သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းဘက္ ခိုးဝင္တဲ႔ ေရႊကုကၠိဳ Casino လုပ္သားတခ်ိဳ႕ထိုင္းရဲ ဖမ္းဆီး


ေ႐ႊကုကၠိဳကခိုးဝင္ ထိုင္း၊ တ႐ုတ္၊ ဗီယက္နမ္ႏိုင္ငံသားတခ်ိဳ႕ကို ထိုင္းလုံၿခဳံေရးကဖမ္းဆီးထားစဥ္ (ဓာတ္ပုံ - Thai Army)

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕အနီးရွိ ေ႐ႊကုကၠိဳအရပ္က ကာစီႏိုေလာင္းကစား႐ုံေတြမွာ အလုပ္လုပ္ကိုင္ၿပီးထိုင္းႏိုင္ငံ ဘက္ကိုခိုးဝင္လာတဲ့ ထိုင္း၊ တ႐ုတ္၊ ဗီယက္နမ္ႏိုင္ငံသားေတြကို ထိုင္းလုံၿခဳံေရးတပ္ဖြဲ႕ေတြက ေအာက္တို ဘာလ၂၁ ရက္ေန႔မွာ ထိုင္းႏိုင္ငံ မယ္လမၿမိဳ႕ အနီးဖမ္းဆီးခဲ့ပါတယ္။

Zawgyi

ထိုင္းဘက္ ခိုးဝင္တဲ႔ ေရႊကုကၠိဳ Casino လုပ္သားတခ်ိဳ႕ထိုင္းရဲ ဖမ္းဆီး

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕အနီးရွိ ေ႐ႊကုကၠိဳအရပ္က ကာစီႏိုေလာင္းကစား႐ုံေတြမွာ အလုပ္လုပ္ကိုင္ၿပီးထိုင္းႏိုင္ငံ ဘက္ကိုခိုးဝင္လာတဲ့ ထိုင္း၊ တ႐ုတ္၊ ဗီယက္နမ္ႏိုင္ငံသားေတြကို ထိုင္းလုံၿခဳံေရးတပ္ဖြဲ႕ေတြက ေအာက္တို ဘာလ၂၁ ရက္ေန႔မွာ ထိုင္းႏိုင္ငံ မယ္လမၿမိဳ႕ အနီးဖမ္းဆီးခဲ့ပါတယ္။ ဒီကိစၥကိုသိရွိထားတဲ့ ျမန္မာျပည္သားအေရးပူးတြဲလႈပ္ရွား မူ႔ေကာ္မတီရဲ႕ဥကၠဌ ဦးမိုးႀကိဳးကအခုလိုေျပာပါတယ္။

“ ေျပာမယ္ဆိုရင္ ျမန္မာဘက္ကေန ထိုင္းဘက္ကို တရားမဝင္နယ္စပ္ျဖတ္ေက်ာ္ဝင္ေရာက္လာတဲ့ ထိုင္းႏိုင္ငံသား ၅ေယာက္ ဗီယက္နမ္ႏိုင္ငံသား၃ေယာက္ တ႐ုတ္ႏိုင္ငံသား၄ေယာက္ကိုထိုင္းဘုရင့္တပ္ အမွတ္(၃၅)ေျခလွ်င္တပ္ရင္းက ဖမ္းမိတာျဖစ္ပါတယ္ ။ထိုင္းႏိုင္ငံဘက္ကေန ျမန္မာႏိုင္ငံဘက္ကို တရားမဝင္သြားေရာက္ခဲ့သူေတြကို ဖမ္းမိဖို႔အသင့္ ေစာင့္ေနတုန္းမွာပဲဖမ္းမိတာျဖစ္ပါတယ္။”

ထိုင္းျမန္မာနယ္စပ္တာ့ခ္ျပည္နယ္မယ္လမတ္ၿမိဳ႕နယ္အတြင္းမွာပထမတႀကိဖမ္းမိတာျဖစ္ၿပီး ထိုင္းနဲ႔ဗီယက္နမ္ႏိုင္ငံသား ေတြပါဝင္ပါတယ္။ တေန႔တည္းမွာပဲ မဲက်ေလာင္း႐ြာအနီးမွာ တ႐ုတ္ႏိုင္ငံသားေတြနဲ႔ ဗီယက္နမ္ႏိုင္ငံသား ထိုင္းႏိုင္ငံ သားေတြကို ထပ္မံဖမ္းမိခဲ့ပါတယ္။

ဖမ္းဆီးခံရသူေတြကိုေတာ့ မယ္လမတ္ရဲစခန္းကိုပို႔ေဆာင္းထားၿပီး ဥပေဒ အရဆက္လက္အေရးယူ လို႔ထိုင္းအာဏာ ပိုင္ေတြကေျပာပါတယ္။ ျမန္မာႏိုင္ငံဘက္က ကာစီႏိုေလာင္းကစား႐ုံေတြမွာ အလုပ္လုပ္ကိုင္ၾကသူေတြ ေလာင္းကစား သြားလုပ္ၾကတဲ့ သူေတြကိုမၾကာခနဖမ္းမိၿပီး မ်ားေသာအားျဖင့္တ႐ုတ္ႏိုင္ငံသားေတြျဖစ္ၾကပါတယ္။

အခုဆိုရင္ ထိုင္းျမန္မာနယ္စပ္ျမဝတီခ႐ိုင္ထဲမွာတိုက္ပြဲေတြနဲ႔ ဗုံးေပါက္ကြဲမူ႔ေတြဆက္တိုက္ျဖစ္ေနခ်ိန္မွာ ထိုင္းဘက္က လည္းနယ္စပ္လုံၿခဳံေရးတင္းတင္းၾကပ္ၾကပ္ေဆာင္႐ြက္ေနတာျဖစ္ပါ။

Unicode

ထိုင်းဘက် ခိုးဝင်တဲ့ ရွှေကုက္ကို Casino လုပ်သားတချို့ထိုင်းရဲ ဖမ်းဆီး

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ ရွှေကုက္ကိုအရပ်က ကာစီနိုလောင်းကစားရုံတွေမှာ အလုပ်လုပ်ကိုင်ပြီးထိုင်းနိုင်ငံ ဘက်ကိုခိုးဝင်လာတဲ့ ထိုင်း၊ တရုတ်၊ ဗီယက်နမ်နိုင်ငံသားတွေကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက အောက်တို ဘာလ၂၁ ရက်နေ့မှာ ထိုင်းနိုင်ငံ မယ်လမမြို့ အနီးဖမ်းဆီးခဲ့ပါတယ်။ ဒီကိစ္စကိုသိရှိထားတဲ့ မြန်မာပြည်သားအရေးပူးတွဲလှုပ်ရှား မူ့ကော်မတီရဲ့ဥက္ကဌ ဦးမိုးကြိုးကအခုလိုပြောပါတယ်။

“ပြောမယ်ဆိုရင် မြန်မာဘက်ကနေ ထိုင်းဘက်ကို တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ ထိုင်းနိုင်ငံသား ၅ယောက် ဗီယက်နမ်နိုင်ငံသား၃ယောက် တရုတ်နိုင်ငံသား၄ယောက်ကိုထိုင်းဘုရင့်တပ် အမှတ်(၃၅)ခြေလျှင်တပ်ရင်းက ဖမ်းမိတာဖြစ်ပါတယ် ။ထိုင်းနိုင်ငံဘက်ကနေ မြန်မာနိုင်ငံဘက်ကို တရားမဝင်သွားရောက်ခဲ့သူတွေကို ဖမ်းမိဖို့အသင့် စောင့်နေတုန်းမှာပဲဖမ်းမိတာဖြစ်ပါတယ်။”

ထိုင်းမြန်မာနယ်စပ်တာ့ခ်ပြည်နယ်မယ်လမတ်မြို့နယ်အတွင်းမှာပထမတကြိဖမ်းမိတာဖြစ်ပြီး ထိုင်းနဲ့ဗီယက်နမ်နိုင်ငံသား တွေပါဝင်ပါတယ်။ တနေ့တည်းမှာပဲ မဲကျလောင်းရွာအနီးမှာ တရုတ်နိုင်ငံသားတွေနဲ့ ဗီယက်နမ်နိုင်ငံသား ထိုင်းနိုင်ငံ သားတွေကို ထပ်မံဖမ်းမိခဲ့ပါတယ်။

ဖမ်းဆီးခံရသူတွေကိုတော့ မယ်လမတ်ရဲစခန်းကိုပို့ဆောင်းထားပြီး ဥပဒေ အရဆက်လက်အရေးယူ လို့ထိုင်းအာဏာ ပိုင်တွေကပြောပါတယ်။ မြန်မာနိုင်ငံဘက်က ကာစီနိုလောင်းကစားရုံတွေမှာ အလုပ်လုပ်ကိုင်ကြသူတွေ လောင်းကစား သွားလုပ်ကြတဲ့ သူတွေကိုမကြာခနဖမ်းမိပြီး များသောအားဖြင့်တရုတ်နိုင်ငံသားတွေဖြစ်ကြပါတယ်။

အခုဆိုရင် ထိုင်းမြန်မာနယ်စပ်မြဝတီခရိုင်ထဲမှာတိုက်ပွဲတွေနဲ့ ဗုံးပေါက်ကွဲမူ့တွေဆက်တိုက်ဖြစ်နေချိန်မှာ ထိုင်းဘက်က လည်းနယ်စပ်လုံခြုံရေးတင်းတင်းကြပ်ကြပ်ဆောင်ရွက်နေတာဖြစ်ပါ။

XS
SM
MD
LG