သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အစိုးရ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း အာမခံနဲ့ပြန်လွတ် 


NLD အစိုးရ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း ( ဓာတ်ပုံ - Official Publication)
NLD အစိုးရ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း ( ဓာတ်ပုံ - Official Publication)

NLD အစိုးရလက်ထက် စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်းကို ကျန်းမာရေးအခြေအနေအရဆိုပြီး ဒီကနေ့မှာ အချုပ်ကနေ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ ဒါပေမဲ့ အမှုကို ဆက်ပြီး ရင်ဆိုင်သွားရမှာဖြစ်တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ ရှေ့နေတဦးက အတည်ပြုပြောပါတယ်။

“အသက်အရွယ်အရကော ကျန်းမာရေးအရကော လောလောဆယ်ဆေးကုသမှုခံယူနေရတာဆိုတော့လေ အဲဒါကြောင့် ရာဇဝတ်ကျင့်ထုံးဥပဒေ ၄၉၇(၁) အရ ပေးလိုက်တာပါ။ အာမခံ ခံဝန်နဲ့ အမှုရင်ဆိုင်ရမှာပေါ့။ ကျပ် သိန်း ၂၅၀ တန် ခံဝန်နဲ့ အမှုရင်ဆိုင်ရမယ်။ တရားရုံးကဖတ်ပြတာတော့ သူကဆေးကုသမှုခံယူရန်လိုအပ်သေး တယ်ဆိုတာဖတ်ပြတယ်။ အသေးစိတ်ကိုမသိဘူး။ တရားရုံးကဖတ်ပြတာကတော့ ထောင်ကပေးစာနဲ့ ဆေးရုံ ကြီး ကုတင် ၁၀၀၀ကပေးစာ ၂ခုကိုဖတ်ပြတာ။”

ဦးစိုးဝင်းဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သူ့ရဲ့စီးပွားရေး အကြံပေး Sean Turnell တို့နဲ့အတူ နိုင်ငံတော်လျှို့ဝှက်ချက်ချိုးဖောက်တယ်ဆိုတဲ့ စွဲချက်နဲ့ တရားစွဲခံနေရတာပါ။ ဒီအမှုကို အပတ်စဉ် ကြာသပတေးနေ့တိုင်း နေပြည်တော် အထူးတရားရုံးမှာ ကြားနာစစ်ဆေးနေပါတယ်။ ဒီနေ့ ကြားနာမှုအတွင်း ဦးစိုးဝင်းကို အာမခံပေးလိုက်တာ ဖြစ်ပါတယ်။

ဦးစိုးဝင်းဟာ အူမကြီးကင်ဆာ ရောဂါကြောင့် ပြီးခဲ့တဲ့ဒီဇင်ဘာလထဲက ခွဲစိတ်ကုသမှုခံယူခဲ့ပြီး နောက်ပိုင်းမှာလည်း ကျန်းမာရေးကြောင့် ရုံးချိန်းတွေ မလာရောက်နိုင်တာ တလကျော်နေပါပြီ။ ဒီနေ့ကြားနာပွဲကိုလည်း သူမလာနိုင်ခဲ့ပါဘူး။

ဒီနေ့ကြားနာပွဲမှာ တရားလိုသက်သေအဖြစ် လာရောက်ထွက်ဆိုရမယ့် မူခင်းတပ်ဖွဲ့ နည်းပညာဌာနက အရာရှိတဦး မလာရောက်တာကြောင့် စစ်ဆေးနိုင်ခြင်းမရှိဘဲ နောက်တကြိမ်ရုံးချိန်းအဖြစ် ဖေဖော်ဝါရီ ၃ ရက်ကို ရက်ချိန်းပေးခဲ့ပါတယ်။

စီးပွားရေးအကြံပေး Sean Turnell ရဲ့ Laptop ထဲမှာ စီမံဘဏ္ဍာဝန်ကြီးဌာနနဲ့ ဆက်စပ်တဲ့ စာရွက်စာတမ်းတွေ့တယ်လို့ဆိုပြီး စီးပွားရေး အကြံပေး Sean Turnell ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ NLD အစိုးရလက်ထက်က စီမံဘဏ္ဍာ ဝန်ကြီး နှစ်ဦး ဖြစ်တဲ့ ဦးကျော်ဝင်းနဲ့ ဦးစိုးဝင်း၊ ဒုဝန်ကြီး ဦးဆက်အောင် တို့ကို နိုင်ငံတော်လျှို့ဝှက်ချက်အက် ဥပဒေပုဒ်မ ၃-၁ (ဂ) နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

...................................................................................

NLD အစိုးရ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း အာမခံနဲ့ပြန်လွတ်
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်



(Unicode)







XS
SM
MD
LG