သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NLD အမတ္ေလာင္း ၃ ဦး ျပန္လြတ္လာမႈ အေမရိကန္ ႀကိဳဆို


AA ရခိုင္လက္နက္ကိုင္အဖဲြ႔ ျပန္လႊတ္ေပးခဲ့တဲ့ ဖမ္းဆီးထားတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္သုံးဦး။ (ဓာတ္ပုံ -တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕ - ဇန္နဝါရီ ၀၁၊ ၂၀၂၁)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ ေရြးေကာက္ပြဲ အတြက္ မဲဆြယ္စည္းရံုးေနစဥ္ ဖမ္းဆီးေခၚေဆာင္တာ ခံခဲ့ရတဲ့ NLD အမ်ိဳးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္က လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၃ ဦးျပန္ၿပီး လြတ္ေျမာက္လာတာကို ႀကိဳဆိုေၾကာင္း ရန္ကုန္ အေမရိကန္သံရံုးက ႏွစ္ဆန္းတရက္ ေသာၾကာေန႔မွာ ေျပာၾကားခဲ့ပါတယ္။

ဒီမိုကေရစီစနစ္တခုမွာ ကိုယ္စားလွယ္ေလာင္းေတြအတြက္ ေဘးကင္းၿပီး လံုၿခံဳမႈရွိရွိနဲ႔ မဲဆြယ္ စည္းရံုးခြင့္ ရွိရမွာ ျဖစ္ေၾကာင္းလည္း သံရံုးရဲ့ ေဖ့ဘုတ္ စာမ်က္မွာမွာ ေဖၚျပထားပါတယ္။

ရခိုင္ျပည္နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးမင္းေအာင္၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚနီနီေမျမင့္နဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ေဒၚခ်စ္ခ်စ္ေခ်ာတို႔ကို ေရြးေကာက္ပြဲမတိုင္ခင္ ေအာက္တိုဘာလ ၂၄ ရက္တုန္းက AA လက္နက္ကိုင္အဖြဲ႔က ဖမ္းဆီးေခၚေဆာင္သြားခဲ့ တာျဖစ္ၿပီး ႏွစ္ဆန္းတရက္ေန႔မွာေတာ့ ျပန္လႊတ္ေပးခဲ့တာ ျဖစ္ပါတယ္။

လုံၿခံဳေရးစိတ္မခ်ရတဲ့အတြက္ ရခုိင္ျပည္နယ္က ေရြးေကာက္ပဲြေတြ မက်င္းပႏုိင္ခဲ့တဲ့ ေနရာေတြမွာ ျပန္လည္ က်င္းပႏုိင္မယ့္ အေျခအေနေတြ ဖန္တီးဖုိ႔ AA ရခုိင္လက္နက္ကုိင္အဖဲြ႔ရဲ႕ ႏိုဝင္ဘာ ၁၂ ရက္ေန႔ ထုတ္ျပန္ခ်က္ကို တပ္မေတာ္က ႀကိဳဆုိလုိက္ၿပီးေနာက္ ရခိုင္ျပည္နယ္မွာ တပ္မေတာ္နဲ႕ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႔ အၾကားပစ္ခတ္မႈရပ္စဲေနတာ တလေက်ာ္ရွိေနၿပီျဖစ္ၿပီး အခုလည္း AA အဖြဲ႔က ဖမ္းထားတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ အတူ တိုက္ပြဲေတြအတြင္း ဖမ္းဆီးထားတဲ့ တပ္မေတာ္သား ၃ ဦးကိုပါ ျပန္လႊတ္ေပးခဲ့တာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ၂၀၂၁ ခုႏွစ္အတြင္း ၿငိမ္းခ်မ္းမႈ၊ ဒီမိုကေရစီနဲ႔ သာယာဝေျပာမႈကို ျပည္သူေတြ ပိုခံစား ရေစဖို႔ ေမ ွ်ာ္လင့္ေၾကာင္းလည္း အေမရိကန္သံရံုး ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

NLD အမတ်လောင်း ၃ ဦး ပြန်လွတ်လာမှု အမေရိကန် ကြိုဆို

(Unicode)

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးနေစဉ် ဖမ်းဆီးခေါ်ဆောင်တာ ခံခဲ့ရတဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦးပြန်ပြီး လွတ်မြောက်လာတာကို ကြိုဆိုကြောင်း ရန်ကုန် အမေရိကန်သံရုံးက နှစ်ဆန်းတရက် သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

ဒီမိုကရေစီစနစ်တခုမှာ ကိုယ်စားလှယ်လောင်းတွေအတွက် ဘေးကင်းပြီး လုံခြုံမှုရှိရှိနဲ့ မဲဆွယ် စည်းရုံးခွင့် ရှိရမှာ ဖြစ်ကြောင်းလည်း သံရုံးရဲ့ ဖေ့ဘုတ် စာမျက်မှာမှာ ဖေါ်ပြထားပါတယ်။

ရခိုင်ပြည်နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်နဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့ကို ရွေးကောက်ပွဲမတိုင်ခင် အောက်တိုဘာလ ၂၄ ရက်တုန်းက AA လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ တာဖြစ်ပြီး နှစ်ဆန်းတရက်နေ့မှာတော့ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

လုံခြုံရေးစိတ်မချရတဲ့အတွက် ရခိုင်ပြည်နယ်က ရွေးကောက်ပွဲတွေ မကျင်းပနိုင်ခဲ့တဲ့ နေရာတွေမှာ ပြန်လည် ကျင်းပနိုင်မယ့် အခြေအနေတွေ ဖန်တီးဖို့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ နိုဝင်ဘာ ၁၂ ရက်နေ့ ထုတ်ပြန်ချက်ကို တပ်မတော်က ကြိုဆိုလိုက်ပြီးနောက် ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ အကြားပစ်ခတ်မှုရပ်စဲနေတာ တလကျော်ရှိနေပြီဖြစ်ပြီး အခုလည်း AA အဖွဲ့က ဖမ်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အတူ တိုက်ပွဲတွေအတွင်း ဖမ်းဆီးထားတဲ့ တပ်မတော်သား ၃ ဦးကိုပါ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်အတွင်း ငြိမ်းချမ်းမှု၊ ဒီမိုကရေစီနဲ့ သာယာဝပြောမှုကို ပြည်သူတွေ ပိုခံစား ရစေဖို့ မေ ျှာ်လင့်ကြောင်းလည်း အမေရိကန်သံရုံး ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG