သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားဖျက်သိမ်းရေး မြောက်ကိုရီးယားစတင်ပြီ


နျူကလီးယားစမ်းသပ်စခန်းများကို ရှင်းလင်း
နျူကလီးယားစမ်းသပ်စခန်းများကို ရှင်းလင်း

နျူကလီးယားလက်နက်ဖျက်သိမ်းရေးအစီအစဉ်အပြည့်အဝဆောင်ရွက်ရေး လုပ်ငန်းစဉ်တွေ မြောက်ကိုရီးယားမှာ စတင်နေပြီလို့ အမေရိကန် သမ္မတ Donald Trump က မနေ့တုန်းကပဲ ပြောလိုက်ပါတယ်။

နျူကလီးယားလက်နက်စမ်းသပ်တဲ့အဓိကနေရာကြီး လေးခုကိုဖေါက်ခွဲ ဖျက်ဆီးလိုက်ပြီဖြစ်လို့ ဒါဟာဖျက်သိမ်းရေးလုပ်ငန်းစဉ်စတင်နေတယ်ဆိုတဲ့သဘောပဲလို့ သမ္မတထရမ့် က သူ့ရဲ့ အစိုးရအဖွဲ့ကို မနေ့တုန်းက အိမ်ဖြူတော်မှာပြောခဲ့ပါတယ်။

ပဲ့ထိန်းတပ်ဒုံးတွေအပါအဝင် ဒုံးကျည်ပစ်လွှတ်မှု တွေကို မြောက်ကိုရီးယားက ရပ်တန့်လိုက်ပြီး အင်ဂျင်နေရာကိုလည်း ဖေါက်ခွဲဖျက်ဆီးနေကြတယ်လို့ဆိုပါတယ်။

သမ္မတထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ ဇွန်လ၁၂ရက်နေ့တွေ့ဆုံပြီးနောက်ပိုင်း နျူကလီးယားလက်နက်ဖျက်သိမ်းရေးကိစ္စ မြောက်ကိုရီးယား ဘက်က ဘာတွေလုပ်ထားပြီလဲလို့ သတင်းထောက်တွေက ကာကွယ်ရေးဝန်ကြီး Jim Mattis ကို ဗုဒ္ဓဟူးနေ့တုန်းက မေးခဲ့ပါတယ်။ အဲဒီတုန်းကတော့ ကာကွယ်ရေးဝန်ကြီးက သူဘာမှ ထူးထူးခြားခြားသိမထားဘူး၊ အသေးစိတ်ညှိနှိုင်း ဆွေးနွေးမှုတွေလည်း မစသေးဘူးလို့ သတင်းထောက်တွေကိုပြောခဲ့ပါတယ်။

မနေ့တုန်းက သမ္မတထရမ့်ရဲ့ မြောက်ကိုရီးယားအရေး သူ့အစိုးရအဖွဲ့ကို ပြောဆိုချိန်မှာ ကာကွယ်ရေးဝန်ကြီး Jim Mattis က သူ့ဘေးမှာရှိနေခဲ့တာပါ။ အမေရိကန် အခြေစိုက် မြောက်ကိုရီးယား စောင့်ကြည့်လေ့လာရေးအဖွဲ့ 38North အဖွဲ့ရဲ့ပြောဆိုချက်အရလည်း ပြီးခဲ့တဲ့သီတင်းပတ် အထိ မြောက်ကိုရီးယားဘက်က နျူကလီးယားလက်နက်ဖျက်သိမ်းရေးဆိုင်ရာလှုပ်ရှားမှုတွေ ဘာမှမတွေ့ရဘူးလို့ပြော ထားပါတယ်။ စင်္ကာပူမှာလုပ်ခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲမတိုင်ခင်တုန်းကတော့ တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်တာ တွေကို ရပ်ဆိုင်းထားပြီး နျူကလီးယား ဗုံးခွဲစမ်းသပ်တဲ့နေရာကိုလည်း ပိတ်ထားလိုက်ပြီလို့ မြောက်ကိုရီးယားဘက်က ပြောပါတယ်။

နျူကလီးယားဖျက်သိမ်းရေး မြောက်ကိုရီးယားစတင်ပြီ
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG