သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓားစာခံ (၆) ယောက်အသတ်ခံရမှုအတွက် ဂလဲ့စားချေ သွေးကြွေးဆပ်ဖို့ Netanyahu ကတိပြု


အစ္စရေးနိုင်ငံသား ဓားစာခံ Eden Yerushalmi ရဲ့အလောင်းကို ဂါဇာကနေ အစ္စရေးနိုင်ငံ Petach Tikva ကိုသယ်ဆောင်ပြီး ဈာပနပွဲကျင်းပပေးစဥ်။
အစ္စရေးနိုင်ငံသား ဓားစာခံ Eden Yerushalmi ရဲ့အလောင်းကို ဂါဇာကနေ အစ္စရေးနိုင်ငံ Petach Tikva ကိုသယ်ဆောင်ပြီး ဈာပနပွဲကျင်းပပေးစဥ်။

အစ္စရေးတပ်ဖွဲ့တွေရောက်မလာခင်လေးတင် အသတ်ခံခဲ့ရဖွယ်ရှိတဲ့ ဓားစာခံ ၆ ဦးရဲ့ရုပ်အလောင်းတွေ ကို ရရှိခဲ့ပြီးတဲ့နောက် Hamas တွေကို အရှိန်မြှင့်တိုက်ခိုက်သွားမယ်လို့အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ကတိပြုလိုက်ပါတယ်။

တနင်္ဂနွေနေ့အစောပိုင်းက အနောက်ဘက်ကမ်းခြေ အစ္စရေးသိမ်းပိုက်ထားတဲ့ Hebron မြို့အနီး ရဲအရာရှိ (၃) ဦး သေဆုံးရတဲ့တိုက်ခိုက်မှုကိုလည်း ‘ဟာမတ်စ်တို့လက်ချက်’ လို့ Netanyahu က စွပ်စွဲထားပါတယ်။ ဟာမတ်စ်တို့ကတော့ အဲဒီတိုက်ခိုက်မှုဟာ သူရဲကောင်းဆန်တဲ့ ပြောင်မြောက်တဲ့ လုပ်ရပ်လို့ ပြောပေမဲ့ သူတို့လက်ချက်လို့တော့ တာဝန်မယူကြပါဘူး။

နောက်ဓားစာခံတဦးရဲ့ မိခင်ကတော့ (၁၁) လကြာတိုက်ပွဲကို တော်သင့်ပြီ၊ အပစ်ရပ်သဘောတူညီမှု ရယူသင့်ပြီ-လို့ CNN ကို ပြောခဲ့ပါတယ်။

အစ္စရေးရဲ့တန်ပြန်ထိုးစစ်ကြောင့် ပါလက်စတိုင်းသား (၄၁,၀၀၀) ခန့် သေဆုံးခဲ့ရပြီဖြစ်ပြီး အများစုက အမျိုးသမီးနဲ့ကလေးသူငယ်တွေဖြစ်တယ်လို့ ဂါဇာ ကျန်းမာရေးဝန်ထမ်းတွေက ဆိုပေမဲ့ အစ္စရေးစစ်ဘက်ကတော့ သေဆုံးသူတွေထဲ ဟာမတ်စ်တပ်သား ထောင်ပေါင်းများစွာ ပါဝင်တယ်လို့ ပြောနေပါတယ်။

ဓားစာခံ (၆) ယောက်အသတ်ခံရမှုအတွက် ဂလဲ့စားချေ သွေးကြွေးဆပ်ဖို့ Netanyahu ကတိပြု
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG