သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင် နေထိုင်မှုနဲ့ မြန်မာနိုင်ငံသား ၆ သောင်းနီးပါး ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရ


ထိုင်းနိုင်ငံ ဘန်ကောက်၊ ရာချ်ဘူရီ။ ဥဒေါင်းဌာန ချတ်ချင်ဆောင်ခရိုင်တွေမှာ အထောက်အထားမဲ့ နေထိုင်နေသူများကို ဖမ်းဆီးနေစဉ်
ထိုင်းနိုင်ငံ ဘန်ကောက်၊ ရာချ်ဘူရီ။ ဥဒေါင်းဌာန ချတ်ချင်ဆောင်ခရိုင်တွေမှာ အထောက်အထားမဲ့ နေထိုင်နေသူများကို ဖမ်းဆီးနေစဉ်

ဘန်ကောက်မြို့တော် အပါအဝင် ထိုင်းနိုင်ငံ နေရာတော်တော်များများကို မကြာသေးခင်က ရှောင်တခင် စစ်ဆေးမှုတွေအတွင်း မြန်မာနိုင်ငံသား ၆ သောင်းနီးပါး အပါအဝင် တရားမဝင် အလုပ်လုပ်ကိုင်နေသူ ၈ သောင်းလောက်ကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒီလဆန်းကစ ဈေးတွေ ဆောက်လုပ်ရေးလုပ်ငန်းတွေ အလုပ်သမားတန်းလျားတွေ အပါအဝင် နေရာပေါင်း ၂၀၀ ကျော်ကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးခဲ့ပြီး ၃ ပတ်ကျော်အတွင်း တရားမဝင်အလုပ်သမား ထောင်သောင်းချီ ဖမ်းဆီးခဲ့တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန အလုပ်အကိုင်ဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးဌာန၊ ရဲဌာနအပါဝင် ဌာနဆိုင်ရာ ပေါင်းစုံက ဝန်ထမ်းတွေဟာ ဘန်ကောက် ရာချ်ဘူရီ ဥဒေါင်းဌာန ချတ်ချင်ဆောင်ခရိုင်တွေက စျေးတွေ ဆောက်လုပ်ရေးလုပ်ငန်းတွေ အလုပ်သမားတန်းလျားတွေ စတဲ့နေရာေါပင်း ၂၀၀ကျော် ၃ပတ်ကျော်အတွင်း ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့ရာမှာတရားမဝင်နေထိုင်နေသူတွေ အထောက်အထားမပြည့်စုံသူတွေသောင်းနဲ့ချီပြီးဖမ်းဆီးခံခဲ့ရပါတယ်။

အခုလို့သောင်းနဲ့ချီရှိတဲ့တရားမဝင် နိုင်ငံခြားသားတွေကိုဖမ်ဆီးခဲ့တာနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံအလုပ်အကိုင် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Somchai Morakotsriwan ကတော့ အခုလိုပြောသွားပါတယ်။

ထိုင်းအလုပ်သမားရေးဌာနအနေနဲ့ အခုလို နိုင်ငံတ၀ှမ်းလုံးမှာ ပြန့်နှံနေတဲ့ တရားမ၀င် အလုပ်သမားတွေကိုစိစစ်ဖို့ လုပ်ဆောင်ရတာကတော့ လူ ကုန်ကုူး မူတွေ ထိမ်းချုပ် နိုင်ငံဖို့ နဲ့ထိုင်းနိုင်ငံအနေနဲ့‌လူကုန်ကူးမှု တိုက်ဖျက်ရေးတွေမှာ အာနည်းမှုတွေရှိနေတယ်လို့ ‌နိုင်ငံတကာက ဝေဖန်မှုတွေခံနေရတဲ့အတွက် လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းတွေကို ထိမ်းချုပ်နိုင်ဖို့လုပ်ဆောင်တာဖြစ်တယ်လို့ပြောဆိုသွားခဲ့ပါတယ် ။

ထိုင်းနိုင်ငံအတွင်း တရားမဝင်အလုပ်သမား ဖမ်းဆီးရေး ရက်ပေါင်း ၁၂၀ စီမံချက်စပြီးအကောင်အထည်ဖော်ရာမှာ၂၄ ရက်အတွင်းမှာ မြန်မာအပါအဝင် နိုင်ငံခြားသားအလုပ်သမား ရှစ်သောင်းနီးပါး ဖမ်းဆီး ရမိခဲ့ တယ်လို့ ဆိုပါတယ်။ဒီထဲမှာမြန်မာ၆သောင်းနီးပါးပါဝင်ပြီး လူဦးရေအများဆုံးဖြစ်ပါတယ် ။

စစ်ဆေးရေးအဖွဲ့တွေက ဖမ်းဆီးခဲ့သူတွေထဲမှာ မြန်မာနိုင်ငံသား အလုပ်သမား ၅၈,၈၆၈ ဦးအပြင် ကမ္ဘောဒီးယားအလုပ်သမား ၁၁၉၁၃ဦး၊ လာအိုအလုပ်သမား ၅၅၇၁ဦး၊ ဗီယက်နမ်အလုပ်သမား၂၂ နဲ့ဦး အခြားနိုင်ငံသားအလုပ်သမား ၂၄၂၄ ဦးတို့ဖမ်းဆီးစစ်ဆေးခံရပြီးတချို့ကိုတော့ ဒဏ်ကြေးပေးဆောင်ခိုင်းတာတွေ တချို့ကတော့နေရပ်ပြန်ပို့တာအပါအဝင် အရေးယူခံရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG