သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားတပ်တွေ မြို့တော်တောင်ပိုင်းမှာ တပ်မချဖို့ အစ္စရေးလ် သတိပေး


ဆီးရီးယား အနာဂတ်အရေးအတွက် ဂျော်ဒန်နိုင်ငံမှာ နိုင်ငံစုံမှ တွေ့ဆုံဆွေးနွေး (ANDREW CABALLERO-REYNOLDS/Pool via REUTERS)
ဆီးရီးယား အနာဂတ်အရေးအတွက် ဂျော်ဒန်နိုင်ငံမှာ နိုင်ငံစုံမှ တွေ့ဆုံဆွေးနွေး (ANDREW CABALLERO-REYNOLDS/Pool via REUTERS)

ဆီးရီးယား တပ်မတော်အသစ် ဒါမှမဟုတ် ယခင် သူပုန်အုပ်စု Hayat Tahrir al-Sham HTS အဖွဲ့ ကို ဆီးရီးယားမြို့တော် ဒမတ်စကတ်တောင်ပိုင်း နယ်ပယ်တွေမှာ တပ်ချထားဖို့ ခွင့်မပြုဘူးလို့ အစ္စရေးလ် ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ပြောလိုက်ပါတယ်။

စစ်ကျောင်းဆင်းပွဲမှာ နေတန်ယာဟုက ခုလို ပြောလိုက်တာပါ။ နှစ်များစွာ ပြည်တွင်းစစ် ဖြစ်ပြီးနောက် အစိုးရအသစ်က ဆီးရီးယားကို ပြန်လည် ထိန်းချုပ်နိုင်အောင် ကြိုးစားနေတဲ့အချိန်မှာ နေတန်ယာဟုက ခုလို ပြောလိုက်တာလည်း ဖြစ်ပါတယ်။

ဆီးရီးယား တောင်ပိုင်းဒေသတွေကို လုံးဝ စစ်မဲ့နယ်မြေအဖြစ် သတ်မှတ်ဖို့ တောင်းဆိုလိုက်ပါတယ်။ ဆီးရီးယားတောင်ပိုင်းက ဒရုဇ် ရပ်ရွာအသိုက်အဝန်းကို ခြိမ်းခြောက်လာတာမှန်သမျှ သည်းခံလိမ့်မယ် မဟုတ်ဘူးလို့လည်း နေတန်ယာဟုက ပြောပါတယ်။ ဆီးရီးယား အာဏာပိုင်တွေဆီက တုံ့ပြန်ချက်ကိုတော့ ချက်ချင်း မရသေးပါဘူး။

Hermon တောင်ထိပ်နဲ့ ကြားခံနယ်မြေတွေမှာ အစ္စရေးလ်တပ်တွေ ကာလအကန့်အသတ်မရှိ ဆက်ရှိနေမယ်လို့ အစ္စရေးလ် ကာကွယ်ရေးဝန်ကြီး Israel Katz ကလည်း ပြောပါတယ်။ တောင်ပေါ်မှာ တပ်စခန်း ၂ ခု၊ ကြားခံဇုံမှာ တပ်စခန်း ၇ ခု တပ်ချထားတယ်လို့ ဝန်ကြီးက ဆိုပါတယ်။

ဒီဇင်ဘာလမှာ အာဆတ် ပြုတ်ကျသွားပြီးတဲ့နောက် ဆီးရီးယားထဲက ကုလသမဂ္ဂ ကင်းလှည့်နေတဲ့ နယ်မြေတွေကို အစ္စရေးလ်က သိမ်းလိုက်တာပါ။ ၁၉၇၄ အပစ်ရပ် သဘောတူညီချက်အရ ကြားခံဇုံကို ထားခဲ့တာဖြစ်ပါတယ်။ ဆီးရီးယား အာဏာပိုင်အသစ်နဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက အစ္စရေးလ်တပ်တွေ ရုပ်သိမ်းဖို့ တောင်းဆိုထားကြတာပါ။

ဆီးရီးယားတပ်တွေ မြို့တော်တောင်ပိုင်းမှာ တပ်မချဖို့ အစ္စရေးလ် သတိပေး
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG