သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

The Elders ခေါင်းဆောင်တွေနဲ့ NUG နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ


The Elders ခေါင်းဆောင်တွေနဲ့ NUG နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ (စက်တင်ဘာ ၂၂၊ ၂၀၂၃)
The Elders ခေါင်းဆောင်တွေနဲ့ NUG နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ (စက်တင်ဘာ ၂၂၊ ၂၀၂၃)

ကမ္ဘာ့အထင်ကရ ခေါင်းဆောင်ကြီးများအဖွဲ့ The Elders ဥက္ကဌ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးနဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပနေတဲ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးမှာ The Elders အဖွဲ့ဥက္ကဋ္ဌ အိုင်ယာလန်သမ္မတဟောင်း Mary Robison နဲ့အတူ မွန်ဂိုးလီးယား သမ္မတဟောင်းနဲ့ ဝန်ကြီးချုပ်ဟောင်းဖြစ်သူ Elbegdor Tsakhia ၊ ကိုလံဘီယာနိုင်ငံ သမ္မတဟောင်း Juan Manuel Santos နဲ့ The Elders အဖွဲ့က တခြား တာဝန်ရှိသူတွေကို စက်တင်ဘာ ၂၂ သောကြာနေ့က တွေ့ဆုံခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

တွေ့ဆုံပွဲမှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးအပါအဝင် ဝန်ကြီးတချို့နဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ ပါဝင်ပါတယ်။ နိုင်ငံတကာ မျက်နှာစာမှာ စစ်ကောင်စီအပေါ် သံတမန်ရေး၊ စီးပွားရေးနဲ့ ဘဏ္ဍာရေးအရ ထိထိရောက်ရောက် ဆက်လက် ဖိအားပေး လုပ်ဆောင်ဖို့ အထွေထွေညီလာခံကျင်းပနေချိန်မှာ NUG ကကြိုးပမ်းနေတာဖြစ်တယ်လို့ NUG ကပြောပါတယ်။ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ ပိစိဖိတ်ရေးရာဗျူရို လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Kritenbrink နဲ့လည်း စက်တင်ဘာလ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့က နယူးယောက်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။

သံတမန်ရေး၊ စီးပွားရေးနဲ့ ဘဏ္ဍာရေးအရ စစ်ကောင်စီအပေါ် ဖိအားပေးမှုတွေ ဆက်လက် လုပ်ဆောင်ရေးကိစ္စတွေကို ဆွေနွေးခဲ့တယ်လို့ ဝန်ကြီး ဒေါ်ဇင်မာအောင်က ဗွီအိုအေကို ပြောပါတယ်။ နယူးယောက် ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ ၇၈ ကြိမ်မြောက် အထွေထွေညီလာခံမှာတော့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG