သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID ကာလ နယ်သာလန်မှာ ဗန်ဂိုးပန်းချီခိုးခံရ


ဗန်ဂိုးရဲ့ နွေဦးပန်းခြံ "Spring Garden" ပန်းချီကား
ဗန်ဂိုးရဲ့ နွေဦးပန်းခြံ "Spring Garden" ပန်းချီကား

(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်ကြောင့် ပိတ်ထားရတဲ့ နယ်သာလန်နိုင်ငံ ပြတိုက်တခုကနေ ကမ္ဘာကျော် ပန်းချီဆရာ ဗန်ဂိုးရဲ့ ပန်းချီကားတချပ် ခိုးယူခံလိုက်ရတယ်လို့ ပြတိုက် တာဝန်ရှိသူတွေက ပြောပါတယ်။ သန်းခေါင်းယံ အချိန်မှာ ဖောက်ထွင်း ခိုးယူသွားတာလို့ ဆိုပါတယ်။

၁၈၈၄ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ နွေဦးပန်းခြံ "Spring Garden" ဆိုတဲ့ပန်းချီကားကို နယ်သာလန် မြောက်ပိုင်း Groninger Museum ပြတိုက်က နေ ငှားရမ်းပြသထားချိန်မှာ အခုလို အခိုးခံရတာ ဖြစ်တယ်လို့ Singer Laren ပြတိုက် ဒါရိုက်တာ Evert van Os က တနင်္လာနေ့တုန်းက ပြောတာပါ။

အာရုံတက်အချိန်မှာ သူခိုးတွေက ပြတိုက်ရဲ့ အရှေ့တံခါးကို ချိုးဖေါက် ဝင်ရောက်ခဲ့တာလို့ ရဲတွေက ယူဆထားပြီး စုံစမ်းမှုတွေ ဆက်လုပ်နေ ကြောင်း ရိုက်တာ သတင်းက ရေးပါတယ်။ ဒီပန်းချီကား ဘယ်လောက် တန်ဖိုးရှိတယ်ဆိုတာ အတိအကျ မသိရ သေးပေမယ့်လွန်ခဲ့တဲ့ ၃ နှစ်တုန်းက နယူးယောက်မြို့ Christie လေလံပွဲရုံမှာ ဗန်ဂိုးပန်းချီကားကို ဒေါ်လာ(၈၁)သန်းနဲ့ ရောင်းလိုက်ရတာပါ။ အဲဒီပန်းချီ ကားဟာ ၁၈၈၉ ခုနှစ်တုန်းက ဆွဲထားတာဖြစ်တယ်လို့ AFP သတင်းမှာ ဖေါ်ပြပါတယ်။

COVID ကာလ နယ်သာလန်မှာ ဗန်ဂိုးပန်းချီခိုးခံရ
please wait

No media source currently available

0:00 0:00:55 0:00
တိုက်ရိုက် လင့်ခ်


...................


(Unicode)



XS
SM
MD
LG