သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မႏၲေလး ငါန္းဇြန္ ရဲကင္းစခန္း တိုက္ခိုက္ခံရ


အကာအကြယ္ေတြယူထားတဲ့ ရဲစခန္းတခု (ဓာတ္ပံု - Courtesy)

(Zawgyi/Unicode)

မႏၲေလးတိုင္း ငါန္းဇြန္ၿမိဳ႕က ရဲကင္းစခန္းတခုနဲ႔ ပဲခူး ေညာင္ေလးပင္ၿမိဳ႕က ရဲကင္းစခန္းေတြကို တိုက္ခိုက္ခဲ့ၿပီး ရဲတပ္ဖဲြ႕၀င္တခ်ိဳ႕ ေသဆံုးခဲ့တယ္လို႔ ေဒသခံ ကာကြယ္ေရးတပ္ေတြက ေျပာဆိုေနၾကပါတယ္။ စစ္ေကာင္စီဖက္ကေတာ့ ငါန္းဇြန္ ရဲကင္းစခန္းတိုက္ခိုက္ခံရတယ္ဆိုတာ အတည္ျပဳေပမယ့္၊ ေညာင္ေလးပင္အ၀င္က ရဲကင္းတိုက္ခိုက္ခံရတယ္ဆိုတာကေတာ့ မမွန္ကန္ဘူးလို႔ တုန္႔ျပန္ထားပါတယ္။ ဒီအေၾကာင္း ရန္ကုန္က ေပးပို႔လာတဲ့သတင္းကို ကိုသိန္းထိုက္ဦး ေျပာျပပါမယ္။

မႏၱေလးတိုင္း ျမင္းၿခံခရိုင္ ငါန္းဇြန္ၿမိဳ႕ မင္းေနကုန္းရဲကင္းစခန္းကို ဇြန္လ ၂၂ ရက္ေန႔ ညပိုင္းမွာ အၾကမ္းဖက္လက္နက္ကိုင္ေတြက တိုက္ခိုက္ခဲ့တယ္လို႔ စစ္ေကာင္စီ ျပန္ၾကားေရးဖက္က ေျပာဆိုပါတယ္။ ေဒသခံ PDF တပ္ဖြဲ႕တခုျဖစ္တဲ့ Zero ေပ်ာက္ၾကားအဖြဲ႕ကေတာ့ ငါးဇြန္ၿမိဳ႕က မင္းေနကုန္း ရဲကင္းစခန္းကို သူတို႔တိ္ုက္ခိုက္ခဲ့တာလို႔ ေဖာ္ျပၿပီး အဲဒီတိုက္ပဲြမွာ ရဲတပ္ဖဲြ႕၀င္ ႏွစ္ဦးေသဆံုးတယ္လို႔ ေျပာပါတယ္။

“ကြ်န္ေတာ္တို႔ မေန႔ညက ၁၀ နာရီမွာ ငါန္းဇြန္ၿမိဳ႕နယ္ မင္းေနကုန္းရဲစခန္းကို ၀င္ေရာက္တိုက္ခိုက္တာပါ။ ၈ နာရီေလာက္ကစၿပီး အဲ့စခန္း ပတ္ခ်ာလည္မွာ ကင္းပုန္းေတြ ၀ပ္လိုက္တယ္။ ၿငိမ္သက္ေနတဲ့အခ်ိန္ သူတို႔က ေသာက္စားၿပီး ဂစ္တာေတြ တီးေနၾကတယ္။ ၀င္ၿပီးေတာ့ တိုက္ခိုက္လိုက္တာပါ မေန႔ညက ၈ နာရီမွာ ကြ်န္ေတာ္တို႔ ေရာက္ၿပီး ၁၀ နာရီမွာ စတိုက္တာပါခင္ဗ်။ ေသဆံုးကေတာ့ ကြ်န္ေတာ္တို႔ သိရသေလာက္ ၂ ေယာက္ေလာက္ကေတာ့ ကြ်န္ေတာ္တို႔ ပစ္ထားသေလာက္ ေသခ်ာေပါက္ ေသမယ္လို႔ ယူဆပါတယ္။ က်န္တာကေတာ့ လက္ပစ္ဗံုးပစ္လိုက္တာ ကားနဲ႔ အေဆာက္အဦးၾကားမွာ ဂစ္တာတီးတဲ့သူေတြ ထိခိုက္မႈ ရွိတယ္လို႔ ၾကားသိရတယ္ခင္ဗ်။ ကြ်န္ေတာ္တို႔နဲ႔ တိုက္ခိုက္မႈျဖစ္တဲ့အခ်ိန္မွာ မီးမွိတ္လိုက္တဲ့အတြက္ က်န္တာ အျခားဘာမွ မျမင္ရေတာ့ဘူး။ ၁ ေယာက္ကေတာ့ သိသိသာသာႀကီး ေလွကားေပၚကေန ျပဳတ္က်သြားတာ ျမင္လိုက္ပါတယ္။ ကြ်န္ေတာ္တို႔က မႏၱေလးကို သြားေရာက္ကူညီဖုိ႔ စီစဥ္ေနတဲ့အခ်ိန္ ကြ်န္ေတာ့္အဖြဲ႕ေတြက ေနရာအစံုမွာ ရွိတယ္ဗ်။ အဲ့လိုစီစဥ္ေနတဲ့အခ်ိန္မွာ ဒီစခန္းမွဴးက အဲ့ေနရာမွာ နာမည္ႀကီးေနတာ။ မူးတဲ့အခါ ေသနတ္ေတြေဖာက္တာတို႔ ၊အရပ္ထဲမွာ ဟိုဟာလုပ္ဒီဟာလုပ္ဆိုတာနဲ႔ အဲ့မွာတင္ ကြ်န္ေတာ္တို႔က မွတ္မွတ္သားသား သတိထားလိုက္တာ အဲ့စခန္းကို ဒီေန႔ ဒီစခန္းကို ၀င္ေဆာ္လိုက္မယ္ဆိုၿပီး ၀င္ေဆာ္လိုက္တာ။”

ငါန္းဇြန္ ရဲကင္းစခန္းတုိက္ခုိက္ခံရတယ္ဆုိတာကုိ စစ္ေကာင္စီျပန္ၾကားေရးတာ၀န္ခံ ဗုိလ္ခ်ဳပ္ ေဇာ္မင္းထြန္းက အတည္ျပဳ ေျပာဆုိေပမယ့္ ရဲတပ္ဖြဲ႔၀င္ ၂ ဦး ေသဆုံးတာမဟုတ္ဘဲ တဦးဘဲ ေသဆုံးခဲ့ေၾကာင္း တုန္႔ျပန္ ေျပာဆုိပါတယ္။ ပဲခူးတိုင္းေညာင္ေလးပင္အ၀င္က ရဲစခန္းတခုကို ပဲခူးျပည္သူ႕ကာကြယ္ေရးတပ္က ၀င္တိုက္ၿပီး စစ္သားနဲဲ႔ရဲ ၇ ဦး ေသဆံုးခဲ့တယ္လို႔ ထုတ္ျပန္ေပမယ့္၊ ေညာင္ေလးပင္အ၀င္ ရဲစခန္း တိ္ုက္ခိုက္ခံရာတာမရွိသလို လံုျခံဳေရးတပ္ဖဲြ႕၀င္ေတြ ေသဆံုးတာမ်ိဳးလည္း မရွိဘူးလို႔ စစ္ေကာင္စီ ေျပာခြင့္ရသူက သတင္းမီဒီယာေတြေမးျမန္းခ်က္ကို တုန္႔ျပန္ထားပါတယ္။

မေန႔ ဇြန္လ ၂၂ ရက္ေန႔က မႏၱေလးၿမိဳ႕မွာ တိုက္ပြဲေတြျဖစ္ပြားၿပီးေနာက္ပိုင္း မေကြး၊ ပဲခူးနဲ႔ ရန္ကုန္က ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ေတြက လက္တုန္႔ျပန္သြားမယ္လို႔ ပူးတြဲေၾကျငာခ်က္ ထုတ္ျပန္ၿပီးေနာက္မွာပဲ အခုလုိ တိုက္ခိုက္မႈသတင္းေတြ ထြက္ခဲ့တာပါ။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္ကအာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္း တိုက္ပဲြေတြနဲ႔ အၾကမ္းဖက္တိုက္ခိုက္မႈ ျဖစ္စဥ္ေတြေၾကာင့္ ဇြန္လ ၂၁ ရက္ေနအထိ လံုျခံဳေရးတပ္ဖဲြ႕၀င္ ၉၀ ေက်ာ္ေသဆံုးၿပီး ဒဏ္ရာရသူ ၄၀၀ ၀န္းက်င္ရွိတယ္လို႔ ျမန္မာစစ္ေကာင္စီ ျပန္ၾကားေရးဖက္က ထုတ္ျပန္ထားပါတယ္။

...............................................................................................

မႏၲေလး ငါန္းဇြန္ ရဲကင္းစခန္း တိုက္ခိုက္ခံရ
please wait

No media source currently available

0:00 0:02:32 0:00
တိုက္႐ိုက္ လင့္ခ္


မန္တလေး ငါန်းဇွန် ရဲကင်းစခန်း တိုက်ခိုက်ခံရ

(Unicode)

မန္တလေးတိုင်း ငါန်းဇွန်မြို့က ရဲကင်းစခန်းတခုနဲ့ ပဲခူး ညောင်လေးပင်မြို့က ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးတပ်တွေက ပြောဆိုနေကြပါတယ်။ စစ်ကောင်စီဖက်ကတော့ ငါန်းဇွန် ရဲကင်းစခန်းတိုက်ခိုက်ခံရတယ်ဆိုတာ အတည်ပြုပေမယ့်၊ ညောင်လေးပင်အဝင်က ရဲကင်းတိုက်ခိုက်ခံရတယ်ဆိုတာကတော့ မမှန်ကန်ဘူးလို့ တုန့်ပြန်ထားပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့လာတဲ့သတင်းကို ကိုသိန်းထိုက်ဦး ပြောပြပါမယ်။

မန္တလေးတိုင်း မြင်းခြံခရိုင် ငါန်းဇွန်မြို့ မင်းနေကုန်းရဲကင်းစခန်းကို ဇွန်လ ၂၂ ရက်နေ့ ညပိုင်းမှာ အကြမ်းဖက်လက်နက်ကိုင်တွေက တိုက်ခိုက်ခဲ့တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဖက်က ပြောဆိုပါတယ်။ ဒေသခံ PDF တပ်ဖွဲ့တခုဖြစ်တဲ့ Zero ပျောက်ကြားအဖွဲ့ကတော့ ငါးဇွန်မြို့က မင်းနေကုန်း ရဲကင်းစခန်းကို သူတို့တိုက်ခိုက်ခဲ့တာလို့ ဖော်ပြပြီး အဲဒီတိုက်ပွဲမှာ ရဲတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ မနေ့ညက ၁၀ နာရီမှာ ငါန်းဇွန်မြို့နယ် မင်းနေကုန်းရဲစခန်းကို ဝင်ရောက်တိုက်ခိုက်တာပါ။ ၈ နာရီလောက်ကစပြီး အဲ့စခန်း ပတ်ချာလည်မှာ ကင်းပုန်းတွေ ဝပ်လိုက်တယ်။ ငြိမ်သက်နေတဲ့အချိန် သူတို့က သောက်စားပြီး ဂစ်တာတွေ တီးနေကြတယ်။ ဝင်ပြီးတော့ တိုက်ခိုက်လိုက်တာပါ မနေ့ညက ၈ နာရီမှာ ကျွန်တော်တို့ ရောက်ပြီး ၁၀ နာရီမှာ စတိုက်တာပါခင်ဗျ။ သေဆုံးကတော့ ကျွန်တော်တို့ သိရသလောက် ၂ ယောက်လောက်ကတော့ ကျွန်တော်တို့ ပစ်ထားသလောက် သေချာပေါက် သေမယ်လို့ ယူဆပါတယ်။ ကျန်တာကတော့ လက်ပစ်ဗုံးပစ်လိုက်တာ ကားနဲ့ အဆောက်အဦးကြားမှာ ဂစ်တာတီးတဲ့သူတွေ ထိခိုက်မှု ရှိတယ်လို့ ကြားသိရတယ်ခင်ဗျ။ ကျွန်တော်တို့နဲ့ တိုက်ခိုက်မှုဖြစ်တဲ့အချိန်မှာ မီးမှိတ်လိုက်တဲ့အတွက် ကျန်တာ အခြားဘာမှ မမြင်ရတော့ဘူး။ ၁ ယောက်ကတော့ သိသိသာသာကြီး လှေကားပေါ်ကနေ ပြုတ်ကျသွားတာ မြင်လိုက်ပါတယ်။ ကျွန်တော်တို့က မန္တလေးကို သွားရောက်ကူညီဖို့ စီစဉ်နေတဲ့အချိန် ကျွန်တော့်အဖွဲ့တွေက နေရာအစုံမှာ ရှိတယ်ဗျ။ အဲ့လိုစီစဉ်နေတဲ့အချိန်မှာ ဒီစခန်းမှူးက အဲ့နေရာမှာ နာမည်ကြီးနေတာ။ မူးတဲ့အခါ သေနတ်တွေဖောက်တာတို့ ၊အရပ်ထဲမှာ ဟိုဟာလုပ်ဒီဟာလုပ်ဆိုတာနဲ့ အဲ့မှာတင် ကျွန်တော်တို့က မှတ်မှတ်သားသား သတိထားလိုက်တာ အဲ့စခန်းကို ဒီနေ့ ဒီစခန်းကို ဝင်ဆော်လိုက်မယ်ဆိုပြီး ဝင်ဆော်လိုက်တာ။”

ငါန်းဇွန် ရဲကင်းစခန်းတိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ် ဇော်မင်းထွန်းက အတည်ပြု ပြောဆိုပေမယ့် ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးတာမဟုတ်ဘဲ တဦးဘဲ သေဆုံးခဲ့ကြောင်း တုန့်ပြန် ပြောဆိုပါတယ်။ ပဲခူးတိုင်းညောင်လေးပင်အဝင်က ရဲစခန်းတခုကို ပဲခူးပြည်သူ့ကာကွယ်ရေးတပ်က ဝင်တိုက်ပြီး စစ်သားနဲ့ရဲ ၇ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ပေမယ့်၊ ညောင်လေးပင်အဝင် ရဲစခန်း တိုက်ခိုက်ခံရာတာမရှိသလို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သေဆုံးတာမျိုးလည်း မရှိဘူးလို့ စစ်ကောင်စီ ပြောခွင့်ရသူက သတင်းမီဒီယာတွေမေးမြန်းချက်ကို တုန့်ပြန်ထားပါတယ်။

မနေ့ ဇွန်လ ၂၂ ရက်နေ့က မန္တလေးမြို့မှာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက်ပိုင်း မကွေး၊ ပဲခူးနဲ့ ရန်ကုန်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက လက်တုန့်ပြန်သွားမယ်လို့ ပူးတွဲကြေငြာချက် ထုတ်ပြန်ပြီးနောက်မှာပဲ အခုလို တိုက်ခိုက်မှုသတင်းတွေ ထွက်ခဲ့တာပါ။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း တိုက်ပွဲတွေနဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေကြောင့် ဇွန်လ ၂၁ ရက်နေအထိ လုံခြုံရေးတပ်ဖွဲ့ဝင် ၉၀ ကျော်သေဆုံးပြီး ဒဏ်ရာရသူ ၄၀၀ ဝန်းကျင်ရှိတယ်လို့ မြန်မာစစ်ကောင်စီ ပြန်ကြားရေးဖက်က ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG