သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေလေၾကာင္းဗုံးႀကဲလို႔ ဒီးေမာဆို ေဆာင္ဒူလာေက်း႐ြာလူေနအိမ္တခ်ိဳ႕ပ်က္စီး


ကယားျပည္နယ္၊ ဒီးေမာ့ဆိုၿမိဳ႕နယ္အတြင္း ေလေၾကာင္းတုိက္ခိုက္မႈခံေနရတဲ့ ေဆာင္ဒူလာ၊ ေသးဆူလဲနဲ႔ကုန္းသာေက်းရြာမ်ား (Credit-MIMU)

[[Zawgyi/Unicode]]

ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္ထဲက ေဆာင္ဒူလာေက်း႐ြာမွာ ဒီေန႔ မတ္လ ၈ ရက္ မနက္ ၂ နာရီေလာက္မွာ စစ္ေကာင္စီက ေလယာဥ္နဲ႔ ဗုံးႀကဲခ်ခဲ့တယ္လို႔ ေဒသခံေတြ ေျပာပါတယ္။ တိုက္ပြဲေတြမရွိဘဲ ဗုံးႀကဲတိုက္ခိုက္မႈေၾကာင့္ လူအထိအခိုက္မရွိေပမယ့္ ဘုရားေက်ာင္းနဲ႔ ေနအိမ္အခ်ိဳ႕ ပ်က္စီးသြားပါတယ္။ ဒါအျပင့္ ဒီေန႔ မနက္ ၉ နာရီေလာက္ကလည္း ေသးဆူလဲ႐ြာ၊ ကုန္းသာ႐ြာဘက္ကို ထိုးစစ္ဆင္လာတဲ့ စစ္ေကာင္စီတပ္နဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္ေတြအၾကား တိုက္ပြဲအျပင္းအထန္ ျဖစ္ပြားခဲ့ပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကို နန္းေလာဝ္က တင္ျပေပးထားပါတယ္။

ဒီေန႔ မတ္လ ၈ ရက္ မနက္ ၂ နာရီေလာက္က ဒီးေမာ့ဆိုၿမိဳ႕နယ္ ေဆာင္ဒူလာေက်းရြာေပၚ စစ္ေကာင္စီက ေလယာဥ္နဲ႔ ဗံုးႀကဲခ်ခဲ့တဲ့အတြက္ ဘုရားေက်ာင္းနဲ႔ ေနအိမ္အခ်ဳိ႕ ပ်က္စီးသြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ေဆာင္ဒူလာ႐ြာဘက္မွာ တိုက္ပြဲေတြ ျဖစ္မေနေပမယ့္ လူေတြစုေနတယ္ထင္တဲ့ ဘုရားေက်ာင္းကို ပစ္မွတ္ထားဗံုးႀကဲပံုရတယ္လို႔ ေဒသခံတဦးက ေျပာျပပါတယ္။

“ဒီမနက္အေစာ ေလယာဥ္နဲ႔လာၿပီးေတာ့ ဗံုးလာႀကဲသြားတယ္ေပါ့ေနာ္။ ဘုရားေက်ာင္း ေတာ္ေတာ္ေလးကို ထိသြားတယ္။ အဓိက သူတို႔ပစ္မွတ္ထားတာေတာ့ ဒီဘုရားေက်ာင္းမွာ လူေနတယ္ထင္ၿပီးေတာ့ ဘုရားေက်ာင္းကို ပစ္မွတ္ထားၿပီး ဗံုးလာႀကဲသြားတာ။ တိုက္ပြဲေတာ့ မရွိဘူး။ တိုက္ပြဲနဲ႔က အေဝးႀကီးပါ။ ဒါေပမယ့္ သူတို႔က ဒီေဘးေရွာင္ရွိတယ္ထင္တယ္၊ ၿပီးေတာ့ လူစုလူေဝးရွိတယ္ထင္ၿပီးေတာ့ အ့ဲလိုမ်ဳိး ေလယာဥ္ လာၿပီးေတာ့ ႀကဲသြားတာေပါ့ေနာ္။”

စစ္တပ္က ဗံုးႀကဲတိုက္ခိုုက္မႈအတြင္း လူထိခိုက္မႈေတာ့ မ႐ွိဘူးလို႔ ေျပာပါတယ္။ အခုလို တိုက္ခိုက္ခံရၿပီးေနာက္ သက္ႀကီး႐ြယ္အိုေတြ၊ ကေလးငယ္အပါအဝင္ ေဒသခံအမ်ားစုဟာ ေဘးလြတ္ရာကို ထြက္ေျပးတိမ္းေရွာင္ေနၾကၿပီး ရြာထဲမွာ အမ်ဳိးသား အနည္းအက်ဥ္းသာ က်န္ေနတယ္လို႔ ေျပာပါတယ္။

ဒီးေမာ့ဆိုၿမိဳ႕နယ္ထဲက ေသးဆူလဲေက်းရြာနဲ႔ ကုန္းသာေက်းရြာဘက္မွာလည္း စစ္ေကာင္စီတပ္ေတြ အင္အားအလံုးအရင္းနဲ႔ ထိုးစစ္ဆင္လာတာေၾကာင့္ ကရင္နီျပည္သူ႔ကာကြယ္ေရးပူးေပါင္းတပ္ေတြနဲ႔ မနက္ ၉ နာရီေလာက္မွာ တိုက္ပြဲျပင္းထန္ခဲ့တယ္လို႔ ကုန္းသာေဒသခံတဦးက ေျပာပါတယ္။

“အခု ဒီစစ္ေကာင္စီက ဒီေသးဆူလဲထိေရာက္လာတယ္၊ ကုန္းသာအထိလည္း ေရာက္လာတယ္ေပါ့ေနာ္။ အဲ့ခါက်ေတာ့ ဒီဘက္က ရဲေဘာ္ေတြက ထိေတြ႔တိုက္ပြဲေတြ ျဖစ္သြားတယ္။ အဲ့လိုမ်ဳိးထိေတြ႔တိုက္ပြဲျဖစ္တာကေတာ့ ၉ နာရီဝန္းက်င္ေလာက္ေပါ့ေနာ္-ဟုတ္။ ၂ နာရီေက်ာ္ေက်ာ္ ေလာက္ေတာ့ ျဖစ္တယ္ဗ်။ ပစ္ခတ္တာေတြ အဲ့မ်ဳိးရွိတယ္ဗ်။ ခုနလည္း လက္နက္ႀကီးေတြနဲ႔ ထုလာတာ ဆက္တိုက္ပဲေပါ့ေနာ္။ ထုလာတာရွိတယ္ဗ်။”

စစ္တပ္ဘက္က လက္နက္ႀကီးေတြနဲ႔ ဆက္လက္ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ ေျပာတာပါ။ ဒီးေမာ့ဆိုၿမိဳ႕နယ္ထဲ ေငြေတာင္ေက်း႐ြာအုပ္စုထဲမွာပါတဲ့ ေအာင္ခ်မ္းသာရြာ၊ ေက်ာက္ဆည္ကန္နဲ႔ ေသးဆူလဲရြာ၊ ပူဖားရြာေတြဘက္မွာ စစ္ေကာင္စီတပ္ေတြနဲ႔ ျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြ မေန႔တုန္းကလည္း တိုက္ပြဲေတြျဖစ္ပြားခဲ့ပါတယ္။ မေန႔ကတည္းက တုိက္ပြဲျပင္းထန္တဲ့ အဲဒီေနရာေတြအေပၚ ေလေၾကာင္းတုိက္ခိုက္ မႈေတြ ႐ွိခဲ့ပါတယ္။

“မေန႔ညတုန္းက ရဟတ္ယာဥ္နဲ႔ေရာ ေနာက္ ဖိုက္တာဂ်က္ေလယာဥ္နဲ႔လည္း ဗံုးႀကဲသြားတယ္။ မေန႔ကေတာ့ ပူဖားဘက္ေပါ့ေနာ္ ပူဖားဘက္မွာ တိုက္ပြဲျပင္းထန္တယ္။ ၿပီးေတာ့ ကုန္းသာဘက္မွာ အာ႐ုံဦးကတည္းကေပါ့ေနာ္၊ တိုက္ပြဲျပင္းထန္တယ္ဗ်။ ၿပီးေတာ့ ေက်ာက္ဆည္ကန္ရယ္ တိုက္ပြဲေတာ္ေတာ္ေလးျပင္းထန္တယ္ဗ်။ ေလယာဥ္ကေတာ့ မေန႔ကေတာ့ ၆ စီးေလာက္ လာတယ္ဗ်။”

ေငြေတာင္ေက်းရြာအုပ္စုနဲ႔ ေသးဆူလဲေက်းရြာအုပ္စုဘက္မွာ အင္အား အေျမာက္အမ်ားနဲ႔ ထိုးစစ္ဆင္လာတဲ့ စစ္ေကာင္စီတပ္နဲ႔ မတ္လ ၇ ရက္ေန႔က ႏွစ္ဘက္ အျပန္ အလွန္ တိုက္ပြဲျပင္းထန္ခဲ့တယ္လို႔ ဒီးေမာ့ဆို ျပည္သူ႔ကာကြယ္ေရးတပ္က ထုတ္ျပန္ ထားပါတယ္။ ေန႔လည္ ၁၂ နာရီမွာ ရဟတ္ယာဥ္ ၂ စီး၊ တိုက္ေလယာဥ္ ၂ စီးနဲ႔ ၁၅ ႀကိမ္တိုင္တိုင္ ဗံုးႀကဲတိုက္ခိုက္ခဲ့ၿပီး ည ၇ နာရီေလာက္မွာ တိုက္ေလယာဥ္ တစီး ထပ္မံ လာေရာက္ ဗံုးႀကဲတိုက္ခိုက္ခဲ့တာေၾကာင့္ အရပ္သားလူေနအိမ္ ၁၅ လံုးေလာက္ ပ်က္စီးသြားတယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ အခုလို ဒီးေမာ့ဆိုၿမိဳ႕နယ္ဘက္မွာ စစ္တပ္က ေလေၾကာင္းန႔ဲ တိုက္ခိုက္ေနတာနဲ႔ပတ္သက္လို႔ စစ္ေကာင္စီဘက္က တစံုတရာ သတင္းထုတ္ျပန္တာမ်ဳိး မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

လေကြောင်းဗုံးကြဲလို့ ဒီးမောဆို ဆောင်ဒူလာကျေးရွာလူနေအိမ်တချို့ပျက်စီး

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲက ဆောင်ဒူလာကျေးရွာမှာ ဒီနေ့ မတ်လ ၈ ရက် မနက် ၂ နာရီလောက်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲချခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။ တိုက်ပွဲတွေမရှိဘဲ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူအထိအခိုက်မရှိပေမယ့် ဘုရားကျောင်းနဲ့ နေအိမ်အချို့ ပျက်စီးသွားပါတယ်။ ဒါအပြင့် ဒီနေ့ မနက် ၉ နာရီလောက်ကလည်း သေးဆူလဲရွာ၊ ကုန်းသာရွာဘက်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို နန်းလောဝ်က တင်ပြပေးထားပါတယ်။

ဒီနေ့ မတ်လ ၈ ရက် မနက် ၂ နာရီလောက်က ဒီးမော့ဆိုမြို့နယ် ဆောင်ဒူလာကျေးရွာပေါ် စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲချခဲ့တဲ့အတွက် ဘုရားကျောင်းနဲ့ နေအိမ်အချို့ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဆောင်ဒူလာရွာဘက်မှာ တိုက်ပွဲတွေ ဖြစ်မနေပေမယ့် လူတွေစုနေတယ်ထင်တဲ့ ဘုရားကျောင်းကို ပစ်မှတ်ထားဗုံးကြဲပုံရတယ်လို့ ဒေသခံတဦးက ပြောပြပါတယ်။

“ဒီမနက်အစော လေယာဉ်နဲ့လာပြီးတော့ ဗုံးလာကြဲသွားတယ်ပေါ့နော်။ ဘုရားကျောင်း တော်တော်လေးကို ထိသွားတယ်။ အဓိက သူတို့ပစ်မှတ်ထားတာတော့ ဒီဘုရားကျောင်းမှာ လူနေတယ်ထင်ပြီးတော့ ဘုရားကျောင်းကို ပစ်မှတ်ထားပြီး ဗုံးလာကြဲသွားတာ။ တိုက်ပွဲတော့ မရှိဘူး။ တိုက်ပွဲနဲ့က အဝေးကြီးပါ။ ဒါပေမယ့် သူတို့က ဒီဘေးရှောင်ရှိတယ်ထင်တယ်၊ ပြီးတော့ လူစုလူဝေးရှိတယ်ထင်ပြီးတော့ အဲ့လိုမျိုး လေယာဉ် လာပြီးတော့ ကြဲသွားတာပေါ့နော်။”

စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုအတွင်း လူထိခိုက်မှုတော့ မရှိဘူးလို့ ပြောပါတယ်။ အခုလို တိုက်ခိုက်ခံရပြီးနောက် သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်အပါအဝင် ဒေသခံအများစုဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပြီး ရွာထဲမှာ အမျိုးသား အနည်းအကျဉ်းသာ ကျန်နေတယ်လို့ ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်ထဲက သေးဆူလဲကျေးရွာနဲ့ ကုန်းသာကျေးရွာဘက်မှာလည်း စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် ကရင်နီပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ မနက် ၉ နာရီလောက်မှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ကုန်းသာဒေသခံတဦးက ပြောပါတယ်။

“အခု ဒီစစ်ကောင်စီက ဒီသေးဆူလဲထိရောက်လာတယ်၊ ကုန်းသာအထိလည်း ရောက်လာတယ်ပေါ့နော်။ အဲ့ခါကျတော့ ဒီဘက်က ရဲဘော်တွေက ထိတွေ့တိုက်ပွဲတွေ ဖြစ်သွားတယ်။ အဲ့လိုမျိုးထိတွေ့တိုက်ပွဲဖြစ်တာကတော့ ၉ နာရီဝန်းကျင်လောက်ပေါ့နော်-ဟုတ်။ ၂ နာရီကျော်ကျော် လောက်တော့ ဖြစ်တယ်ဗျ။ ပစ်ခတ်တာတွေ အဲ့မျိုးရှိတယ်ဗျ။ ခုနလည်း လက်နက်ကြီးတွေနဲ့ ထုလာတာ ဆက်တိုက်ပဲပေါ့နော်။ ထုလာတာရှိတယ်ဗျ။”

စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြောတာပါ။ ဒီးမော့ဆိုမြို့နယ်ထဲ ငွေတောင်ကျေးရွာအုပ်စုထဲမှာပါတဲ့ အောင်ချမ်းသာရွာ၊ ကျောက်ဆည်ကန်နဲ့ သေးဆူလဲရွာ၊ ပူဖားရွာတွေဘက်မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ မနေ့တုန်းကလည်း တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ မနေ့ကတည်းက တိုက်ပွဲပြင်းထန်တဲ့ အဲဒီနေရာတွေအပေါ် လေကြောင်းတိုက်ခိုက် မှုတွေ ရှိခဲ့ပါတယ်။

“မနေ့ညတုန်းက ရဟတ်ယာဉ်နဲ့ရော နောက် ဖိုက်တာဂျက်လေယာဉ်နဲ့လည်း ဗုံးကြဲသွားတယ်။ မနေ့ကတော့ ပူဖားဘက်ပေါ့နော် ပူဖားဘက်မှာ တိုက်ပွဲပြင်းထန်တယ်။ ပြီးတော့ ကုန်းသာဘက်မှာ အာရုံဦးကတည်းကပေါ့နော်၊ တိုက်ပွဲပြင်းထန်တယ်ဗျ။ ပြီးတော့ ကျောက်ဆည်ကန်ရယ် တိုက်ပွဲတော်တော်လေးပြင်းထန်တယ်ဗျ။ လေယာဉ်ကတော့ မနေ့ကတော့ ၆ စီးလောက် လာတယ်ဗျ။”

ငွေတောင်ကျေးရွာအုပ်စုနဲ့ သေးဆူလဲကျေးရွာအုပ်စုဘက်မှာ အင်အား အမြောက်အများနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ မတ်လ ၇ ရက်နေ့က နှစ်ဘက် အပြန် အလှန် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန် ထားပါတယ်။ နေ့လည် ၁၂ နာရီမှာ ရဟတ်ယာဉ် ၂ စီး၊ တိုက်လေယာဉ် ၂ စီးနဲ့ ၁၅ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ည ၇ နာရီလောက်မှာ တိုက်လေယာဉ် တစီး ထပ်မံ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားလူနေအိမ် ၁၅ လုံးလောက် ပျက်စီးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အခုလို ဒီးမော့ဆိုမြို့နယ်ဘက်မှာ စစ်တပ်က လေကြောင်းနဲ့ တိုက်ခိုက်နေတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

=================

XS
SM
MD
LG