြဲတခု ေခၚယူႏိုင္ဖို႔ဆိုတာ ပါဝင္ပါတယ္။ ဒါေၾကာင့္ ေ႐ြးေကာက္ပြဲဥပေဒျပင္ဆင္မႈေတြကို ေ႐ြးေကာက္ပြဲမတိုင္ခင္ အမိန႔္အာဏာသုံးၿပီး လုပ္မလား၊ ဒါမွမဟုတ္ ေ႐ြးေကာက္ ပြဲလုပ္ၿပီး လႊတ္ေတာ္ေခၚယူၿပီး ျပင္ဆင္မလားဆိုတာေတြကေတာ့ သဲသဲကြဲကြဲမရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

ရွေးကောက်ပွဲဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေပြင်ဆင်ဖို့ ဆောင်ရွက်နေ


ရွေးကောက်ပွဲဆိုင်ရာဥပဒေ လုပ်ထုံးလုပ်နည်းတွေကို ပြင်ဆင်ရေးဆွဲဖို့ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ စစ်ကောင်စီက လိုလားတဲ့ PR အချိုးကျရွေးကောက်ပွဲစနစ်နဲ့ကိုက်ညီအောင် ဥပဒေ ပြင်ဆင်ဖို့ဖြစ်ပြီး မဲပေးခွင့်နဲ့ ကြိုတင်မဲကိစ္စရပ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ အဓိက ပြင်ဆင်သွားမယ်လို့ သိရပါတယ်။ ရန်ကုန်ပေးပို့တဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲ မသမာမှုတွေရှိခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတချို့ကို ပြောင်းလဲကျင့်သုံးဖို့ လိုလားနေပါတယ်။ အထူးသဖြင့်တော့ ရွေးကောက်ပွဲစနစ်ကို PR အချိုးကျရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးဖို့ လိုလားသလို စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်ကလည်း ဒါကို ဦးစားပေးဆောင်ရွက်လာပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းတချို့ကို ပြင်ဆင်ပယ်ဖျက်တာမျိုးလုပ်ဖို့လည်း ရှိနေပါတယ်။ ပယ်ဖျက်မယ့်ကိစ္စတွေထဲမှာ ၂၀၂၀ ရွေးကောက်ပွဲမှာကျင့်သုံးခဲ့တဲ့ အသက် ၆၀ နဲ့အထက် ကြိုတင်မဲပေးတဲ့ကိစ္စ၊ ကိုယ်မဲပေးရမယ့်နေရာမဟုတ်ဘဲ တခြားတနေရာမှာ ရက်ပေါင်း ၉၀ အထက် ရောက်နေသူတွေကို ရောက်တဲ့အရပ်မှာပဲ မဲပေးဖို့ခွင့်ပြုပေးခဲ့ တဲ့ကိစ္စတွေ ပါဝင်ပါတယ်။ ဒါ့အပြင် မဲပေးသူဟာ နိုင်ငံသားလက်မှတ် တခုခုပြနိုင်မှ မဲပေးခွင့်ပြုဖို့ဆိုတာကို လုပ်ထုံးလုပ်နည်းထဲမှာ ထည့်သွင်းဖို့ ပြင်ဆင်မယ်လို့ မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ကော်မရှင် ညွှန်ကြားရေးမျုးချုပ် ဦးခင်မောင်ဦးက ပြောပါတယ်။

“နောက်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာတော့ သက်ဆိုင်ရာရွေးကောက် ပွဲ ဥပဒေ နည်းဥပဒေများနဲ့အညီ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေကိုသာ စိစစ်ပြီး ကြိုတင်မဲပေးခြင်းလုပ်ငန်းတွေကိုကြပ်မပ်သွားဖို့ရှိပါတယ်။ နောက်တခုကတော့ ရက်ပေါင်း ၁၈၀ အထက် မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်တွေနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ နည်းဥပဒေပြင်ပြီး ရက်ပေါင်း ၉၀ အထက် မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်တွေဟာ မိမိရောက်ရာဒေသကမဲစာရင်းမှာပါဖို့ ပုံစံ ၃ က နဲ့လျှောက်ထားပြီး ဆန္ဒမဲရရှိတဲ့ကိစ္စဖြစ်ပါတယ်။ နောက်လုပ်မယ့်ရွေးကောက်ပွဲမှာတော့ရက်ပေါင်း ၉၀ မဲဆန္ဒ နယ်ပြင်ပရောက်မဲဆန္ဒရှင်တွေကို ခွင့်မပြုတော့ဘဲ မဲဆန္ဒနယ်ပြင်ပရောက်နေသူတွေက မိမိရောက်ရာနေရာမှာဆန္ဒမဲပေးချင်ရင် ပါရမယ့်အထောက်အထားနဲ့အတူ ရပ်ကွက်ကော်မ ရှင်ရုံးမှာတင်ပြမှ မဲပေးလို့ ရပါမယ်။”

တဆက်တည်းပဲ ရွေးကောက်ပွဲနဲ့ဆက်နွယ်တဲ့ ဥပဒေတချို့ကိုလည်း ပြင်ဆင်သွားမယ်လို့ သိရပါတယ်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနဲ့ နည်းဥပဒေတွေကို အသစ်ပြန် ပြဌန်းနိုင်ဖို့ လုပ်နေတယ်လို့ ဦးခင်မောင်ဦးက ပြောပါတယ်။

“ပြီးခဲ့တဲ့၂၀၂၀ ရွေးကောက်ပွဲမှာဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေ ဒါတွေကို သုံးသပ်ပါတယ်။ နောက်တခုကတော့ နိုင်ငံရေးပါတီတွေကိုစစ်ပါတယ်။ စစ်တဲ့အခါ တွေ့ရှိရတဲ့ တွေ့ရှိချက်တွေကို သုံးသပ်ပါတယ်။ အဲဒီအပေါ်မူတည်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနဲ့ နည်းဥပဒေကို အသစ်ပြဌာန်းနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ မကြာခင် ပြီးမယ်ထင်ပါတယ်။ အဲဒါပြီးရင်တော့ အဲဒီ ဥပဒေနဲ့အညီ ထပ်ပြီးတော့ မှတ်ပုံတင်ချင်တဲ့ နိုင်ငံရေးပါတီအသစ်အဖြစ် တည်ထောင်ခွင့်နဲ့ လျှောက်ထားမယ့် ပါတီတွေဟာအဲ ဥပဒေအတိုင်း ဆောင်ရွက်ခွင့်ရမှာဖြစ်ပါတယ်။”

လက်ရှိ နိုင်ငံရေးပါတီတွေကတော့ ၂၀၁၀ တုန်းကရေးဆွဲခဲ့တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဆိုင်ရာဥပဒေ နည်းဥပဒေအရ လျှောက်ထားခဲ့ကြတာဖြစ်ပြီး လက်ရှိမှာ တည်ဆဲမှတ်ပုံတင်ပါတီ ၉၂ ပါတီရှိပါတယ်။

ပြင်ဆင်ပြဌာန်းဖို့ ရှိတဲ့အထဲမှာတော့ PR အချိုးကျကိုယ်စားပြုစနစ်အတွက် ရွေးကောက်ပွဲဆိုင်ရာဥပဒေနဲ့ နည်းဥပဒေ၊ ပြည်သူ့ လွှတ်တော် အမျိုးသားလွှတ်တော် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ရွေးကောက်ပွဲဆိုင်ရာဥပဒေနဲ့ နည်းပဒေအပြင် လွှတ်တော်ကိုယ်စားလှယ်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေလည်းပါဝင်မယ်လို့ သိရပါတယ်။ PR အချိုးကျကိုယ်စားပြုစနစ်အတွက်တော့ ကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီတွေကို ဖိတ်ခေါ်ပြီး ဆွေးနွေးညှိုနှိုင်းတာမျိုးရှိခဲ့ပြီး ဘယ်အဆင့်ရောက်နေပြီလဲဆိုတာ အတိအကျမသိရသေးပါဘူး။ ဒါပေမယ့် တည်ဆဲဖွဲ့စည်းပုံအရဆိုရင်တော့ ဥပဒေတွေကို ပြင်ဆင် ပြဌာန်းဖို့ဆိုတာ လွှတ်တော်ခေါ်ယူရဦးမှာဖြစ်ပါတယ်။

စစ်ကောင်စီကတော့ သူတို့ရဲ့ ဦးတည်ချက်တခုတည်းမှာ ရွေးကောက်ပွဲတခု ခေါ်ယူနိုင်ဖို့ဆိုတာ ပါဝင်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲဥပဒေပြင်ဆင်မှုတွေကို ရွေးကောက်ပွဲမတိုင်ခင် အမိန့်အာဏာသုံးပြီး လုပ်မလား၊ ဒါမှမဟုတ် ရွေးကောက် ပွဲလုပ်ပြီး လွှတ်တော်ခေါ်ယူပြီး ပြင်ဆင်မလားဆိုတာတွေကတော့ သဲသဲကွဲကွဲမရှိသေးပါဘူး။
============

XS
SM
MD
LG