သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မေကြးနဲ႔စစ္ကိုင္းတိုင္းေက်း႐ြာတခ်ိဳ႕ မီးရႈိ႕ဖ်က္ဆီးခံရ


စစ္ကိုင္းတိုင္း ကနီၿမိဳ႕နယ္က ေက်းရြာတရြာမီးရိႈ႕ခံခဲ့ရစဥ္ / ကနီ (ယခင္ပံုေဟာင္း)

[[Zawgyi/unicode]]


မေကြးတိုင္း ေပါက္ၿမိဳ႕နယ္နဲ႔ဆိပ္ျဖဴၿမိဳ႕နယ္အစပ္မွာ စစ္ေကာင္စီက နယ္ေျမရွင္းလင္းၿပီး ေက်း႐ြာေတြကို မီးရႈိ႕ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ စစ္ကိုင္းတိုင္း ကေလးၿမိဳ႕ေတာင္ပိုင္း နတ္ေခ်ာင္းေက်း႐ြာမွာလည္း စစ္ေကာင္စီက ေနအိမ္ေတြကိုမီးရႈိ႕လို႔ ေနအိမ္ ၁၀၀ ေက်ာ္ မီးေလာင္ကြၽမ္းခဲ့ပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့သတင္းကို နန္းေလာဝ္က တင္ျပေပးထားပါတယ္။

ဧၿပီ ၆ ရက္ေန႔က စစ္ေကာင္စီက လက္နက္ ထုတ္လုပ္ရာမွာ အသံုးျပဳတဲ့ ပစၥည္းေတြကို ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြက သိမ္းယူလိုက္ၿပီးေနာက္ပိုင္း မေကြးတိုင္း ေပါက္ၿမိဳ႕နယ္ေတာင္ပိုင္းမွာ စစ္ေကာင္စီက နယ္ေျမရွင္းလင္းမႈေတြ လုပ္ေနသလုိ ေဒသခံကာကြယ္ေရး တပ္ဖြဲ႔ေတြနဲ႔လည္း တိုက္ပြဲေတြ ျဖစ္ပြားေနပါတယ္။ ဒီကေန႔ ဧၿပီ ၁၁ ရက္မွာလည္း ေပါက္ၿမိဳ႕နယ္နဲ႔ဆိပ္ျဖဴၿမိဳ႕နယ္ၾကားမွာ စစ္ေကာင္စီတပ္ေတြ ၀င္ေရာက္လာတဲ့အတြက္ ေဒသခံကာကြယ္ေရးတပ္ဖြဲ႔ေတြနဲ႔ တိုက္ပြဲေတြျဖစ္ခဲ့တယ္လို႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႔ဝင္တေယာက္က အခုလိုေျပာပါတယ္။

“တိုုက္ပြဲအေျခအေနက လက္ရွိ ၁၀ မိနစ္ေလာက္ ရင္ဆိုင္ပြဲေတြျဖစ္လိုက္တယ္။ က်ေနာ္တို႔လည္း ရင္ဆိုင္ဖို႔ လက္နက္ခဲယမ္းနည္းနည္း နည္းလို႔ အေနာက္ကို ျပန္ဆုတ္လိုက္ရတယ္။ ေတာင္ဘက္က စစ္ေၾကာင္းနဲ႔ ေျမာက္ဘက္က စစ္ေၾကာင္းေမႊတာေပါ့။ ေတာင္ဘက္ဆိုတာ ပုသိမ္-မံုရြာလမ္းဘက္က လာတဲ့စစ္ေၾကာင္းက တေၾကာင္း၊ ေျမာက္ဘက္ တပ္ကုန္းတင္ေတာင္ဘက္ကေန ဝင္တာက တေၾကာင္း ၂ ေၾကာင္းခြဲၿပီးမွ ထိုးတာေပါ့။”

ဒီေန႔ မနက္ပိုင္းတုန္းကေတာ့ စစ္ေကာင္စီတပ္ေတြဟာ ဆိပ္ျဖဴၿမိဳ႕ နယ္နိမိတ္အဆံုးျဖစ္တဲ့ ရွင္လွေက်းရြာကို မီးရိႈ႕ခဲ့တယ္လို႔ ေဒသခံေတြကေျပာျပပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ေပါက္ၿမိဳ႕နယ္ထဲက ေတာင္ ခ်ိဳေက်းရြာကို ဝင္ေရာက္လာၿပီး ေနအိမ္ေတြကို မီးရိႈ႕ခဲ့တယ္လို႔ ေဒသခံတဦးက အခုလိုေျပာပါတယ္။

“မနက္ ၇ နာရီ ၃၂ မိနစ္မွာ ရြာဘက္ကို တက္သြားတယ္။ က်ေနာ္တို႔ရြာမွာ။ မီးေတာက္ေတြက ၈ နာရီ ၁၂ မိနစ္ေလာက္မွာ မီးေတာက္ေတြတက္လာတာ။ ေပါက္ၿမိဳ႕နယ္နဲ႔ဆိပ္ျဖဴၿမိဳ႕နယ္က ေတာင္ဘက္ ေျမာက္ဘက္။ ေတာင္ဘက္က ရွင္လွ။ က်ေနာ္တို႔က ေတာင္ခ်ိဳ။ အဲ့ဒီ ရွင္လွဘက္ကေန လွည့္၀င္လာတာ။ ရွင္လွနဲ႔ေတာင္ခ်ိဳက သူတို႔လာတဲ့လမ္းေၾကာတည့္တည့္ အကုန္ရိႈ႕ခဲ့တာ။ တိုက္ပြဲက မျဖစ္ဘူး။ က်ေနာ္တို႔နားမွာ တိုက္ပြဲျဖစ္တာ တခုမွမရွိဘူး။”

စစ္ေကာင္စီက ေနအိမ္ေတြမီးရိႈ႕တာေၾကာင့္ ေတာင္ခ်ိဳရြာက ေနအိမ္ ၁၇ လံုးမီးေလာင္ကြ်မ္းသြားၿပီး ရွင္ လွရြာလည္း ေနအိမ္ အလံုး ၂၀ နီးပါး မီးေလာင္ကြ်မ္းသြားပါတယ္။ ဒါ့အျပင္ ေန႔လယ္ပိုင္းမွာ ေတာင္ခ်ိဳေက်းရြာနဲ႔ ၂ မိုင္ခန္႔သာကြာေဝးတဲ့ ဘို႔မယ္ရြာနဲ႔အင္းငယ္ေဒါင့္ရြာကိုလည္း စစ္ေကာင္ကမီးရိႈ႕လို႔ ေနအိမ္ေတြမီးေလာင္ကြ်မ္းတာရွိတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ဒီအေျခအေနနဲ႔ပတ္သက္လို႔ စစ္ေကာင္စီက သတင္းထုတ္ျပန္တာမရွိေသးပါဘူး။ မေကြးတိုင္း ေပါက္ၿမိဳ႕နယ္ သမားေတာ္ေက်း႐ြာ အေနာက္ဘက္မွာေတာ့ ျမန္မာ့ေရနံနဲ႔ သဘာဝဓါတ္ေငြ႔ လုပ္ငန္းပိုင္ ေရေမာင္းႏွင္ပို႔ေပးတဲ့ ပန္႔စက္႐ံုကို PDF ေတြက လက္လုပ္မိုင္းနဲ႔ေဖာက္ခြဲဖ်က္စီးခဲ့တာကိုေတာ့ စစ္ေကာင္စီက သတင္းထုတ္ျပန္ထားပါတယ္။

မေကြးတုိင္နဲ႔ကပ္လ်က္ စစ္ကိုင္းတိုင္းထဲက ကေလးၿမိဳ႕ေတာင္ပိုင္း နတ္ေခ်ာင္းေက်းရြာမွာလည္း ဒီကေန႔ ဧၿပီ ၁၁ ရက္မွာ စစ္ေကာင္စီက ေနအိမ္ေတြကို မီးရိႈ႕တဲ့အတြက္ ေနအိမ္ ၁၅၀ နီးပါး မီးေလာင္ကြ်မ္းခဲ့တယ္လို႔ ေဒသခံတဦးက အခုလိုေျပာပါတယ္။

“ေနအိမ္က အခုထိေတာ့ စာရင္းေကာက္တုန္းဗ်။ စစ္ေၾကာင္းကလည္း ရြာနဲ႔သိပ္ၿပီး လြတ္လြတ္ကင္းကင္း မဟုတ္ေသးေတာ့ အခုမွပဲ ဝင္ၾကစစ္ၾကတုန္းဗ်။ ခန္႔မွန္းကေတာ့ ၁၀၀ နဲ႔ ၁၅၀ အတြင္းမွာ ေလာင္တယ္လို႔ ခန္႔မွန္းပါတယ္။ သူတုိ႔က မေန႔ကတည္းက၊ လြန္ခဲ့တဲ့ ရက္သတၱပတ္ထဲက ေတာင္ပိုင္း ဂန္႔ေဂါ နယ္စပ္ကေနၿပီး ကေလးၿမိဳ႕ဘက္ကို စစ္ေၾကာင္းျပန္ၿပီးဆုတ္လာတာေပါ့ဗ်ာ။ အဲ့စစ္ေၾကာင္းက အရင္တုန္းက ကေလးကေန သြားထားတဲ့ စစ္ေၾကာင္းဗ်။ က်ေနာ္တုိ႔ရြာနားေရာက္တာ။ မေန႔ညေနက စေရာက္တယ္။ ထိေတြ႕မႈတခ်ိဳ႕ရွိတယ္။ အဲ့မွာသူတို႔က မေန႔ညေနကစၿပီး ရြာကို မီးရိႈ႕တယ္။”

စစ္ေကာင္စီက နတ္ေခ်ာင္းရြာကို မီးရိႈ႕တာ ဒီတႀကိမ္ဟာ ၃ ႀကိမ္ေျမာက္ျဖစ္ပါတယ္။ ပထမအႀကိမ္တုန္းက ေနအိမ္ အလံုး ၃၀ ေက်ာ္နဲ႔ ဒုတိအႀကိမ္မွာေတာ့ ေနအိမ္ ၇၀ ေက်ာ္နီးပါး မီးေလာင္ကြ်မ္းခဲ့သလို အခုတႀကိမ္က အမ်ားဆံုးမီးေလာင္ကြ်မ္းတာလည္းျဖစ္ပါတယ္။

ကေလးၿမိဳ႕ေတာင္ပိုင္းက နတ္ေခ်ာင္း-နတ္ေျမာင္း-ေခ်ာင္းဂြ ေက်းရြာကို စစ္ေကာင္စီတပ္ေတြ မၾကာခဏဆိုသလို နယ္ေျမရွင္းလင္းတာေတြလုုပ္ၿပီး ေဒသခံကာကြယ္ေရးအဖြဲ႕ေတြနဲ႔ ထိေတြ႔တိုက္ပြဲေတြလည္း ျဖစ္ပါတယ္။

စစ္ေကာင္စီတပ္ေတြ မၾကာခဏ နယ္ေျမရွင္းလင္းတာေတြလုပ္လို႔ ေဒသခံေတြဟာ ေနရပ္ေတြကို စြန္႔ခြါၿပီး ေဘးလြတ္ရာ ေက်းရြာေတြနဲ႔ ကေလးၿမိဳ႕ေပၚကို ေျပာင္းေရြ႕ေနထိုင္ၾကတဲ့အတြက္ ေက်းရြာသား အနည္းငယ္သာ ရြာမွာရွိေတာ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[unicode]]

မကွေးနဲ့စစ်ကိုင်းတိုင်းကျေးရွာတချို့ မီးရှို့ဖျက်ဆီးခံရ


မကွေးတိုင်း ပေါက်မြို့နယ်နဲ့ဆိပ်ဖြူမြို့နယ်အစပ်မှာ စစ်ကောင်စီက နယ်မြေရှင်းလင်းပြီး ကျေးရွာတွေကို မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်း နတ်ချောင်းကျေးရွာမှာလည်း စစ်ကောင်စီက နေအိမ်တွေကိုမီးရှို့လို့ နေအိမ် ၁၀၀ ကျော် မီးလောင်ကျွမ်းခဲ့ပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့သတင်းကို နန်းလောဝ်က တင်ပြပေးထားပါတယ်။

ဧပြီ ၆ ရက်နေ့က စစ်ကောင်စီက လက်နက် ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းယူလိုက်ပြီးနောက်ပိုင်း မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီက နယ်မြေရှင်းလင်းမှုတွေ လုပ်နေသလို ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ဒီကနေ့ ဧပြီ ၁၁ ရက်မှာလည်း ပေါက်မြို့နယ်နဲ့ဆိပ်ဖြူမြို့နယ်ကြားမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတဲ့အတွက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က အခုလိုပြောပါတယ်။

“တိုက်ပွဲအခြေအနေက လက်ရှိ ၁၀ မိနစ်လောက် ရင်ဆိုင်ပွဲတွေဖြစ်လိုက်တယ်။ ကျနော်တို့လည်း ရင်ဆိုင်ဖို့ လက်နက်ခဲယမ်းနည်းနည်း နည်းလို့ အနောက်ကို ပြန်ဆုတ်လိုက်ရတယ်။ တောင်ဘက်က စစ်ကြောင်းနဲ့ မြောက်ဘက်က စစ်ကြောင်းမွှေတာပေါ့။ တောင်ဘက်ဆိုတာ ပုသိမ်-မုံရွာလမ်းဘက်က လာတဲ့စစ်ကြောင်းက တကြောင်း၊ မြောက်ဘက် တပ်ကုန်းတင်တောင်ဘက်ကနေ ဝင်တာက တကြောင်း ၂ ကြောင်းခွဲပြီးမှ ထိုးတာပေါ့။”

ဒီနေ့ မနက်ပိုင်းတုန်းကတော့ စစ်ကောင်စီတပ်တွေဟာ ဆိပ်ဖြူမြို့ နယ်နိမိတ်အဆုံးဖြစ်တဲ့ ရှင်လှကျေးရွာကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေကပြောပြပါတယ်။ အဲ့ဒီနောက်မှာတော့ ပေါက်မြို့နယ်ထဲက တောင် ချိုကျေးရွာကို ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“မနက် ၇ နာရီ ၃၂ မိနစ်မှာ ရွာဘက်ကို တက်သွားတယ်။ ကျနော်တို့ရွာမှာ။ မီးတောက်တွေက ၈ နာရီ ၁၂ မိနစ်လောက်မှာ မီးတောက်တွေတက်လာတာ။ ပေါက်မြို့နယ်နဲ့ဆိပ်ဖြူမြို့နယ်က တောင်ဘက် မြောက်ဘက်။ တောင်ဘက်က ရှင်လှ။ ကျနော်တို့က တောင်ချို။ အဲ့ဒီ ရှင်လှဘက်ကနေ လှည့်ဝင်လာတာ။ ရှင်လှနဲ့တောင်ချိုက သူတို့လာတဲ့လမ်းကြောတည့်တည့် အကုန်ရှို့ခဲ့တာ။ တိုက်ပွဲက မဖြစ်ဘူး။ ကျနော်တို့နားမှာ တိုက်ပွဲဖြစ်တာ တခုမှမရှိဘူး။”

စစ်ကောင်စီက နေအိမ်တွေမီးရှို့တာကြောင့် တောင်ချိုရွာက နေအိမ် ၁၇ လုံးမီးလောင်ကျွမ်းသွားပြီး ရှင် လှရွာလည်း နေအိမ် အလုံး ၂၀ နီးပါး မီးလောင်ကျွမ်းသွားပါတယ်။ ဒါ့အပြင် နေ့လယ်ပိုင်းမှာ တောင်ချိုကျေးရွာနဲ့ ၂ မိုင်ခန့်သာကွာဝေးတဲ့ ဘို့မယ်ရွာနဲ့အင်းငယ်ဒေါင့်ရွာကိုလည်း စစ်ကောင်ကမီးရှို့လို့ နေအိမ်တွေမီးလောင်ကျွမ်းတာရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ မကွေးတိုင်း ပေါက်မြို့နယ် သမားတော်ကျေးရွာ အနောက်ဘက်မှာတော့ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့ လုပ်ငန်းပိုင် ရေမောင်းနှင်ပို့ပေးတဲ့ ပန့်စက်ရုံကို PDF တွေက လက်လုပ်မိုင်းနဲ့ဖောက်ခွဲဖျက်စီးခဲ့တာကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

မကွေးတိုင်နဲ့ကပ်လျက် စစ်ကိုင်းတိုင်းထဲက ကလေးမြို့တောင်ပိုင်း နတ်ချောင်းကျေးရွာမှာလည်း ဒီကနေ့ ဧပြီ ၁၁ ရက်မှာ စစ်ကောင်စီက နေအိမ်တွေကို မီးရှို့တဲ့အတွက် နေအိမ် ၁၅၀ နီးပါး မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“နေအိမ်က အခုထိတော့ စာရင်းကောက်တုန်းဗျ။ စစ်ကြောင်းကလည်း ရွာနဲ့သိပ်ပြီး လွတ်လွတ်ကင်းကင်း မဟုတ်သေးတော့ အခုမှပဲ ဝင်ကြစစ်ကြတုန်းဗျ။ ခန့်မှန်းကတော့ ၁၀၀ နဲ့ ၁၅၀ အတွင်းမှာ လောင်တယ်လို့ ခန့်မှန်းပါတယ်။ သူတို့က မနေ့ကတည်းက၊ လွန်ခဲ့တဲ့ ရက်သတ္တပတ်ထဲက တောင်ပိုင်း ဂန့်ဂေါ နယ်စပ်ကနေပြီး ကလေးမြို့ဘက်ကို စစ်ကြောင်းပြန်ပြီးဆုတ်လာတာပေါ့ဗျာ။ အဲ့စစ်ကြောင်းက အရင်တုန်းက ကလေးကနေ သွားထားတဲ့ စစ်ကြောင်းဗျ။ ကျနော်တို့ရွာနားရောက်တာ။ မနေ့ညနေက စရောက်တယ်။ ထိတွေ့မှုတချို့ရှိတယ်။ အဲ့မှာသူတို့က မနေ့ညနေကစပြီး ရွာကို မီးရှို့တယ်။”

စစ်ကောင်စီက နတ်ချောင်းရွာကို မီးရှို့တာ ဒီတကြိမ်ဟာ ၃ ကြိမ်မြောက်ဖြစ်ပါတယ်။ ပထမအကြိမ်တုန်းက နေအိမ် အလုံး ၃၀ ကျော်နဲ့ ဒုတိအကြိမ်မှာတော့ နေအိမ် ၇၀ ကျော်နီးပါး မီးလောင်ကျွမ်းခဲ့သလို အခုတကြိမ်က အများဆုံးမီးလောင်ကျွမ်းတာလည်းဖြစ်ပါတယ်။

ကလေးမြို့တောင်ပိုင်းက နတ်ချောင်း-နတ်မြောင်း-ချောင်းဂွ ကျေးရွာကို စစ်ကောင်စီတပ်တွေ မကြာခဏဆိုသလို နယ်မြေရှင်းလင်းတာတွေလုပ်ပြီး ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေလည်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေ မကြာခဏ နယ်မြေရှင်းလင်းတာတွေလုပ်လို့ ဒေသခံတွေဟာ နေရပ်တွေကို စွန့်ခွါပြီး ဘေးလွတ်ရာ ကျေးရွာတွေနဲ့ ကလေးမြို့ပေါ်ကို ပြောင်းရွေ့နေထိုင်ကြတဲ့အတွက် ကျေးရွာသား အနည်းငယ်သာ ရွာမှာရှိတော့ပါတယ်။
================

XS
SM
MD
LG