သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ကိုင္း ယင္းမာပင္ၿမိဳ႕အနီး တိုက္ပြဲမ်ားေၾကာင့္ ေဒသခံေတြထြက္ေျပးရ


ပစ္ခတ္ ဖမ္းဆီးမႈမွ ေရွာင္တိမ္းေနေသာ ယင္းမာပင္ ရြာသား တခ်ဳိ႕အား ေတာတြင္းမွာ ေတြ႔ရစဥ္ ။ (ယခင္ပံုေဟာင္း)

[[Zawgyi/Unicode]]


စစ္ကိုင္းတိုင္း ယင္းမာပင္ၿမိဳ႕ အေနာက္ဘက္ျခမ္းမွာ စစ္ေကာင္စီတပ္ေတြ စစ္အင္အားတိုးၿပီး စစ္ေရးလႈပ္ရွားေနတဲ့အတြက္ ေက်း႐ြာေတာ္ေတာ္မ်ားမ်ားက ေဒသခံေတြ ထြက္ေျပးတိမ္းေရွာင္ေနၾကပါတယ္။ ေဖေဖာ္ဝါရီ ၁၄ ရက္ တနလၤာေန႔ညက စစ္တပ္နဲ႔ ေဒသခံျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြၾကား ယင္းမာမင္ၿမိဳ႕နားတဝိုက္ ပစ္ခတ္တိုက္မႈေတြျဖစ္ခဲ့ၿပီးေနာက္ ဒီေန႔မွာ ခုလိုစစ္ေကာင္စီတပ္ေတြဘက္က စစ္ေၾကာင္းေတြအားျဖည့္လာတာျဖစ္ပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့သတင္းကို မဆုမြန္က တင္ျပေပးထားပါတယ္။

စစ္ကိုင္းတိုင္း ပုလဲၿမိဳ႕နယ္ကေန ေဖေဖာ္ဝါရီ ၁၅ ရက္ ဒီေန႔အေစာပိုင္းမွာ စစ္ေၾကာင္းခ်ီလာတဲ့ စစ္ေကာင္စီတပ္ေတြဟာ ယင္းမာပင္ၿမိဳ႕နယ္အေနာက္ဘက္ ပုပၸားေက်း႐ြာနားမွာ စခန္းခ်ေနတဲ့အတြက္ အနီးအနား ေက်း႐ြာေတြကျပည္သူေတြ ေဘးလြတ္ရာ ေျပးေနၾကပါတယ္။ ေတာေတြထဲမွာ ပုန္းခိုေနၾကရတယ္လို႔ စစ္ေဘးဒုကၡသည္ေတြကို ကူညီေပးသူတဦးက ေျပာပါတယ္။

“ဒီေန႔မွာ ေျပးရတာကေတာ့ ရွိတယ္ဗ်။ အခုဆိုရင္ စစ္ေၾကာင္းတေၾကာင္းက ပုလဲနယ္ ကေနၿပီးေတာ့ ဒီဘက္ ယင္းမာပင္ဘက္ကို စစ္ေၾကာင္းတေၾကာင္းထပ္ထိုးတာရွိတယ္ဗ်။ ထိုးေတာ့က်ေတာ့ အေနာက္ဘက္ျခမ္းမွာလည္း ႐ြာေတာ္ေတာ္မ်ားမ်ားေတာ့ ေျပးေနရၿပီ။ ဒီေန႔၊ ဒီေန႔ ထြက္ေျပးရတယ္ဗ်။ ႐ြာေတြက ေတာ္ေတာ္မ်ားမ်ားေျပးလာက်ေတာ့ သူတို႔ ေတာေတြထဲမွာ ရွိရတယ္။ ေတာေတြထဲမွာ တခ်ိဳ႕ဆို လွည္းႏြားရွိလို႔ လွည္းႏြားေလးေတြနဲ႔၊ အခုေဆာင္းရာသီဆိုေတာ့ ေတာ္ေတာ္အခက္အခဲေတာ့ ရွိတယ္ေပါ့။ မီးလည္း မဖိုရဲ။ ရွိတဲ့၊ ပါလာတဲ့ ေစာင္ေလးေတြနဲ႔ပဲ ေလာက္ငွေအာင္ ၿခဳံရတာမ်ိဳးေလးရွိတာေပါ့။ တခ်ိဳ႕ကေတာ့လည္း မပါတဲ့လူလည္း ရွိတာေပါ့ဗ်ာ။”

ေဖေဖာ္ဝါရီ ၁၄ ရက္ တနလၤာေန႔ည ၉ နာရီေလာက္မွာ ယင္းမာပင္ၿမိဳ႕အနီးဝန္းက်င္က စစ္ေကာင္စီတပ္စြဲထားတဲ့ေနရာကို ေဒသခံကာကြယ္ေရးအဖြဲ႕က ဝင္ေရာက္တိုက္ခိုက္ခဲ့လို႔ ၄ နာရီေလာက္ၾကာေအာင္ အျပန္အလွန္ ပစ္ခတ္ခဲ့ၾကတယ္လို႔ ယင္းမာပင္က ေျမာက္ယမားျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ကိုခန႔္က ေျပာပါတယ္။

“မေန႔ညက တိုက္ပြဲျဖစ္တာက ၉ နာရီေလာက္ကေနၿပီးေတာ့ ၁ နာရီေက်ာ္အထိေတာင္ေပါ့ေနာ္။ ထိေတြ႕တိုက္ပြဲမႈေတြျဖစ္ခဲ့တာရွိပါတယ္။”

ယင္းမာပင္ၿမိဳ႕တဝိုက္မွာ တိုက္ပြဲငယ္ေတြ ေန႔တိုင္းလိုလို ျဖစ္ပြားေနတာ ၃ ရက္ရွိၿပီလို႔ စစ္ေဘးေရွာင္ဒုကၡသည္ေတြကို ကူညီေပးေနတဲ့ သံဃာတပါးက မိန႔္ၾကားပါတယ္။ ဒါေၾကာင့္ ၿမိဳ႕ေပၚက ေဒသခံအေတာ္မ်ားမ်ားကလည္း ေဘးလြတ္ရာ ပတ္ဝန္းက်င္ေက်း ႐ြာနဲ႔ ေတာေတာင္ထဲမွာ ပုန္းေရွာင္ေနၾကရတာလို႔ မိန႔္ပါတယ္။

“ညတိုင္းရွိတယ္။ ၃ ရက္ေလာက္ရွိၿပီ။ ေဒသခံေတြက ၿမိဳ႕ေပၚကေပါ့ေနာ္။ ၿမိဳ႕ေပၚမွာ ရွိတဲ့ လူေတြကေတာ့ မ်ားေသာအားျဖင့္ ကိုယ့္အိမ္ယာေတြကို စြန႔္ၿပီးေတာ့ ထြက္ခြာသြားတာမ်ိဳးေတြ ရွိတယ္။”

အခုရက္ပိုင္းေတြအတြင္း ယင္းမာပင္ၿမိဳ႕အတြင္းမွာ စစ္ေကာင္စီတပ္ေတြ လႈပ္ရွားသြားလာမႈေတြ မ်ားေနတာေၾကာင့္ ေဒသခံျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြနဲ႔ ပိုၿပီးေတာ့ ပစ္ခတ္တိုက္ခိုက္ေနၾကတယ္လို႔ စစ္ေဘးဒုကၡသည္ေတြကို ကူညီေပးသူက ေျပာဆိုပါတယ္။

“ေလာေလာဆယ္ေတာ့ တၿမိဳ႕လုံးေပါ့။ နီးစပ္ရာ႐ြာေတြကို ထပ္ၿပီး စစ္ေဘးေရွာင္ေနတာေတာ့ ရွိတယ္ဗ်။ အခုေလာေလာဆယ္က ၿမိဳ႕ထဲမွာက်ေတာ့ စစ္ေကာင္စီက ေကာင္ေတြက ၿမိဳ႕ထဲမွာ ေနၿပီးေတာ့ ျပည္သူေတြကို လိုက္ဖမ္းတယ္။ ပစၥည္းေတြကို ခိုးတယ္။ လုတယ္။ အဲ့မွာ ျပည္သူေတြက မေနရဲေတာ့မို႔ ေဘးလြတ္ရာကို ေရွာင္ေျပးလာတာ ေလာေလာဆယ္ အေျခအေနက ေဒသခံ PDF ေတြကေတာ့ အဲ့ဒါကိုေတာ့ မခံခ်င္ဘူးေပါ့။ ဒီ သူတို႔နီးစပ္ရာ ရဲစခန္းတို႔ သူတို႔တပ္စြဲထားတဲ့ ေနရာေတြကိုေတာ့ ေဒသခံ PDF ေတြကေတာ့ လက္နက္ႀကီးနဲ႔ လွမ္းပစ္မ်ိဳးေတာ့ ရွိတာေပါ့။”

စစ္ကိုင္းတိုင္း ယင္းမာပင္နယ္ထဲမွာ စစ္အာဏာသိမ္းမႈျဖစ္ၿပီးေနာက္ပိုင္း ေဒသခံေတြက လက္နက္စြဲကိုင္တိုက္ခိုက္မႈေတြ ၂၀၂၁ ခုႏွစ္ မတ္လထဲက စတင္လုပ္လာတာျဖစ္ပါတယ္။ စစ္ေရးလႈပ္ရွားမႈေတြေၾကာင့္ ေဒသခံေတြ ေဘးလြတ္ရာ ထြက္ေျပးေနၾကရၿပီး ယင္းမာပင္ၿမိဳ႕နယ္အတြင္း ေသာင္းနဲ႔ ခ်ီတဲ့ ေဒသခံေတြ နီးစပ္ရာ ေက်း႐ြာဘုန္း ႀကီးေက်ာင္းနဲ႔ ေတာင္ေတာေတြထဲမွာ ခိုလႈံေနၾကရပါတယ္။ စစ္ေဘးဒုကၡသည္ေတြအတြက္ ေဆးဝါး၊ အစားအေသာက္နဲ႔ အဝတ္အထည္၊ ေစာင္အကူအညီေတြ အလြန္အမင္းလိုအပ္ေနတယ္လို႔ ဒုကၡသည္ အကူအညီေပးသူေတြက ေျပာဆိုၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

စစ်ကိုင်း ယင်းမာပင်မြို့အနီး တိုက်ပွဲများကြောင့် ဒေသခံတွေထွက်ပြေးရ


စစ်ကိုင်းတိုင်း ယင်းမာပင်မြို့ အနောက်ဘက်ခြမ်းမှာ စစ်ကောင်စီတပ်တွေ စစ်အင်အားတိုးပြီး စစ်ရေးလှုပ်ရှားနေတဲ့အတွက် ကျေးရွာတော်တော်များများက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက် တနင်္လာနေ့ညက စစ်တပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား ယင်းမာမင်မြို့နားတဝိုက် ပစ်ခတ်တိုက်မှုတွေဖြစ်ခဲ့ပြီးနောက် ဒီနေ့မှာ ခုလိုစစ်ကောင်စီတပ်တွေဘက်က စစ်ကြောင်းတွေအားဖြည့်လာတာဖြစ်ပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ကနေ ဖေဖော်ဝါရီ ၁၅ ရက် ဒီနေ့အစောပိုင်းမှာ စစ်ကြောင်းချီလာတဲ့ စစ်ကောင်စီတပ်တွေဟာ ယင်းမာပင်မြို့နယ်အနောက်ဘက် ပုပ္ပားကျေးရွာနားမှာ စခန်းချနေတဲ့အတွက် အနီးအနား ကျေးရွာတွေကပြည်သူတွေ ဘေးလွတ်ရာ ပြေးနေကြပါတယ်။ တောတွေထဲမှာ ပုန်းခိုနေကြရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးသူတဦးက ပြောပါတယ်။

“ဒီနေ့မှာ ပြေးရတာကတော့ ရှိတယ်ဗျ။ အခုဆိုရင် စစ်ကြောင်းတကြောင်းက ပုလဲနယ် ကနေပြီးတော့ ဒီဘက် ယင်းမာပင်ဘက်ကို စစ်ကြောင်းတကြောင်းထပ်ထိုးတာရှိတယ်ဗျ။ ထိုးတော့ကျတော့ အနောက်ဘက်ခြမ်းမှာလည်း ရွာတော်တော်များများတော့ ပြေးနေရပြီ။ ဒီနေ့၊ ဒီနေ့ ထွက်ပြေးရတယ်ဗျ။ ရွာတွေက တော်တော်များများပြေးလာကျတော့ သူတို့ တောတွေထဲမှာ ရှိရတယ်။ တောတွေထဲမှာ တချို့ဆို လှည်းနွားရှိလို့ လှည်းနွားလေးတွေနဲ့၊ အခုဆောင်းရာသီဆိုတော့ တော်တော်အခက်အခဲတော့ ရှိတယ်ပေါ့။ မီးလည်း မဖိုရဲ။ ရှိတဲ့၊ ပါလာတဲ့ စောင်လေးတွေနဲ့ပဲ လောက်ငှအောင် ခြုံရတာမျိုးလေးရှိတာပေါ့။ တချို့ကတော့လည်း မပါတဲ့လူလည်း ရှိတာပေါ့ဗျာ။”

ဖေဖော်ဝါရီ ၁၄ ရက် တနင်္လာနေ့ည ၉ နာရီလောက်မှာ ယင်းမာပင်မြို့အနီးဝန်းကျင်က စစ်ကောင်စီတပ်စွဲထားတဲ့နေရာကို ဒေသခံကာကွယ်ရေးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ၄ နာရီလောက်ကြာအောင် အပြန်အလှန် ပစ်ခတ်ခဲ့ကြတယ်လို့ ယင်းမာပင်က မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုခန့်က ပြောပါတယ်။

“မနေ့ညက တိုက်ပွဲဖြစ်တာက ၉ နာရီလောက်ကနေပြီးတော့ ၁ နာရီကျော်အထိတောင်ပေါ့နော်။ ထိတွေ့တိုက်ပွဲမှုတွေဖြစ်ခဲ့တာရှိပါတယ်။”

ယင်းမာပင်မြို့တဝိုက်မှာ တိုက်ပွဲငယ်တွေ နေ့တိုင်းလိုလို ဖြစ်ပွားနေတာ ၃ ရက်ရှိပြီလို့ စစ်ဘေးရှောင်ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ သံဃာတပါးက မိန့်ကြားပါတယ်။ ဒါကြောင့် မြို့ပေါ်က ဒေသခံအတော်များများကလည်း ဘေးလွတ်ရာ ပတ်ဝန်းကျင်ကျေး ရွာနဲ့ တောတောင်ထဲမှာ ပုန်းရှောင်နေကြရတာလို့ မိန့်ပါတယ်။

“ညတိုင်းရှိတယ်။ ၃ ရက်လောက်ရှိပြီ။ ဒေသခံတွေက မြို့ပေါ်ကပေါ့နော်။ မြို့ပေါ်မှာ ရှိတဲ့ လူတွေကတော့ များသောအားဖြင့် ကိုယ့်အိမ်ယာတွေကို စွန့်ပြီးတော့ ထွက်ခွာသွားတာမျိုးတွေ ရှိတယ်။”

အခုရက်ပိုင်းတွေအတွင်း ယင်းမာပင်မြို့အတွင်းမှာ စစ်ကောင်စီတပ်တွေ လှုပ်ရှားသွားလာမှုတွေ များနေတာကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ပိုပြီးတော့ ပစ်ခတ်တိုက်ခိုက်နေကြတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးသူက ပြောဆိုပါတယ်။

“လောလောဆယ်တော့ တမြို့လုံးပေါ့။ နီးစပ်ရာရွာတွေကို ထပ်ပြီး စစ်ဘေးရှောင်နေတာတော့ ရှိတယ်ဗျ။ အခုလောလောဆယ်က မြို့ထဲမှာကျတော့ စစ်ကောင်စီက ကောင်တွေက မြို့ထဲမှာ နေပြီးတော့ ပြည်သူတွေကို လိုက်ဖမ်းတယ်။ ပစ္စည်းတွေကို ခိုးတယ်။ လုတယ်။ အဲ့မှာ ပြည်သူတွေက မနေရဲတော့မို့ ဘေးလွတ်ရာကို ရှောင်ပြေးလာတာ လောလောဆယ် အခြေအနေက ဒေသခံ PDF တွေကတော့ အဲ့ဒါကိုတော့ မခံချင်ဘူးပေါ့။ ဒီ သူတို့နီးစပ်ရာ ရဲစခန်းတို့ သူတို့တပ်စွဲထားတဲ့ နေရာတွေကိုတော့ ဒေသခံ PDF တွေကတော့ လက်နက်ကြီးနဲ့ လှမ်းပစ်မျိုးတော့ ရှိတာပေါ့။”

စစ်ကိုင်းတိုင်း ယင်းမာပင်နယ်ထဲမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း ဒေသခံတွေက လက်နက်စွဲကိုင်တိုက်ခိုက်မှုတွေ ၂၀၂၁ ခုနှစ် မတ်လထဲက စတင်လုပ်လာတာဖြစ်ပါတယ်။ စစ်ရေးလှုပ်ရှားမှုတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရပြီး ယင်းမာပင်မြို့နယ်အတွင်း သောင်းနဲ့ ချီတဲ့ ဒေသခံတွေ နီးစပ်ရာ ကျေးရွာဘုန်း ကြီးကျောင်းနဲ့ တောင်တောတွေထဲမှာ ခိုလှုံနေကြရပါတယ်။ စစ်ဘေးဒုက္ခသည်တွေအတွက် ဆေးဝါး၊ အစားအသောက်နဲ့ အဝတ်အထည်၊ စောင်အကူအညီတွေ အလွန်အမင်းလိုအပ်နေတယ်လို့ ဒုက္ခသည် အကူအညီပေးသူတွေက ပြောဆိုကြပါတယ်။
==========

XS
SM
MD
LG