သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမဝတီနဲ႔ ေကာ့ကရိတ္တိုက္ပြဲအတြင္း စစ္ေကာင္စီ ေလေၾကာင္းသုံးတိုက္ခိုက္


KNU


[[Zawgyi/Unicode]]


KNU ကရင္အမ်ိဳးသားအစည္းအ႐ုံး ထိန္းခ်ဳပ္ရာ တပ္မဟာ ၆ နယ္ေျမျဖစ္တဲ့ ျမဝတီခ႐ိုင္နဲ႔ ေကာ့ကရိတ္ၿမိဳ႕နယ္ထဲမွာျဖစ္ေနတဲ့ တိုက္ပြဲေတြအတြင္း စစ္ေကာင္စီတပ္ဘက္က ဒီေန႔ မတ္လ ၂၅ ရက္ေန႔မွာ ေလေၾကာင္းကေန တုိက္ခုိက္ခဲ့တယ္လို႔ ကရင္လူအခြင့္ေရးအဖြဲ႕KHRG က ေျပာပါတယ္။ ကရင္အမ်ိဳးသား လြတ္ေျမာက္ေရးတပ္မေတာ္ KNLA၊ ျပည္သူ႔ကာကြယ္ေရး PDF ပူးေပါင္းအဖြဲေတြနဲ႔ စစ္ေကာင္စီတပ္တို႔အၾကား တိုက္ပြဲေတြ ဆက္ျဖစ္ေနတဲ့အတြက္ တပ္မဟာ (၆) နယ္ေျမထဲမွာ စစ္ေဘးဒုကၡသည္ ၃၀,၀၀၀ ေလာက္ရွိေနပါတယ္။ ဒီသတင္းကို ထိုင္းအေျခစိုက္ ဗြီအိုေအသတင္းေထာက္မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ကရင္ျပည္နယ္ထဲမွာ ကရင္အမ်ိဳးသားအစည္းအ႐ုံး တပ္မဟာ ၆ ထိန္းခ်ဳပ္နယ္ေျမျဖစ္တဲ့ စုကလိၿမိဳနယ္၊ ထီးကပလယ္ ေက်း႐ြာနားမွာ စစ္ေကာင္စီတပ္ေတြနဲ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ KNLA ျပည္သူ႔ကာကြယ္ေရးတပ္ PDF ပူးေပါင္းအဖြဲေတြၾကား ဒီေန႔ မတ္လ ၂၅ ရက္ ေသာၾကာေန႔မွာလည္း တိုက္ပြဲေတြျပင္းထန္ခဲ့ပါတယ္။ မနက္အေစာပိုင္းက တိုက္ပြဲေတြ ျပင္းျပင္းထန္ထန္ ျဖစ္ခဲ့ၿပီးေနာက္ မနက္ ၁၀ နာရီေလာက္မွာ စစ္ေကာင္စီဘက္က ေလေၾကာင္းကေန ဗုံးႀကဲတိုက္ ခိုက္ခဲ့တယ္လို႔ ကရင္လူအခြင့္ေရးအဖြဲ႕KHRG ကေျပာေရးဆိုခြင့္ရွိသူ ေစာနႏၵဆူးက အခုလို ေျပာပါတယ္။

“ထီးခယ္ပလယ္ဘက္ျခမ္းမွာပါခင္ဗ်။ ၁၀ နာရီဝန္းက်င္မွာ သူတို႔က လာပစ္ခ်တယ္။ ဗုံး ၄ လုံးေလာက္ လာႀကဲခ်တယ္။ တိုက္ပြဲေတြ မၾကာခနျဖစ္ပြားတယ္။ လက္နက္ႀကီးနဲ႔ ပစ္ခတ္မႈေတြလည္းျဖစ္တယ္။ လက္နက္ႀကီးနဲ႔ပစ္ခတ္မႈေတြေၾကာင့္ မေန႔ကလည္း ထိခိုက္ေသဆုံးတာေတြလည္းျဖစ္ပြားခဲ့တယ္။”

ေကအန္ယူ တပ္မဟာ ၆ နယ္ေျမအတြင္းမွာရွိတဲ့ ေဝၚေလၿမိဳ႕အနီးက စစ္ေကာင္စီရဲ႕ေမာ္ခီးစခန္းကို ကရင္အမ်ိဳးသား လြတ္ ေျမာက္ေရးတပ္ KNLA ၊ ကရင္အမ်ိဳးသားကာကြယ္ေရးတပ္ KNDO စတဲ့ ပူးေပါင္းတပ္ဖြဲ႔က မတ္လ၂၁ ရက္ေန႔က တိုက္ ခိုက္သိမ္းပိုက္လိုက္ၿပီးေနာက္ လက္နက္ႀကီး လက္နက္ငယ္ေတြ က်ည္ဆံေတြကိုပါ သိမ္းဆည္းခဲ့တာပါ။ ဒီေနာက္မွာေတာ့ ေမာခီးစခန္းကို ျပန္လည္ရယူႏိုင္ဖို႔ႀကိဳးစားပုံရတဲ့ စစ္ေကာင္စီတပ္ေတြ အင္အားအလုံးအရင္းနဲ႔ ဒီေန႔ တက္လာတယ္လို႔လည္း ျပည္သူကာကြယ္ေရးတပ္ဖြဲ႕ေခါင္းေဆာင္တဦးျဖစ္တဲ့ ကိုေစာမြန္က ေျပာပါတယ္။

“ေကအန္ယူက သိမ္းလိုက္တဲ့စခန္းကိုသြားဖို႔အတြက္ သူတို႔စစ္အင္အား ၅၀၀ ေလာက္ရွိတယ္။”

ေကအန္ယူ ထိန္းခ်ဳပ္ရာ တပ္မဟာ (၆) နယ္ေျမအတြင္းမွာ တိုက္ပြဲေတြ ဆက္တိုက္ျပန္ျဖစ္လာတာ၊ လက္နက္ႀကီးက်ည္ေတြက်ေရာက္လို႔ ေဒသခံအရပ္သားျပည္သူေတြ ေသဆုံးတာ၊ ေလေၾကာင္းကေန ထိုးစစ္ဆင္တိုက္ေနတာေတြေၾကာင့္ ေဒသခံေတြ အိုးအိမ္စြန႔္ ထြက္ေျပးေနၾကရပါတယ္။ လက္ရွိမွာ စစ္ေဘးဒုကၡသည္ ၃၀,၀၀၀ ေလာက္ထိ ရွိလာတယ္လို႔ ကရင္လူအခြင့္ေရးအဖြဲက ေျပာေရးဆိုခြင့္ရွိသူ ေစာနႏၵဆူးက ေျပာပါတယ္။

“စစ္ေဘးေရွာင္ေတြက ဒီဘက္မွာ မ်ားသထက္မ်ားလာတယ္လို႔ ေျပာလို႔ရတယ္။ အရင္တုန္းက စစ္ေဘးေရွာင္ ၂၀,၀၀၀ ေလာက္လို႔ ေျပာလို႔ရေပမယ့္ အခုက မ်ားသထက္မ်ားလာတယ္။ အခုကေတာ့ ၃၀,၀၀၀ ဝန္းက်င္ေလာက္ေတာ့ျဖစ္လာၿပီလို႔ ခန႔္မွန္းရတယ္။ အခုက ရမ္းသမ္းပစ္ခတ္မူေတြေၾကာင့္ေကာ၊ ထြက္ေျပးတိမ္းေရွာင္ေနရတယ္။ ေျပးေနရတဲ့ျပည္သူေတြက သူတို႔နားကို လက္နက္ႀကီးေတြက်လို႔ပဲျဖစ္ျဖစ္၊ အခုလို ေလေၾကာင္းကေန တိုက္ခိုက္မႈေတြေၾကာင့္ပဲျဖစ္ျဖစ္ အနီးနားမွာ ျဖစ္ရင္ သူတို႔ ထေျပးရျပန္တယ္။ အဲဒါေၾကာင့္ သူတို႔ဟာအေၾကာင္းတရားေတြျဖစ္ေစတယ္။ မလုံၿခဳံမႈေတြကိုျဖစ္ေစတယ္။”

ေကအန္ယူ ထိန္းခ်ဳပ္ရာနယ္ေျမထဲကို စစ္ေကာင္စီတပ္ေတြက အခုရက္ပိုင္း အင္အားအလုံးအရင္းနဲ႔ ဝင္လာတဲ့အတြက္ ႏွစ္ဖက္ ထိေတြ႔တိုက္ခိုက္မႈေတြ ေန႔စဥ္လိုလိုျဖစ္ေနပါတယ္။

ျမဝတီခ႐ိုင္နဲ႔ ေကာ့ကရိတ္ၿမိဳ႕နယ္ထဲမွာရွိေနတဲ့ စစ္ေကာင္စီတပ္ေတြ မတ္လ ၇ ရက္ေန႔ကေန ၃ ရက္အတြင္း ျပန္လည္ဆုတ္ခြာေပးဖို႔ ေကအန္ယူ တပ္မဟာ ၆ က စာေပးပို႔အေၾကာင္းၾကားခဲ့ပါတယ္။ ဒါေပမဲ့ စစ္တပ္ဘက္က တပ္ေတြ မဆုတ္တဲ့အျပင္ တပ္ေတြ ပိုတိုးလာတဲ့အတြက္ ေကအန္ယူတပ္မဟာ (၆) ထိန္းခ်ဳပ္ရာေနရာေတြအျပင္ ျမဝတီ၊ ေကာ့ကရိတ္ထဲက ေက်း ႐ြာေတြမွာ တိုက္ပြဲေတြပိုျဖစ္လာၿပီး တိုက္ပြဲေတြ ျပင္းထန္ေနတာျဖစ္ပါတယ္။ စစ္တပ္ဘက္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေန တာေတြေၾကာင့္ေဒသခံ ေက်း႐ြာသားေတြ ေသဆုံးတာ ထိခိုက္ဒဏ္ရာရတာေတြလည္း ရွိေနပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

===============
[[Unicode]]

မြဝတီနဲ့ ကော့ကရိတ်တိုက်ပွဲအတွင်း စစ်ကောင်စီ လေကြောင်းသုံးတိုက်ခိုက်

KNU ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာ တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ မြဝတီခရိုင်နဲ့ ကော့ကရိတ်မြို့နယ်ထဲမှာဖြစ်နေတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ဒီနေ့ မတ်လ ၂၅ ရက်နေ့မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ကရင်လူအခွင့်ရေးအဖွဲ့KHRG က ပြောပါတယ်။ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA၊ ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းအဖွဲတွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အတွက် တပ်မဟာ (၆) နယ်မြေထဲမှာ စစ်ဘေးဒုက္ခသည် ၃၀,၀၀၀ လောက်ရှိနေပါတယ်။ ဒီသတင်းကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်ထဲမှာ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ ထိန်းချုပ်နယ်မြေဖြစ်တဲ့ စုကလိမြိုနယ်၊ ထီးကပလယ် ကျေးရွာနားမှာ စစ်ကောင်စီတပ်တွေနဲ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းအဖွဲတွေကြား ဒီနေ့ မတ်လ ၂၅ ရက် သောကြာနေ့မှာလည်း တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ မနက်အစောပိုင်းက တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပြီးနောက် မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက် ခိုက်ခဲ့တယ်လို့ ကရင်လူအခွင့်ရေးအဖွဲ့KHRG ကပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက အခုလို ပြောပါတယ်။

“ထီးခယ်ပလယ်ဘက်ခြမ်းမှာပါခင်ဗျ။ ၁၀ နာရီဝန်းကျင်မှာ သူတို့က လာပစ်ချတယ်။ ဗုံး ၄ လုံးလောက် လာကြဲချတယ်။ တိုက်ပွဲတွေ မကြာခနဖြစ်ပွားတယ်။ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေလည်းဖြစ်တယ်။ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့် မနေ့ကလည်း ထိခိုက်သေဆုံးတာတွေလည်းဖြစ်ပွားခဲ့တယ်။”

ကေအန်ယူ တပ်မဟာ ၆ နယ်မြေအတွင်းမှာရှိတဲ့ ဝေါ်လေမြို့အနီးက စစ်ကောင်စီရဲ့မော်ခီးစခန်းကို ကရင်အမျိုးသား လွတ် မြောက်ရေးတပ် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO စတဲ့ ပူးပေါင်းတပ်ဖွဲ့က မတ်လ၂၁ ရက်နေ့က တိုက် ခိုက်သိမ်းပိုက်လိုက်ပြီးနောက် လက်နက်ကြီး လက်နက်ငယ်တွေ ကျည်ဆံတွေကိုပါ သိမ်းဆည်းခဲ့တာပါ။ ဒီနောက်မှာတော့ မောခီးစခန်းကို ပြန်လည်ရယူနိုင်ဖို့ကြိုးစားပုံရတဲ့ စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ ဒီနေ့ တက်လာတယ်လို့လည်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုစောမွန်က ပြောပါတယ်။

“ကေအန်ယူက သိမ်းလိုက်တဲ့စခန်းကိုသွားဖို့အတွက် သူတို့စစ်အင်အား ၅၀၀ လောက်ရှိတယ်။”

ကေအန်ယူ ထိန်းချုပ်ရာ တပ်မဟာ (၆) နယ်မြေအတွင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ပြန်ဖြစ်လာတာ၊ လက်နက်ကြီးကျည်တွေကျရောက်လို့ ဒေသခံအရပ်သားပြည်သူတွေ သေဆုံးတာ၊ လေကြောင်းကနေ ထိုးစစ်ဆင်တိုက်နေတာတွေကြောင့် ဒေသခံတွေ အိုးအိမ်စွန့် ထွက်ပြေးနေကြရပါတယ်။ လက်ရှိမှာ စစ်ဘေးဒုက္ခသည် ၃၀,၀၀၀ လောက်ထိ ရှိလာတယ်လို့ ကရင်လူအခွင့်ရေးအဖွဲက ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက ပြောပါတယ်။

“စစ်ဘေးရှောင်တွေက ဒီဘက်မှာ များသထက်များလာတယ်လို့ ပြောလို့ရတယ်။ အရင်တုန်းက စစ်ဘေးရှောင် ၂၀,၀၀၀ လောက်လို့ ပြောလို့ရပေမယ့် အခုက များသထက်များလာတယ်။ အခုကတော့ ၃၀,၀၀၀ ဝန်းကျင်လောက်တော့ဖြစ်လာပြီလို့ ခန့်မှန်းရတယ်။ အခုက ရမ်းသမ်းပစ်ခတ်မူတွေကြောင့်ကော၊ ထွက်ပြေးတိမ်းရှောင်နေရတယ်။ ပြေးနေရတဲ့ပြည်သူတွေက သူတို့နားကို လက်နက်ကြီးတွေကျလို့ပဲဖြစ်ဖြစ်၊ အခုလို လေကြောင်းကနေ တိုက်ခိုက်မှုတွေကြောင့်ပဲဖြစ်ဖြစ် အနီးနားမှာ ဖြစ်ရင် သူတို့ ထပြေးရပြန်တယ်။ အဲဒါကြောင့် သူတို့ဟာအကြောင်းတရားတွေဖြစ်စေတယ်။ မလုံခြုံမှုတွေကိုဖြစ်စေတယ်။”

ကေအန်ယူ ထိန်းချုပ်ရာနယ်မြေထဲကို စစ်ကောင်စီတပ်တွေက အခုရက်ပိုင်း အင်အားအလုံးအရင်းနဲ့ ဝင်လာတဲ့အတွက် နှစ်ဖက် ထိတွေ့တိုက်ခိုက်မှုတွေ နေ့စဉ်လိုလိုဖြစ်နေပါတယ်။

မြဝတီခရိုင်နဲ့ ကော့ကရိတ်မြို့နယ်ထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်တွေ မတ်လ ၇ ရက်နေ့ကနေ ၃ ရက်အတွင်း ပြန်လည်ဆုတ်ခွာပေးဖို့ ကေအန်ယူ တပ်မဟာ ၆ က စာပေးပို့အကြောင်းကြားခဲ့ပါတယ်။ ဒါပေမဲ့ စစ်တပ်ဘက်က တပ်တွေ မဆုတ်တဲ့အပြင် တပ်တွေ ပိုတိုးလာတဲ့အတွက် ကေအန်ယူတပ်မဟာ (၆) ထိန်းချုပ်ရာနေရာတွေအပြင် မြဝတီ၊ ကော့ကရိတ်ထဲက ကျေး ရွာတွေမှာ တိုက်ပွဲတွေပိုဖြစ်လာပြီး တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်။ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေ တာတွေကြောင့်ဒေသခံ ကျေးရွာသားတွေ သေဆုံးတာ ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိနေပါတယ်ရှင်။

===============

XS
SM
MD
LG