သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ထိုင္း-ျမန္မာနယ္စပ္ ျမဝတီတံတားထိပ္ ဗံုးေပါက္ကဲြ


ထိုင္း-ျမန္မာနယ္စပ္ ျမဝတီတံတားထိပ္ ဗံုးေပါက္ကဲြ

ထိုင္း-ျမန္မာနယ္စပ္ ျမဝတီတံတားထိပ္ ဗံုးေပါက္ကဲြ

{{Zawgyi/Unicode}}

ထိုင္း၊ ျမန္မာနယ္စပ္ မဲေဆာက္ ၊ ျမ၀တီ ခ်စ္ႀကည္ေရး တံတားထိပ္မွာ ေအာက္တိုဘာလ ၁၅ရက္ညက ျပင္းထန္တဲ့ ဗံုးေပါက္ကြဲမူ ျဖစ္ပြားခဲ့ပါတယ္ ။ ေပါက္ကဲြမူေႀကာင့္ ကား၂စီးထက္္မနည္း မီးလာင္ပ်က္စီးသြားပါတယ္။ ဒီသတင္းကို ဗြီအုိေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ႔ ထားပါတယ္။

ကရင္ျပည္နယ္၊ ျမ၀တီၿမိဳ႕နယ္၊ ထိုင္း- ျမန္မာ ခ်စ္ၾကည္ေရး အမွတ္ ၁ တံတားအနီးမွာ ည ၇ နာရီေက်ာ္ အခ်ိန္က ျပင္းထန္တဲ့ ဗံုးေပါက္ကဲြၿပီး ကားေတြ မီးေလာင္ပ်က္စီးခဲ့တယ္လို႔ ေဒသခံ တဦးက ေျပာပါတယ္။

" အသံအက်ယ္ႀကီး ၾကားရတယ္။ မီးခိုးေတြလွမ္းျမင္ရတယ္။ တံတား ၁ နားက ေမြးေရဘဏ္နားတခု၊ ျမ၀တီေစ်း အေနာက္ဘက္ က တခု၊ ကားေတြေတာ့ ထိသြားတယ္ ။ ကားေတြ ေပါက္ကဲြသြားတယ္။ မီးေတြေလာင္ေနတာေတြ႔ရတယ္"

အခု ခ်စ္ႀကည္ေရး တံတား ၁ မွာပဲ။ ျပီးခဲ့တဲ့ ဧျပီလကလည္း ေပါက္ကဲြမူျဖစ္ခဲ့ပါတယ္။ အဲဒီတုန္းကလည္း ျပင္းထန္တဲ့ ေပါက္ကဲြမူျဖစ္ခဲ့ျပီး ကားေတြ မီးေလာင္ ပ်က္စီးသြားခဲ့ပါတယ္။ အခုတႀကိမ္မွာလည္း အလားတူ ကားေတြ မီးေလာင္ပ်က္စီး ခဲ့တယ္လို႔ ေဒသခံတဦး ကေျပာျပပါတယ္။

" ကဲြသြားတာက ၃ေနရာပါ။ ဘယ္သူခဲြလို႔ ခဲြမွန္းေတာ့မသိဘူး ။ ဟုိတခါ အလံုးႀကီး ကဲြသြားသလိုမ်ိဳး ကားနဲ့ခဲြသြားတဲ့ပံုစံမ်ိဳးပဲ။ ကားေတြလည္း ထိခိုက္သြားတယ္ ။ မီးေလာင္းသြားပါတယ္ "

ျမ၀တီၿမိဳ႔ မီးသတ္တပ္ဖြဲ႕မွ အမည္မေဖာ္လိုတဲ့ ဝန္ထမ္းတဦးကေတာ့ ဒီေပါက္ကဲြမူက ကားတစီးအတြင္းကေန ဗံုးေပါက္ကဲြတာျဖစ္ျပီး တျခားကားေတြကိုလည္း မီးေလာင္ခဲ့တဲ့အတြက္ မီးျငိမ္းသတ္ ခဲ့ရတယ္လို႔ဆုိပါတယ္။ ဒီေပါက္ကဲြမူေႀကာင့္ ကား၂စီး မီးေလာင္ပ်က္စီးသြားတယ္လို႔လည္းေျပာပါတယ္။ ျမ၀တီအုပ္ခ်ဳပ္ေရးအဖဲြ ့က ၀န္ထမ္းတဦးကလည္း ေပါက္ကဲြမူေတြျဖစ္ေပမယ့္ လူထိခိုက္တာ မရွိဘူးလို႔ ေျပာပါတယ္။

ထိုင္း- ျမန္မာ ခ်စ္ၾကည္ေရး တံတား ၁ ထိပ္မွာ ဗုံးေပါက္ကြဲတာ အခုဟာက ဒုတိယအႀကိမ္ျဖစ္ျပီး ျပီးခဲ့တဲ့ ဧျပီလ ၂၃ရက္ေန႔ကလည္း ကားဗံုးေပါက္ကဲြခဲ့ၿပီး တျခားကားေတြလည္း မီးေလာင္ပ်က္စီးခဲ့ပါတယ္။ ေအာက္တုိဘာလ ၁၁ ရက္ေန႔က ျမ၀တီျမိဳ႕ တံတားအနီးမွာ စတိုးဆိုင္တဆိုင္ အတြင္းကုိ ဗံုးပစ္သြင္း ေပါက္ကြဲခဲ့တာေၾကာင့္ လူတဦးေသဆံုးခဲ့ျပီး တခ်ိဳ႕ထိခိုက္ဒဏ္ရာရခဲ့ၾကပါတယ္။

ထိုင္း- ျမန္မာနယ္စပ္ ျမိဳ႕ျဖစ္တဲ့ ျမဝတီၿမိဳ႔မွာ ၿပီးခဲ့တဲ့ႏွစ္ ကစၿပီး မၾကာခန ေပါက္ကဲြမႈေတြ ျဖစ္ခဲ့ပါတယ္။ ျမဝတီၿမိဳ႕ဟာ စစ္ေကာင္စီဘက္က လံျုခံုေရး တင္းႀကပ္စြာ တပ္အင္အားေတြ ခ်ထားသလို တုိင္းရင္းသား လက္နက္ကုိင္အဖဲြ႔ ၅ ဖဲြ႔ထက္ မနည္း ရွိေနတဲ့ နယ္စပ္ၿမိဳ႕လည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

................................................

ထိုင်း-မြန်မာနယ်စပ် မြဝတီတံတားထိပ် ဗုံးပေါက်ကွဲ

{{Zawgyi/Unicode}}

ထိုင်း၊ မြန်မာနယ်စပ် မဲဆောက် ၊ မြဝတီ ချစ်ကြည်ရေး တံတားထိပ်မှာ အောက်တိုဘာလ ၁၅ရက်ညက ပြင်းထန်တဲ့ ဗုံးပေါက်ကွဲမူ ဖြစ်ပွားခဲ့ပါတယ် ။ ပေါက်ကွဲမူကြောင့် ကား၂စီးထက်မနည်း မီးလာင်ပျက်စီးသွားပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထိုင်း- မြန်မာ ချစ်ကြည်ရေး အမှတ် ၁ တံတားအနီးမှာ ည ၇ နာရီကျော် အချိန်က ပြင်းထန်တဲ့ ဗုံးပေါက်ကွဲပြီး ကားတွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံ တဦးက ပြောပါတယ်။

" အသံအကျယ်ကြီး ကြားရတယ်။ မီးခိုးတွေလှမ်းမြင်ရတယ်။ တံတား ၁ နားက မွေးရေဘဏ်နားတခု၊ မြဝတီဈေး အနောက်ဘက် က တခု၊ ကားတွေတော့ ထိသွားတယ် ။ ကားတွေ ပေါက်ကွဲသွားတယ်။ မီးတွေလောင်နေတာတွေ့ရတယ်"

အခု ချစ်ကြည်ရေး တံတား ၁ မှာပဲ။ ပြီးခဲ့တဲ့ ဧပြီလကလည်း ပေါက်ကွဲမူဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းကလည်း ပြင်းထန်တဲ့ ပေါက်ကွဲမူဖြစ်ခဲ့ပြီး ကားတွေ မီးလောင် ပျက်စီးသွားခဲ့ပါတယ်။ အခုတကြိမ်မှာလည်း အလားတူ ကားတွေ မီးလောင်ပျက်စီး ခဲ့တယ်လို့ ဒေသခံတဦး ကပြောပြပါတယ်။

" ကွဲသွားတာက ၃နေရာပါ။ ဘယ်သူခွဲလို့ ခွဲမှန်းတော့မသိဘူး ။ ဟိုတခါ အလုံးကြီး ကွဲသွားသလိုမျိုး ကားနဲ့ခွဲသွားတဲ့ပုံစံမျိုးပဲ။ ကားတွေလည်း ထိခိုက်သွားတယ် ။ မီးလောင်းသွားပါတယ် "

မြဝတီမြို့ မီးသတ်တပ်ဖွဲ့မှ အမည်မဖော်လိုတဲ့ ဝန်ထမ်းတဦးကတော့ ဒီပေါက်ကွဲမူက ကားတစီးအတွင်းကနေ ဗုံးပေါက်ကွဲတာဖြစ်ပြီး တခြားကားတွေကိုလည်း မီးလောင်ခဲ့တဲ့အတွက် မီးငြိမ်းသတ် ခဲ့ရတယ်လို့ဆိုပါတယ်။ ဒီပေါက်ကွဲမူကြောင့် ကား၂စီး မီးလောင်ပျက်စီးသွားတယ်လို့လည်းပြောပါတယ်။ မြဝတီအုပ်ချုပ်ရေးအဖွဲ့က ဝန်ထမ်းတဦးကလည်း ပေါက်ကွဲမူတွေဖြစ်ပေမယ့် လူထိခိုက်တာ မရှိဘူးလို့ ပြောပါတယ်။

ထိုင်း- မြန်မာ ချစ်ကြည်ရေး တံတား ၁ ထိပ်မှာ ဗုံးပေါက်ကွဲတာ အခုဟာက ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလ ၂၃ရက်နေ့ကလည်း ကားဗုံးပေါက်ကွဲခဲ့ပြီး တခြားကားတွေလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။ အောက်တိုဘာလ ၁၁ ရက်နေ့က မြဝတီမြို့ တံတားအနီးမှာ စတိုးဆိုင်တဆိုင် အတွင်းကို ဗုံးပစ်သွင်း ပေါက်ကွဲခဲ့တာကြောင့် လူတဦးသေဆုံးခဲ့ပြီး တချို့ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။

ထိုင်း- မြန်မာနယ်စပ် မြို့ဖြစ်တဲ့ မြဝတီမြို့မှာ ပြီးခဲ့တဲ့နှစ် ကစပြီး မကြာခန ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ မြဝတီမြို့ဟာ စစ်ကောင်စီဘက်က လံြုခုံရေး တင်းကြပ်စွာ တပ်အင်အားတွေ ချထားသလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ထက် မနည်း ရှိနေတဲ့ နယ်စပ်မြို့လည်း ဖြစ်ပါတယ်။

XS
SM
MD
LG