သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မင္းကင္းနဲ႔ ဒီပဲယင္း စစ္ေျပးဒုကၡသည္မ်ား စားေရးေနေရးပိုခက္လာ


 စစ္ကိုင္းတုိင္း၊ မင္းကင္းၿမိဳ႕နယ္အတြင္း လတ္တေလာ ေထာင္နဲ႔ခ်ီ စစ္ေဘးေရွာင္ေနရၿပီး စားေသာက္ေရးခက္ခဲလာေနတဲ့ရြာမ်ား။ Mingin (Credit to MIMU)

[[Zawgyi/Unicode]]


စစ္ကိုင္းတိုင္းထဲမွာ တိုက္ပြဲေတြဆက္ရွိေနတဲ့ မင္းကင္းၿမိဳ႕နယ္ ေတာင္တြင္းေခ်ာင္ေဒသမွာ အိုးအိမ္ပစ္ ထြက္ေျပးေနၾကရသူေတြ ရက္ၾကာလာတာနဲ႔အမွ် ေနေရး စားေရး ပိုၿပီးခက္ခဲေနၾကပါတယ္။ စစ္ေကာင္စီတပ္ေတြ နယ္ေျမရွင္းလင္းေနတဲ့ ဒီပဲယင္း ၿမိဳ႕နယ္ထဲမွာလည္း အင္တာနက္ဆက္သြယ္မႈေတြ ျပတ္ေတာက္ေနလို႔ ျပည္တြင္း ဒုကၡသည္ေတြ အရင္ကထက္ ပိုၿပီးအခက္ေတြ႔ေနပါတယ္။ စစ္ကိုင္းတိုင္းထဲက ျပည္သူ ေထာင္နဲ႔ခ်ီ ဒုကၡေတြ႕ေနတဲ့ အေျခအေနအေၾကာင္း ရန္ကုန္က ေပးပို႔လာတဲ့သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။


စစ္ကိုင္းတိုင္း မင္းကင္းၿမိဳ႕နယ္ မံုရြာ - ယာႀကီး - ကေလးဝ ကားလမ္းေဘးက ေတာင္တြင္းေခ်ာင္ေဒသမွာ မတ္လ ၁၇ ရက္ေန႔ထဲက စစ္ေကာင္စီတပ္ေတြ နယ္ေျမ႐ွင္းလင္းၿပီး ေတာင္တြင္းေခ်ာင္ေဒသထဲက ေက်ာ္ရြာမွာတပ္စြဲထားပါတယ္။ အဲဒါေၾကာင့္ ေက်ာ္႐ြာနဲ႔ ဆက္ေနတဲ့ ႐ြာေပါင္း ၁၅ ႐ြာေလာက္က ျပည္သူ ေဘးလြတ္ရာ ထြက္ေျပးေနၾကရပါတယ္။ စုစုေပါင္း ႐ြာသား ၄ ေထာင္ေလာက္ အိုးအိမ္းစြန္႔ ထြက္ေျပးေနၾကရတာ ၁၀ ရက္ေက်ာ္လာၿပီျဖစ္တဲ့အတြက္ စားေရး ေနေရး ခက္ခဲေနၾကတယ္လို႔ ေဒသခံတဦးက အခုလိုေျပာပါတယ္။

“ဒုကၡသည္ေတြက စားေရးေသာက္တာေတြ အခက္အခဲေတြျဖစ္ေနၾကတယ္။ သူတို႔ရွိသမွ် ဆန္ ဆီ ဆားေလးေတြကလည္း အိမ္မွာရွိတဲ့ဟာေတြကလည္း စစ္တပ္က ယူသြားၿပီဆိုေတာ့ အိမ္လည္း ျပန္ကပ္လို႔လည္းမရဘူး။ ကပ္ျပန္ရင္လည္း အိမ္မွာ စားစရာမရွိ သူမ်ားေပးတာေလးနဲ႔ စားေနၾကရတာ။ အကုန္လံုးကို စားေရးေသာက္ တာ အခက္အခဲျဖစ္ေနတာ။ လူဦးေရနဲ႔ဆို ၄ ေထာင္ေက်ာ္ေလာက္ရွိမယ္။ စားဝတ္ေနေရး အဆင္ေျပေအာင္ကေတာ့ ေတာထဲမွာလာၿပီးလွဴတဲ့ဟာေလးေတြနဲ႔ပဲ စားေသာက္ေနၾကရတာ။ ညကဆို မိုးကက်ေတာ့ မိုးေတြကမလံု တညလံုးပဲ မအိပ္ဘဲ အလင္းထိေအာင္ ထိုင္ေနၾကရတာ။”

ေက်ာ္ရြာမွာ စစ္ေကာင္စီတပ္ေတြ တပ္စြဲထားတဲ့အတြက္ အနီးပတ္ဝန္းက်င္က ကုန္းေမာ္ ၊ ရန္ကင္း ၊ ပ်ားသံုး ၊ ေတာင္ကုန္း ၊ မဲမယ္ အပါအ၀င္ ေက်းရြာ ၁၅ ရြာနီးပါးက ေဒသခံေတြက ထြက္ေျပးတိမ္းေရွာင္ေနရတာပါ။ ေက်ာ္ရြာမွာ တပ္စြဲထားတဲ့ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြၾကားမွာလည္း မတ္လ ၂၃ ရက္နဲ႔ မတ္လ ၂၇ ရက္ တနဂၤေႏြေန႔တို႔မွာ တိုက္ပြဲေတြရွိခဲ့ပါတယ္။ ၂ ဖက္ အက်အဆံုးရွိတဲ့အထိ တိုက္ပြဲျပင္းထန္တယ္လို႔ ျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြဘက္က သတင္းထုတ္ျပန္ထားပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ အဲဒီဘက္ကအေျခအေနအေၾကာင္း သတင္းထုတ္ျပန္တာေတာ့မရွိေသးပါဘူး။

စစ္ကိုင္းတိုင္းက စစ္ကိုင္း၊ မံု႐ြာ ေ႐ႊဘုိနဲ႔ ကေလးၿမိဳ႕ႀကီး ၄ ၿမိဳ႕ကလြဲၿပီး စစ္ကိုင္းတိုင္းထဲက က်န္တဲ့ ေဒသေတြအားလံုးမွာ မတ္လ အေစာပိုင္းထဲကစၿပီး စစ္ေကာင္စီက အင္တာနက္ေတြလိုင္းေတြ ျဖတ္ေတာက္ထားပါတယ္။ အင္တာနက္ျဖတ္ခံထားရတ့ဲ နယ္ေျမေတြမွာ စစ္တပ္ရဲ႕ နယ္ေျမ႐ွင္းလင္းမႈေတြေၾကာင့္ ဒီပဲယင္းၿမိဳ႕နယ္ထဲက ဒုကၡသည္ေတြမွာလည္း အရင္ကထက္ ပိုၿပီး အခက္ေတြ႕လာတယ္လို႔ ဒုကၡသည္ေတြကို ကူညီေပးေနသူ တဦးက အခုလိုေျပာပါတယ္။

“အရင္တုန္းက လမ္းေလးေတြ သြားလို႔ရေသးတာေပါ့ေနာ္။ ၿမိဳ႕လို႔ဟာမ်ိဳး ေစ်းဝယ္လို႔ရတယ္။ သြားေရးလာေရးေပါ့။ အခုက သြားေရးလာေရး အဆင္မေျပေတာ့ဘူး။ အဖမ္းအဆီးေတြ မ်ားလာတယ္။ အင္တာနက္ေတြျဖတ္ေတာက္ထားတာ ျဖစ္တဲ့အတြက္ သတင္းမရဘူး။ အစစ္အေဆးေတြၾကမ္းလာတယ္။ လူေတြက သြားလုိ႔လာလို႔ မရေတာ့ဘဲ ကိုယ့္ေနရာမွာပဲ ကိုယ္ေနၿပီးေတာ့ အလုပ္အကိုင္လည္း အဆင္မေျပေတာ့သလို ဝင္ေငြလည္းရွားပါးလာၿပီး ေငြစီးဆင္းမႈမရွိေတာ့ဘူး။ ပိုၿပီး ၾကပ္သထက္ ၾကပ္လာတာေပါ့။”

ၿမိဳ႕ေပၚမွာ ေစ်းတက္ဝယ္တဲ့ ေဒသခံေတြကို ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြထံ ေထာက္ပံ့ေပးတယ္ဆိုၿပီး ဖမ္းဆီးတာေတြရွိတယ္လို႔ ေဒသခံေတြက ေျပာေပမယ့္ ဒါကိုေတာ့ သီးျခား အတည္မျပဳႏိုင္ပါဘူး။ ဒီပဲယင္းၿမိဳ႕နယ္ထဲမွာ စစ္ေကာင္စီတပ္ေတြရဲ႕ စစ္ေရးလႈပ္႐ွားမႈေတြေၾကာင့္ အုိးအိမ္စြန္႔ ထြက္ေျပးေနၾကရသူေတြ ေသာင္းနဲ႔ခ်ီရွိၿပီး အျခား နီးစပ္ရာ ၿမိဳ႕နယ္ေတြကပါ လာေရာက္ စစ္ေဘးေရွာင္သူေတြ ရွိပါတယ္။ ကုလသမဂၢ လူသားခ်င္း စာနာမႈဆိုင္ရာ ညွိႏိႈင္းေရးရံုး (OCHA) ရဲ႕ မတ္ ၂၂ ရက္က ထုတ္ျပန္ခ်က္အရ စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း အၾကမ္းဖက္ေတြေၾကာင့္ ျမန္မာႏိုင္ငံ တဝွမ္းလံုးမွာထြက္ေျပးေနရသူ ၅ သိန္းေက်ာ္႐ွိၿပီး ခ်င္းျပည္နယ္၊ စစ္ကိုင္းတိုင္းနဲ႔ မေကြးတိုင္းတို႔မွာ ေနရပ္စြန္႔ခြါထြက္ေျပးသူ ၂ သိန္း ၇ ေသာင္းေက်ာ္ (၂ ၇၂,၉၀၀) ရွိတယ္လို႔ ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Zawgyi/Unicode]]


မင်းကင်းနဲ့ ဒီပဲယင်း စစ်ပြေးဒုက္ခသည်များ စားရေးနေရေးပိုခက်လာ

စစ်ကိုင်းတိုင်းထဲမှာ တိုက်ပွဲတွေဆက်ရှိနေတဲ့ မင်းကင်းမြို့နယ် တောင်တွင်းချောင်ဒေသမှာ အိုးအိမ်ပစ် ထွက်ပြေးနေကြရသူတွေ ရက်ကြာလာတာနဲ့အမျှ နေရေး စားရေး ပိုပြီးခက်ခဲနေကြပါတယ်။ စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းနေတဲ့ ဒီပဲယင်း မြို့နယ်ထဲမှာလည်း အင်တာနက်ဆက်သွယ်မှုတွေ ပြတ်တောက်နေလို့ ပြည်တွင်း ဒုက္ခသည်တွေ အရင်ကထက် ပိုပြီးအခက်တွေ့နေပါတယ်။ စစ်ကိုင်းတိုင်းထဲက ပြည်သူ ထောင်နဲ့ချီ ဒုက္ခတွေ့နေတဲ့ အခြေအနေအကြောင်း ရန်ကုန်က ပေးပို့လာတဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။


စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် မုံရွာ - ယာကြီး - ကလေးဝ ကားလမ်းဘေးက တောင်တွင်းချောင်ဒေသမှာ မတ်လ ၁၇ ရက်နေ့ထဲက စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းပြီး တောင်တွင်းချောင်ဒေသထဲက ကျော်ရွာမှာတပ်စွဲထားပါတယ်။ အဲဒါကြောင့် ကျော်ရွာနဲ့ ဆက်နေတဲ့ ရွာပေါင်း ၁၅ ရွာလောက်က ပြည်သူ ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။ စုစုပေါင်း ရွာသား ၄ ထောင်လောက် အိုးအိမ်းစွန့် ထွက်ပြေးနေကြရတာ ၁၀ ရက်ကျော်လာပြီဖြစ်တဲ့အတွက် စားရေး နေရေး ခက်ခဲနေကြတယ်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“ဒုက္ခသည်တွေက စားရေးသောက်တာတွေ အခက်အခဲတွေဖြစ်နေကြတယ်။ သူတို့ရှိသမျှ ဆန် ဆီ ဆားလေးတွေကလည်း အိမ်မှာရှိတဲ့ဟာတွေကလည်း စစ်တပ်က ယူသွားပြီဆိုတော့ အိမ်လည်း ပြန်ကပ်လို့လည်းမရဘူး။ ကပ်ပြန်ရင်လည်း အိမ်မှာ စားစရာမရှိ သူများပေးတာလေးနဲ့ စားနေကြရတာ။ အကုန်လုံးကို စားရေးသောက် တာ အခက်အခဲဖြစ်နေတာ။ လူဦးရေနဲ့ဆို ၄ ထောင်ကျော်လောက်ရှိမယ်။ စားဝတ်နေရေး အဆင်ပြေအောင်ကတော့ တောထဲမှာလာပြီးလှူတဲ့ဟာလေးတွေနဲ့ပဲ စားသောက်နေကြရတာ။ ညကဆို မိုးကကျတော့ မိုးတွေကမလုံ တညလုံးပဲ မအိပ်ဘဲ အလင်းထိအောင် ထိုင်နေကြရတာ။”

ကျော်ရွာမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့အတွက် အနီးပတ်ဝန်းကျင်က ကုန်းမော် ၊ ရန်ကင်း ၊ ပျားသုံး ၊ တောင်ကုန်း ၊ မဲမယ် အပါအဝင် ကျေးရွာ ၁၅ ရွာနီးပါးက ဒေသခံတွေက ထွက်ပြေးတိမ်းရှောင်နေရတာပါ။ ကျော်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေကြားမှာလည်း မတ်လ ၂၃ ရက်နဲ့ မတ်လ ၂၇ ရက် တနင်္ဂနွေနေ့တို့မှာ တိုက်ပွဲတွေရှိခဲ့ပါတယ်။ ၂ ဖက် အကျအဆုံးရှိတဲ့အထိ တိုက်ပွဲပြင်းထန်တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်က သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်ကတော့ အဲဒီဘက်ကအခြေအနေအကြောင်း သတင်းထုတ်ပြန်တာတော့မရှိသေးပါဘူး။

စစ်ကိုင်းတိုင်းက စစ်ကိုင်း၊ မုံရွာ ရွှေဘိုနဲ့ ကလေးမြို့ကြီး ၄ မြို့ကလွဲပြီး စစ်ကိုင်းတိုင်းထဲက ကျန်တဲ့ ဒေသတွေအားလုံးမှာ မတ်လ အစောပိုင်းထဲကစပြီး စစ်ကောင်စီက အင်တာနက်တွေလိုင်းတွေ ဖြတ်တောက်ထားပါတယ်။ အင်တာနက်ဖြတ်ခံထားရတဲ့ နယ်မြေတွေမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် ဒီပဲယင်းမြို့နယ်ထဲက ဒုက္ခသည်တွေမှာလည်း အရင်ကထက် ပိုပြီး အခက်တွေ့လာတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူ တဦးက အခုလိုပြောပါတယ်။

“အရင်တုန်းက လမ်းလေးတွေ သွားလို့ရသေးတာပေါ့နော်။ မြို့လို့ဟာမျိုး ဈေးဝယ်လို့ရတယ်။ သွားရေးလာရေးပေါ့။ အခုက သွားရေးလာရေး အဆင်မပြေတော့ဘူး။ အဖမ်းအဆီးတွေ များလာတယ်။ အင်တာနက်တွေဖြတ်တောက်ထားတာ ဖြစ်တဲ့အတွက် သတင်းမရဘူး။ အစစ်အဆေးတွေကြမ်းလာတယ်။ လူတွေက သွားလို့လာလို့ မရတော့ဘဲ ကိုယ့်နေရာမှာပဲ ကိုယ်နေပြီးတော့ အလုပ်အကိုင်လည်း အဆင်မပြေတော့သလို ဝင်ငွေလည်းရှားပါးလာပြီး ငွေစီးဆင်းမှုမရှိတော့ဘူး။ ပိုပြီး ကြပ်သထက် ကြပ်လာတာပေါ့။”

မြို့ပေါ်မှာ ဈေးတက်ဝယ်တဲ့ ဒေသခံတွေကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေထံ ထောက်ပံ့ပေးတယ်ဆိုပြီး ဖမ်းဆီးတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပေမယ့် ဒါကိုတော့ သီးခြား အတည်မပြုနိုင်ပါဘူး။ ဒီပဲယင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် အိုးအိမ်စွန့် ထွက်ပြေးနေကြရသူတွေ သောင်းနဲ့ချီရှိပြီး အခြား နီးစပ်ရာ မြို့နယ်တွေကပါ လာရောက် စစ်ဘေးရှောင်သူတွေ ရှိပါတယ်။ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ရဲ့ မတ် ၂၂ ရက်က ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်တွေကြောင့် မြန်မာနိုင်ငံ တဝှမ်းလုံးမှာထွက်ပြေးနေရသူ ၅ သိန်းကျော်ရှိပြီး ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ နေရပ်စွန့်ခွါထွက်ပြေးသူ ၂ သိန်း ၇ သောင်းကျော် (၂ ၇၂,၉၀၀) ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

================

XS
SM
MD
LG