[[Zawgyi/Unicode]]
ျမန္မာစစ္ေကာင္စီဟာ ဥပေဒနဲ႔မညီသလို တရားလည္းမဝင္ဘူးလို႔ ကုလသမဂၢရဲ႕ ျမန္မာ့လူ႔အခြင့္အေရးဆိုင္ရာ အထူးကိုယ္စားလွယ္ကေျပာဆိုလိုက္ၿပီး အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ကို ႏိုင္ငံတကာကေထာက္ခံၾကဖို႔ အဂၤါေန႔မွာ တိုက္တြန္းလိုက္ပါတယ္။
စစ္ေကာင္စီရဲ႕တရားဝင္မႈကို ဆန႔္က်င္ျငင္းပယ္ၿပီး စစ္ေကာင္စီအေပၚ ျပင္းျပင္းထန္ထန္ ပူးေပါင္းဒဏ္ခတ္ပိတ္ဆို႔ႏိုင္ေရးအတြက္ ကုလသမဂၢအဖြဲ႕ဝင္ႏိုင္ငံေတြ မဟာမိတ္ဖြဲ႕ၾကဖို႔လည္း သူက တိုက္တြန္းလိုက္ပါတယ္။ တရားဝင္ ျမန္မာအစိုးရျဖစ္ေရး စစ္ေကာင္စီရဲ႕ေျပာဆိုခ်က္ေတြရဲ႕ အျပစ္အနာအဆာေတြ၊ လိုအပ္ခ်က္ေတြကိုေဖာ္ျပထားတဲ့အစီရင္ခံစာသစ္ကို ကုလသမဂၢရဲ႕ ျမန္မာ့ လူ႔အခြင့္အေရးဆိုင္ရာ အထူးကိုယ္စားလွယ္ Tom Andrews က စစ္အာဏာသိမ္းမႈ ၂ ႏွစ္ျပည့္ဖို႔ တရက္အလိုမွာ ထုတ္ျပန္လိုက္တာ ျဖစ္ပါတယ္။
လြန္ခဲ့တဲ့ ၂ ႏွစ္တုန္းက စစ္တပ္က အေျခခံဥပေဒနဲ႔မညီၫြတ္ဘဲအာဏာသိမ္းခဲ့ၿပီး ဒီမိုကေရစီနည္းက် ေ႐ြးေကာက္ခံအစိုးရကို ျဖဳတ္ခ်ခဲ့ပါတယ္။ အၾကမ္းဖက္မႈေတြ ဆက္တိုက္လုပ္ခဲ့တာေၾကာင့္လည္း ျမန္မာလူထုအတြက္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ၊ လူသားခ်င္းစာနာကူညီမႈနဲ႔ စီးပြားေရးဆိုင္ရာျပႆနာ အၾကပ္အတည္းေတြ အႀကီးအက်ယ္ျဖစ္ေစခဲ့ၿပီး ႏိုင္ငံတဝန္း ဆန႔္က်င္မႈေတြ ျဖစ္လာေစခဲ့ပါတယ္လို႔ အထူးကိုယ္စားလွယ္က ေျပာပါတယ္။
“အၿပီးသတ္ေကာက္ခ်က္ကေတာ့ ရွင္းပါတယ္။ စစ္ေကာင္စီရဲ႕စစ္အာဏာသိမ္းမႈဟာ တရားမဝင္ပါဘူး။ ျမန္မာႏိုင္ငံရဲ႕အစိုးရျဖစ္ပါတယ္လို႔ သူတို႔ ေျပာခ်က္ကလည္း တရားမဝင္ပါဘူး။ ဒီျပႆနာကို ႏိုင္ငံတကာဘက္က ပူးေပါင္းတုံ႔ျပန္မႈသစ္က အေရးပါပါတယ္။” လို႔ အထူးကိုယ္စားလွယ္ Andrews က တိုက္တြန္းသြားပါတယ္။
=================
{{Unicode]]
NUG ကို နိုင်ငံတကာက အသိအမှတ်ပြုဖို့ ကုလလူ့အခွင့်အရေးကိုယ်စားလှယ်တိုက်တွန်း
မြန်မာစစ်ကောင်စီဟာ ဥပဒေနဲ့မညီသလို တရားလည်းမဝင်ဘူးလို့ ကုလသမဂ္ဂရဲ့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ကပြောဆိုလိုက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို နိုင်ငံတကာကထောက်ခံကြဖို့ အင်္ဂါနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
စစ်ကောင်စီရဲ့တရားဝင်မှုကို ဆန့်ကျင်ငြင်းပယ်ပြီး စစ်ကောင်စီအပေါ် ပြင်းပြင်းထန်ထန် ပူးပေါင်းဒဏ်ခတ်ပိတ်ဆို့နိုင်ရေးအတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ မဟာမိတ်ဖွဲ့ကြဖို့လည်း သူက တိုက်တွန်းလိုက်ပါတယ်။ တရားဝင် မြန်မာအစိုးရဖြစ်ရေး စစ်ကောင်စီရဲ့ပြောဆိုချက်တွေရဲ့ အပြစ်အနာအဆာတွေ၊ လိုအပ်ချက်တွေကိုဖော်ပြထားတဲ့အစီရင်ခံစာသစ်ကို ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်ဖို့ တရက်အလိုမှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်တုန်းက စစ်တပ်က အခြေခံဥပဒေနဲ့မညီညွတ်ဘဲအာဏာသိမ်းခဲ့ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့ပါတယ်။ အကြမ်းဖက်မှုတွေ ဆက်တိုက်လုပ်ခဲ့တာကြောင့်လည်း မြန်မာလူထုအတွက် လူ့အခွင့်အရေးချိုးဖောက်မှု၊ လူသားချင်းစာနာကူညီမှုနဲ့ စီးပွားရေးဆိုင်ရာပြဿနာ အကြပ်အတည်းတွေ အကြီးအကျယ်ဖြစ်စေခဲ့ပြီး နိုင်ငံတဝန်း ဆန့်ကျင်မှုတွေ ဖြစ်လာစေခဲ့ပါတယ်လို့ အထူးကိုယ်စားလှယ်က ပြောပါတယ်။
“အပြီးသတ်ကောက်ချက်ကတော့ ရှင်းပါတယ်။ စစ်ကောင်စီရဲ့စစ်အာဏာသိမ်းမှုဟာ တရားမဝင်ပါဘူး။ မြန်မာနိုင်ငံရဲ့အစိုးရဖြစ်ပါတယ်လို့ သူတို့ ပြောချက်ကလည်း တရားမဝင်ပါဘူး။ ဒီပြဿနာကို နိုင်ငံတကာဘက်က ပူးပေါင်းတုံ့ပြန်မှုသစ်က အရေးပါပါတယ်။” လို့ အထူးကိုယ်စားလှယ် Andrews က တိုက်တွန်းသွားပါတယ်။