သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

NLD အတြင္းေရးမႉးအဖြဲ႕ဝင္ ဦးဟံသာျမင့္ ေထာင္ကျပန္လြတ္ 


NLD ပါတီ အတြင္းေရးမႉးအဖြဲ႕ဝင္ ဦးဟံသာျမင့္ (၇၊၆၊၂၀၁၄) (ဓာတ္ပံု- AP)

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီ အတြင္းေရးမႉးအဖြဲ႕ဝင္ ဦးဟံသာျမင့္ကို ဒီကေန႔ ဇန္နဝါရီ ၂၇ ရက္မွာ အင္းစိန္အက်ဥ္းေထာင္ကေန သူ႔ရဲ႕ေနအိမ္ကို ျပန္လည္ပို႔ေဆာင္ေပးခဲ့တယ္လို႔ ဦးဟံသာျမင့္ရဲ႕ေရွ႕ေနက ေျပာပါတယ္။ ဦးဟံသာျမင့္ကို အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္လုပ္ေဆာင္မႈ ၅၀၅ (ခ) နဲ႔ စစ္ေကာင္စီက ေထာင္ဒဏ္ ၂ ႏွစ္ခ်ထားတာပါ။ ဘာေၾကာင့္ ျပန္လႊတ္ေပးသလဲဆိုတာ ရွင္းရွင္းလင္းလင္းမသိရေသးဘူးလို႔ သူ႔ေရွ႕ေနက ဗြီအိုေအကို ေျပာပါတယ္။

“ေမးၾကည့္တာေတာ့ ဟုတ္တယ္ေျပာတယ္။ Detail (အေသးစိတ္) ေတာ့ မသိရေသးဘူး။ က်ေနာ္တို႔လည္းအံ့ဩေနတာ။ ဒီရက္ပိုင္း သူ႔ကိစၥကို က်ေနာ္တို႔ အယူခံတက္ဖို႔ရွိတာကိုး၊ ဦးဟံသာျမင့္ကိစၥ အယူခံတက္ဖို႔ရွိတယ္။ ဒါကေတာ့ လြတ္တာ လြတ္တာေပါ့၊ တက္တာတက္ရမွာေပါ့ သတ္သတ္စီပါ။”

အာဏာသိမ္းစစ္တပ္နဲ႔ မပူးေပါင္းဖို႔ ၂၀၂၁ ေဖေဖာ္ဝါရီ ၇ ရက္နဲ႔ ၁၃ ရက္ေန႔ေတြမွာ NLD ပါတီက ထုတ္ျပန္ခဲ့တဲ့ ေၾကညာခ်က္ ႏွစ္ေစာင္က တိုင္းျပည္မၿငိမ္မသက္ျဖစ္ေစဖို႔ စည္း႐ုံးလႈံ႕ေဆာ္မႈေျမာက္တယ္ဆိုၿပီး ဦးဟံသာျမင့္နဲ႔ ၂၀၂၀ ေ႐ြးေကာက္ပြဲ ဗဟို ေအာင္ႏိုင္ေရးအဖြဲ႕ ဘ႑ာေရးမႉး ဦးသိန္းဦးတို႔ကို ပုဒ္မ ၅၀၅ (ခ) နဲ႔ တရားစြဲၿပီး ၂၀၂၁ ဒီဇင္ဘာလကုန္ပိုင္းမွာ ေထာင္ ႏွစ္ႏွစ္စီ ခ်မွတ္ခဲ့တာပါ။ သူတို႔ႏွစ္ဦးစလုံးဟာ စစ္တပ္က အာဏာသိမ္းခဲ့တဲ့ ၂၀၂၁ ေဖေဖာ္ဝါရီ ၁ ရက္ေန႔တည္းက ဖမ္းဆီးခံခဲ့ရပါတယ္။

တရား႐ုံးနဲ႔နီးစပ္တဲ့ ေရွ႕ေနတဦးကေတာ့ ဦးဟံသာျမင့္ကို လြတ္ၿငိမ္းသက္သာခြင့္နဲ႔ ျပန္လႊတ္ေပးခဲ့တယ္လို႔ ေျပာပါတယ္။ လြတ္ၿငိမ္းသက္သာခြင့္အရ က်န္ရွိျပစ္ဒဏ္က်ခံရမယ့္ရက္ကို ေလွ်ာ့ေပါ့ေပးေပမယ့္ ထပ္ၿပီးေတာ့က်ဴးလြန္ရင္ က်န္တဲ့ေထာင္ဒဏ္ တႏွစ္ေက်ာ္ကို ဆက္ၿပီးက်ခံရမယ္ဆိုတာ အသိေပး ျပန္လႊတ္ခဲ့တာျဖစ္တယ္လို႔ေျပာပါတယ္။

ဦးဟံသာျမင့္ျပန္လြတ္ေပမယ့္ သူနဲ႔အတူအဖမ္းခံရၿပီး ပုဒ္မတူ ေထာင္ခ်ခံရတဲ့ ဦးသိန္းဦးေတာ့ လြတ္မလာေသးပါ ဘူး။ ဦးဟံသာျမင့္လိုပဲ အင္းစိန္အက်ဥ္းေထာင္ကေန လူ ၅ ဦးထက္မနည္း ဒီကေန႔ျပန္လႊတ္ေပးတယ္လို႔ သိရေပမယ့္ အဲဒီ ျပန္လြတ္တဲ့သူေတြ ဘယ္သူေတြလဲဆိုတာ အတိအက်သိရဖို႔ ဗြီအိုေအက ဆက္လက္စုံစမ္းဆဲျဖစ္ပါတယ္။

................................................................................

တိုက္႐ိုက္ လင့္ခ္


NLD အတွင်းရေးမှူးအဖွဲ့ဝင် ဦးဟံသာမြင့် ထောင်ကပြန်လွတ်

(Unicode)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဟံသာမြင့်ကို ဒီကနေ့ ဇန်နဝါရီ ၂၇ ရက်မှာ အင်းစိန်အကျဉ်းထောင်ကနေ သူ့ရဲ့နေအိမ်ကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ ဦးဟံသာမြင့်ရဲ့ရှေ့နေက ပြောပါတယ်။ ဦးဟံသာမြင့်ကို အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လုပ်ဆောင်မှု ၅၀၅ (ခ) နဲ့ စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ချထားတာပါ။ ဘာကြောင့် ပြန်လွှတ်ပေးသလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ သူ့ရှေ့နေက ဗွီအိုအေကို ပြောပါတယ်။

“မေးကြည့်တာတော့ ဟုတ်တယ်ပြောတယ်။ Detail (အသေးစိတ်) တော့ မသိရသေးဘူး။ ကျနော်တို့လည်းအံ့ဩနေတာ။ ဒီရက်ပိုင်း သူ့ကိစ္စကို ကျနော်တို့ အယူခံတက်ဖို့ရှိတာကိုး၊ ဦးဟံသာမြင့်ကိစ္စ အယူခံတက်ဖို့ရှိတယ်။ ဒါကတော့ လွတ်တာ လွတ်တာပေါ့၊ တက်တာတက်ရမှာပေါ့ သတ်သတ်စီပါ။”

အာဏာသိမ်းစစ်တပ်နဲ့ မပူးပေါင်းဖို့ ၂၀၂၁ ဖေဖော်ဝါရီ ၇ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ NLD ပါတီက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် နှစ်စောင်က တိုင်းပြည်မငြိမ်မသက်ဖြစ်စေဖို့ စည်းရုံးလှုံ့ဆော်မှုမြောက်တယ်ဆိုပြီး ဦးဟံသာမြင့်နဲ့ ၂၀၂၀ ရွေးကောက်ပွဲ ဗဟို အောင်နိုင်ရေးအဖွဲ့ ဘဏ္ဍာရေးမှူး ဦးသိန်းဦးတို့ကို ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲပြီး ၂၀၂၁ ဒီဇင်ဘာလကုန်ပိုင်းမှာ ထောင် နှစ်နှစ်စီ ချမှတ်ခဲ့တာပါ။ သူတို့နှစ်ဦးစလုံးဟာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့တည်းက ဖမ်းဆီးခံခဲ့ရပါတယ်။

တရားရုံးနဲ့နီးစပ်တဲ့ ရှေ့နေတဦးကတော့ ဦးဟံသာမြင့်ကို လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ ပြောပါတယ်။ လွတ်ငြိမ်းသက်သာခွင့်အရ ကျန်ရှိပြစ်ဒဏ်ကျခံရမယ့်ရက်ကို လျှော့ပေါ့ပေးပေမယ့် ထပ်ပြီးတော့ကျူးလွန်ရင် ကျန်တဲ့ထောင်ဒဏ် တနှစ်ကျော်ကို ဆက်ပြီးကျခံရမယ်ဆိုတာ အသိပေး ပြန်လွှတ်ခဲ့တာဖြစ်တယ်လို့ပြောပါတယ်။

ဦးဟံသာမြင့်ပြန်လွတ်ပေမယ့် သူနဲ့အတူအဖမ်းခံရပြီး ပုဒ်မတူ ထောင်ချခံရတဲ့ ဦးသိန်းဦးတော့ လွတ်မလာသေးပါ ဘူး။ ဦးဟံသာမြင့်လိုပဲ အင်းစိန်အကျဉ်းထောင်ကနေ လူ ၅ ဦးထက်မနည်း ဒီကနေ့ပြန်လွှတ်ပေးတယ်လို့ သိရပေမယ့် အဲဒီ ပြန်လွတ်တဲ့သူတွေ ဘယ်သူတွေလဲဆိုတာ အတိအကျသိရဖို့ ဗွီအိုအေက ဆက်လက်စုံစမ်းဆဲဖြစ်ပါတယ်။

XS
SM
MD
LG