သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမားရိုးကျတပ်ဖွဲ့များဆိုင်ရာ ဥရောပသဘောတူညီချက် NATO နိုင်ငံများနုတ်ထွက်


NATO Logo
NATO Logo

ဥရောပသမားရိုးကျ လက်နက်ကိုင်တပ်ဖွဲ့များ သဘောတူညီချက်ကနေ ရုရှားက နုတ်ထွက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာပြီး နာရီအတန်ကြာမှာ နေတိုးမဟာမိတ်တွေကလည်း စာချုပ်မှာပါဝင်နေတာကို အင်္ဂါနေ့က ရပ်ဆိုင်းလိုက်ကြပါတယ်။

နေတိုးမဟာမိတ်အဖွဲ့မှာ အဖွဲ့ဝင် ၃၁ နိုင်ငံပါဝင်ပြီး ဒီစာချုပ်ကို အများစုက လက်မှတ်ထိုးထားကြတာပါ။ စစ်အေးကာလအတွင်း အရှေ့အုပ်စုနဲ့ အနောက်အုပ်စုကြား နယ်စပ်တွေမှာချထားတဲ့ တပ်အင်အားတွေကို ဒီစာချုပ်နဲ့ ကန့်သတ်ထားခဲ့ကြတာဖြစ်ပါတယ်။ ဒီစာချုပ်ကနေ ရုရှား ထွက်သွားတာ ကို နေတိုး မဟာမိတ်တိုင်းပြည်တွေက ရှုတ်ချလိုက်ကြပါတယ်။

အမေရိကန်နဲ့ရုရှားတို့ လက်မှတ်ရေးထိုးထားခဲ့ကြတဲ့ နိုင်ငံတကာ လုံခြုံရေးစာချုပ်တွေကို ရုရှားက အဆုံးသတ်ပစ်နေတာပါ။ လက်နက်ထိန်းချုပ်ရေး စာချုပ် ၂ ခုကလည်း ရုရှားက နုတ်ထွက်ခဲ့ပါသေးတယ်။ ၂၀၁၉ တုန်းကလည်း တာလတ်ပစ် နျူကလီယာတပ်ဖွဲ့များဆိုင်ရာ သဘောတူညီချက်ကနေ အမေရိကန်ရော၊ ရုရှားပါ နုတ်ထွက်ခဲ့ကြပါတယ်။ နှစ်ဘက်လုံးက သဘောတူညီချက်ကို မြေပြင်မှာ ချိုးဖောက်တယ်လို့ အပြန်အလှန်စွပ်စွဲကြပြီး နုတ်ထွက်ခဲ့ကြတာဖြစ်ပါတယ်။

ထိရောက်တဲ့ အရေးကြီးလက်နက်များ ထိန်းချုပ်ရေးအပေါ်မှာ အမေရိကန်က ကတိကဝတ်အတိုင်း ထိန်းချုပ်လိုမြဲဖြစ်တယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး Jake Sullivan က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG