သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump ရဲ့ လူဝင်မှုအမိန့် ဆန္ဒပြသူတွေကို အိုဘားမားထောက်ခံ


 သမ္မတဟောင်း Barack Obama
သမ္မတဟောင်း Barack Obama

သမ္မတ Donald Trump က အမေရိကန်နိုင်ငံမှာ ရွေ့ပြောင်း နေထိုင်ကြမယ့် ဒုက္ခသည်တွေ ဝင်ရောက်ခွင့်နဲ့ မွတ်ဆလင် အများစု နေထိုင်တဲ့ နိုင်ငံ ၇ နိုင်ငံက လူတွေကို ပြည်ဝင်ခွင့် Visa ယာယီ ပိတ်ပင်တဲ့ သမ္မတ အမိန့်ကြေညာချက်ကို အိမ်ဖြူတော်က ခုခံ ကာကွယ်နေတဲ့ အချိန်မှာပဲ သမ္မတဟောင်း Barack Obama က အဲဒီ လုပ်ရပ်တွေကို ဆန့်ကျင်ကြောင်း ပြောကြားလိုက်ပါတယ်။

ဒါဟာ ရာထူးက အနားယူပြီးနောက်ပိုင်း သမ္မတ အိုဘားမားအနေနဲ့ ပထမဆုံးအကြိမ် သဘောထား ထုတ်ပြန်ခြင်းလည်း ဖြစ်ပါတယ်။

သမ္မတဟောင်း အိုဘားမားရဲ့ နိုင်ငံခြားရေး ပေါ်လစီတွေနဲ့ သမ္မတ Trump ရဲ့ တိုင်းပြည်အတွင်း ဝင်ရောက်ခွင့် ပိတ်ပင်မှု နှိုင်းယှဉ် ပြောကြားချက်တွေကို ပယ်ချကြောင်း သမ္မတအိုဘားမားရဲ့ ပြောခွင့်ရ Kevin Lewis က ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

လူတဦးတယောက်ရဲ့ ယုံကြည်ချက်၊ ကိုးကွယ်တဲ့ ဘာသာတရားတို့ကြောင့် နှိမ်ချ ဆက်ဆံတာကို သမ္မတ အိုဘားမားအနေနဲ့ သဘောမတူကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သမ္မတ Trump အစိုးရကတော့ တိုင်းပြည်အတွင်း ဝင်ရောက်ခွင့် ပိတ်ပင် တားဆီးမှုဟာ ဘာသာတရား တခုခုကို ရည်ရွယ် လုပ်ဆောင်ခြင်း မဟုတ်ပဲ သမ္မတ အိုဘားမား အစိုးရလက်ထက်က နိုင်ငံခြားရေးဌာနက ပြုစုထားတဲ့ အကြမ်းဖက်မှုကို ထောက်ခံတဲ့ နိုင်ငံ၊ ဒါမှမဟုတ် အကြမ်းဖက်သမားတွေကို လက်ခံထားတဲ့ နိုင်ငံတွေ စာရင်းအပေါ် အခြေခံပြီး လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောပါတယ်။

Trump ရဲ့ လူဝင်မှုအမိန့် ဆန္ဒပြသူတွေကို အိုဘားမားထောက်ခံ
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG