သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Nestle ကုမ္ပဏီ မြန်မာနိုင်ငံကထွက်မည်


ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းစက်မှုဇုန်မှာတွေ့ရတဲ့ Nestle စက်ရုံအဝင်တံခါးတခု (ဖေဖော်ဝါရီ ၂၈၊ ၂၀၂၃)
ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းစက်မှုဇုန်မှာတွေ့ရတဲ့ Nestle စက်ရုံအဝင်တံခါးတခု (ဖေဖော်ဝါရီ ၂၈၊ ၂၀၂၃)

ဆွဇ်ဇာလန်နိုင်ငံက အစားအစာထုတ်လုပ်တဲ့ ကမ္ဘာကျော် Nestle ကုမ္ပဏီကြီး ဟာ မြန်မာနိုင်ငံအတွင်းမှာ သူတို့ရဲ့ထုတ်လုပ်မှုအားလုံး ရပ်ဆိုင်းတော့မယ်လို့ ပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့က ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့စီးပွားရေးအခြေအနေတွေကြောင့် ရန်ကုန်မြို့မှာရှိတဲ့ Nestle အစားအစာထုတ်စက်ရုံနဲ့ ကုမ္ပဏီရုံးချုပ်ကို ပိတ်တော့မှာဖြစ်ပြီး ဘယ်အချိန်ဆိုတာကိုတော့ ဖော်ပြခြင်းမရှိပါဘူး။ Nestle ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ အလွယ်သောက်သုံးနိုင်တဲ့ ကော်ဖီထုတ် Maggi ခေါက်ဆွဲခြောက်ထုတ် နဲ့ မိုင်လိုဗူးတွေကို ထုတ်လုပ်ရောင်းချပါတယ်။ အဲဒီကုမ္ပဏီအနေနဲ့ ဈေးကွက်အတွင်း ဖြန့်ဖြူတာတွေကို ဖိလစ်ပိုင်၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေကနေ အစားထိုး လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။

ဒီလို ဆုံးဖြတ်လိုက်ရတဲ့အတွက် နစ်နာထိခိုက်သူတိုင်းကို မိမိတို့အနေနဲ့ တတ်နိုင်သမျှ အထောက်အပံ့ပေးမှာပါလို့လည်း သူကပြောပါတယ်။ မြန်မာနိုင်ငံက Nestle စက်ရုံနဲ့ရုံးချုပ်တို့မှာ ဝန်ထမ်းပေါင်း ၁၃၈ ဦးရှိတယ်လို့လည်း ပြောပါတယ်။

မနှစ်ကဆိုရင် ကမ္ဘာတဝှမ်းလုံးမှာ Nestle ရဲ့ရောင်းအားဟာ ဒေါ်လာသန်းပေါင်း ၉ ၅ ဘီလီယံရှိပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီကြီးတွေဖြစ်ကြတဲ့ TotalEnergies နဲ့ Chevron ၊ နော်ဝေးနိုင်ငံအခြေစိုက်စိုက် Telenor ဆက်သွယ်ရေးကုမ္ပဏီတို့ဟာ နိုင်ငံအတွင်းကနေ ထွက်ခွာသွားကြပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode]






XS
SM
MD
LG