သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တရုတ္ၾသဇာႀကီးထြားမႈကုိ တန္ျပန္ႏုိင္ဖုိ႔ ေဒသတြင္းႏုိင္ငံေတြကုိ ေနတုိးအဖြဲ႔ ကူညီမည္


ေနတိုးအတြင္းေရးမွဴးခ်ဳပ္ Jens Stoltenberg

Zawgyi/Unicode

တရုတ္ရဲ့ အရွိန္အဝါႀကီးထြားလာေနတာကို ရင္ဆိုင္ႏုိင္ဖုိ႔ အတြက္ အာရွပစိဖိတ္ ေဒသတြင္း ႏိုင္ငံေတြကို အကူအညီေပးရမွာ ျဖစ္သလို ကမာၻ႔အေရးေဆာင္ရြက္ရာမွာလည္း NATO အဖြဲ႔ဝင္ ႏုိင္ငံေတြ အေနနဲ႔ ႏုိင္ငံေရးအရ ပါဝင္လုပ္ေဆာင္ၾကဖို႔ NATO အတြင္းေရးမႈးခ်ဳပ္ Jens Stoltenberg က ေျပာၾကားလိုက္ပါတယ္။

မဟာမိတ္ႏိုင္ငံေတြ အေနနဲ႔ လံုၿခံဳေရး ဆိုင္ရာ ျပႆနာေတြအတြက္ ဥေရာပနဲ႔ ေျမာက္အေမရိကတိုက္ ႏုိင္ငံေတြကို ဗဟိုျပဳခ်ဥ္းကပ္တဲ့ နည္းထက္ ကမာၻလံုးဆိုင္ရာ ခ်ဥ္းကပ္တဲ့နည္းကို သံုးသင့္ေၾကာင္းနဲ႔ စစ္အင္အားႀကီးမားမႈတခုထည္းနဲ႔ အေျဖမထုတ္ႏုိင္တဲ့အတြက္ ႏိုင္ငံေရး နည္းလမ္းကိုပါ သံုးဖို႔ လိုအပ္ေနတယ္လို႔ NATO အတြင္းေရးမႈးခ်ဳပ္ Stoltenberg က တနလၤာေန႔ အတၱလန္တိတ္ေကာင္စီနဲ႔ အေမရိကန္ႏိုင္ငံ German Marshall Fund တို႔ႀကီးမႈးက်င္းပတဲ့ အြန္လိုင္းအစည္းေဝးမွာ ေျပာၾကားခဲ့တာပါ။

၂၀၃၀ အတြက္ ၾကည့္မယ္ဆိုရင္ Australia ၊ ဂ်ပန္၊ နယူးဇီလန္နဲ႔ ေတာင္ကိုရီးယားတို႔လို ေနတိုးမဟာမိတ္ႏုိင္ငံေတြနဲ႔ အသြင္တူ တဲ့ႏိုင္ငံေတြနဲ႔ ပိုၿပီး အနီးကပ္လက္တြဲ လုပ္ေဆာင္ဖုိ႔ လိုေနတယ္လို႔လည္း ေျပာပါတယ္။ ဒါမွ ဆယ္စုႏွစ္မ်ားစြာ အႏၱရာယ္ကင္းေအာင္ လုပ္ေပးခဲ့တဲ့ ကမာၻလံုးဆိုင္ရာ လိုက္နာက်င့္သံုးခဲ့မႈေတြကိုေရာ၊ အာကာသနဲ႔ ကြန္ျပဴတာ ဆိုင္ဘာ ဆိုင္ရာနည္းပညာသစ္ေတြနဲ႔ လက္နက္ထိန္းခ်ဳပ္ေရး ဆိုင္ရာေတြကိုပါ အကာကြယ္ ေပးႏိုင္မွာ ျဖစ္တဲ့အျပင္ ဖိႏွိပ္မႈနဲ႔ အႏိုင္က်င့္မႈေတြ ကင္းတဲ့ ဒီမိုကေရစီနဲ႔ လြတ္လပ္မႈအတြက္ပါ ဆက္လက္ရပ္တည္ေပးႏုိင္မွာ ျဖစ္ေၾကာင္း ေျပာပါတယ္။

အေမရိကန္ႏိုင္ငံမွာ ထရမ့္အစိုးရအဖြဲ႔က ေနတိုးမဟာမိတ္ႏိုင္ငံေတြကို မတိုင္ပင္ပဲ ဂ်ာမဏီမွာ ခ်ထားတဲ့ အေမရိကန္တပ္အင္အား ေလ ွ်ာ့ခ်ဖို႔စဥ္းစားေနတယ္ ဆိုတဲ့ သတင္းထြက္လာ အၿပီးမွာ ေနတိုးအႀကီးအကဲက အခုလို ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


[Unicode]

တရုတ်ရဲ့ အရှိန်အဝါကြီးထွားလာနေတာကို ရင်ဆိုင်နိုင်ဖို့ အတွက် အာရှပစိဖိတ် ဒေသတွင်း နိုင်ငံတွေကို အကူအညီပေးရမှာ ဖြစ်သလို ကမ္ဘာ့အရေးဆောင်ရွက်ရာမှာလည်းNATO အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ နိုင်ငံရေးအရ ပါဝင်လုပ်ဆောင်ကြဖို့ NATO အတွင်းရေးမှုးချုပ် Jens Stoltenberg က ပြောကြားလိုက်ပါတယ်။

မဟာမိတ်နိုင်ငံတွေအနေနဲ့လုံခြုံရေး ဆိုင်ရာ ပြဿနာတွေအတွက် ဥရောပနဲ့ မြောက်အမေရိကတိုက် နိုင်ငံတွေကို ဗဟိုပြုချဉ်းကပ်တဲ့ နည်းထက် ကမ္ဘာလုံးဆိုင်ရာ ချဉ်းကပ်တဲ့နည်းကို သုံးသင့်ကြောင်းနဲ့ စစ်အင်အားကြီးမားမှုတခုထည်းနဲ့ အဖြေမထုတ်နိုင်တဲ့အတွက် နိုင်ငံရေး နည်းလမ်းကိုပါ သုံးဖို့ လိုအပ်နေတယ်လို့ NATO အတွင်းရေးမှုးချုပ် Stoltenberg က တနင်္လာနေ့အတ္တလန်တိတ်ကောင်စီနဲ့ အမေရိကန်နိုင်ငံ German Marshall Fund တို့ကြီးမှုးကျင်းပတဲ့ အွန်လိုင်းအစည်းဝေးမှာ ပြောကြားခဲ့တာပါ။

၂၀၃၀ အတွက် ကြည့်မယ်ဆိုရင် Australia ၊ ဂျပန်၊ နယူးဇီလန်နဲ့ တောင်ကိုရီးယားတို့လို နေတိုးမဟာမိတ်နိုင်ငံတွေနဲ့ အသွင်တူ တဲ့နိုင်ငံတွေနဲ့ ပိုပြီး အနီးကပ်လက်တွဲ လုပ်ဆောင်ဖို့ လိုနေတယ်လို့လည်း ပြောပါတယ်။ ဒါမှ ဆယ်စုနှစ်များစွာ အန္တရာယ်ကင်းအောင် လုပ်ပေးခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ လိုက်နာကျင့်သုံးခဲ့မှုတွေကိုရော၊ အာကာသနဲ့ ကွန်ပြူတာ ဆိုင်ဘာ ဆိုင်ရာနည်းပညာသစ်တွေနဲ့ လက်နက်ထိန်းချုပ်ရေး ဆိုင်ရာတွေကိုပါ အကာကွယ် ပေးနိုင်မှာ ဖြစ်တဲ့အပြင် ဖိနှိပ်မှုနဲ့ အနိုင်ကျင့်မှုတွေ ကင်းတဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်မှုအတွက်ပါ ဆက်လက်ရပ်တည်ပေးနိုင်မှာ ဖြစ်ကြောင်း ပြောပါတယ်။

အမေရိကန်နိုင်ငံမှာ ထရမ့်အစိုးရအဖွဲ့က နေတိုးမဟာမိတ်နိုင်ငံတွေကို မတိုင်ပင်ပဲဂျာမဏီမှာ ချထားတဲ့ အမေရိကန်တပ်အင်အား လေ ျှာ့ချဖို့စဉ်းစားနေတယ် ဆိုတဲ့ သတင်းထွက်လာ အပြီးမှာ နေတိုးအကြီးအကဲက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG