သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီကို အားပေးထောက်ခံမှုအတွက် ရုရှားကို NUCC ရှုတ်ချ


စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (ဝဲ) နဲ့ လက်ဆွဲနှုတ်ဆက်နေတဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov (ယာ) (သြဂုတ် ၃၊ ၂၀၂၂)
စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (ဝဲ) နဲ့ လက်ဆွဲနှုတ်ဆက်နေတဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov (ယာ) (သြဂုတ် ၃၊ ၂၀၂၂)

မြန်မာစစ်ကောင်စီကို အကူအညီ အထောက်အပံ့တွေ ပေးတဲ့အတွက် ရုရှားနိုင်ငံကို အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ NUCC က ပြင်းပြင်း ထန်ထန် ရှုတ်ချ ကန့်ကွက်ပါတယ်။ ဇွန်လ ၁ဝရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ- ၂ဝဝ၇ ခုနှစ်က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ မှာ မြန်မာ့အရေး ဆုံးဖြတ်ချက် ချဖို့ ကြိုးပမ်းရာမှာ ရုရှားနိုင်ငံအနေနဲ့ ဗီတိုအာဏာသုံး ပယ်ချခဲ့တာ၊ ၂ဝ၂၁ ခုနှစ်က ကုလသမဂ္ဂ အထွေထွေညီလာခံက ချမှတ်ခဲ့တဲ့ မြန်မာစစ်ကောင်စီကို လက်နက် ရောင်းချခြင်းမပြုရေး သဘောတူညီချက်ကို လက်မှတ်မထိုးပဲ စစ်လက်နက်တွေ ဆက်လက်ရောင်းချတာတွေ ပြုလုပ်ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ ဆက်လက်ပြီး ရုရှားအနေနဲ့ မြန်မာစစ်ကောင်စီကို သံတမန်ရေး စစ်ရေး အားပေးထောက်ခံနေတာတွေဟာ အာဆီယံနဲ့ နိုင်ငံတကာရဲ့ မြန်မာအရေး ဖြေရှင်းရေးအပေါ်ကိုလည်း ပျက်ပြားစေတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီတောအတွင်းမှာပဲ ဒီလ ဇွန် ၆ ရက် နဲ့ ၇ ရက်နေ့တွေက ရုရှားနဲ့ မြန်မာစစ်ကောင်စီတို့ ပူးပေါင်းပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်း စီမံချက် ရေးဆွဲရေး ဆွေးနွေးပွဲကို ရုရှားနိုင်ငံ ခါဘရော့ဇ်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ကို အကြမ်းဖက်သမားအဖြစ် သတ်မှတ်ထားတဲ့အကြောင်း တင်ပြခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲကို မြန်မာစစ်ကောင်စီ၊ ရုရှား၊ တရုတ်၊ အိန္ဒိယတို့လည်း တက်ရောက်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက ကိုယ်စားလှယ်တွေကတော့ လူကိုယ်တိုင်တချို့၊ အွန်လိုင်းကနေ တချို့ တက်ရောက်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG