သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖရိက Sahel ဒေသ ကန်စစ်ဆင်ရေးများအခက်ကြုံ 


အမေရိကန် ထိပ်တန်းသံတမန် Molly Phee
အမေရိကန် ထိပ်တန်းသံတမန် Molly Phee

အမေရိကန်ပြည်ထောင်စုနဲ့နှစ်ပေါင်းများစွာ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို နိုင်ဂျာစစ်အစိုးရက ရပ်ဆိုင်းလိုက်ပြီးတဲ့နောက် အာဖရိက Sahel ဒေသတွင်း အမေရိကန်ရဲ့ အကြမ်းဖက်မှုတန်ပြန်ချေမှုန်းရေး အနာဂတ်လုပ်ငန်းစဥ်တွေကို အမေရိကန်ထိပ်တန်းအရာရှိတွေ တနင်္ဂနွေနေ့က သုံးသပ်ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ဂျာနိုင်ငံမြောက်ပိုင်းက အမေရိကန် အဓိကလေတပ်အခြေစိုက်စခန်းမှာ ရာနဲ့ချီတဲ့တပ်ဖွဲ့ဝင်တွေရှိပြီး အယ်လ်ခိုင်းဒါးနဲ့ IS အုပ်စုတွေ လှုပ်ရှားနေတဲ့ ဆာဟာရသဲကန္တာရတောင်ဘက်က ကြီးမားကျယ်ပြောတဲ့ က Sahel ဒေသတဝှမ်းစစ်ဆင်ရေးတွေ ဖြန့်ကျက်ဆောင်ရွက်နေတာဖြစ်ပါတယ်။

အမေရိကန် ထိပ်တန်းသံတမန် Molly Phee က အမေရိကန်အာဖရိကစစ်ဌာနချုပ် အကြီးအကဲ​မရိန်းဗိုလ်ချုပ် Micaek Langley နဲ့အတူ နိုင်ဂျာအစိုးရအရာရှိတွေနဲ့ မြို့တော် Niamey မှာလာရောက်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါဟာ နိုင်ဂျာစစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံတဲ့ ပွင်းလင်းတဲ့ဆွေးနွေးမှုဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက X လူမှုကွန်ယက်မှာ ရေးပါတယ်။ နိုင်ဂျာနိုင်ငံအတွင်း အမေရိကန်တပ်ဖွဲ့တွေ ဆက်လက်ထားရှိရေး သဘောတူညီချက်ရဖို့ ညှိနှိုင်းစရာရှိသေးသလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။


အာဖရိက Sahel ဒေသ ကန်စစ်ဆင်ရေးများအခက်ကြုံ
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG