သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျုးဘားနိုင်ငံသားတွေ လက်ခံတဲ့ အစီအစဉ် အမေရိကန် ရပ်ဆိုင်း


အမေရိကန်ကို ဦးတည်သွားမယ့် ကျူးဘားရွှေ့ပြောင်းသူများ။ (နိုဝင်ဘာ ၁၇၊ ၂၀၁၅)
အမေရိကန်ကို ဦးတည်သွားမယ့် ကျူးဘားရွှေ့ပြောင်းသူများ။ (နိုဝင်ဘာ ၁၇၊ ၂၀၁၅)

အမေရိကန်ပြည်ထောင်စုကို ပြည်ဝင်ခွင့်ဗီဇာမပါဘဲနဲ့ ဝင်ရောက်လာတဲ့ ကျူးဘားနိုင်ငံသားတွေကို လက်ခံနေတဲ့ မူဝါဒကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း အမေရိကန် သမ္မတ ဘရက်ခ်အိုဘားမားက ကြာသပတေးနေ့ မှာပဲ ကြေညာလိုက်ပါတယ်။

နှစ် ၂၀ ကြာခဲ့ပြီဖြစ်တဲ့ ဒီမူဝါဒက ဒီကနေ့ခေတ်နဲ့ မတူညီတဲ့ခေတ် အတွက် ရေးဆွဲခဲ့တာဖြစ်တယ်လို့ သမ္မတအိုဘားမားက သူ့ရဲ့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။

ဒီလိုလုပ်လိုက်ခြင်းအားဖြင့်၊ ကျူးဘားနိုင်ငံက ရွှေ့ပြောင်းအခြေချသူတွေကို တခြားနိုင်ငံတွေကနေ ရွှေ့ပြောင်းအခြေချသူတွေနဲ့ တတန်းတည်း ဆက်ဆံခဲ့တာဖြစ်ကြောင်းနဲ့ တည်ဆဲဥပဒေတွေနဲ့ အညီ ကျူးဘားနိုင်ငံသားတွေ ကိုလည်း တခြားနိုင်ငံတွေက ရွှေ့ပြောင်းအခြေချလာ သူတွေလိုပဲ ဆက်လက် ကြိုဆိုသွားမှာဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

အခုလို လုပ်လိုက်တာက ကျူးဘားနိုင်ငံနဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်အောင် လုပ်တဲ့နေရာမှာ အရေးပါတဲ့ ခြေလှမ်းဖြစ်တယ်လို့ သမ္မတအိုဘားမား ပြောပါတယ်။

အမေရိကန်ကမ်းခြေစောင့်တပ်တွေက ပင်လယ်ထဲမှာ မိတဲ့သူတွေကို ပြန်လက်ခံ သလိုပဲ၊ အမေရိကန်နိုင်ငံကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်လာတဲ့ ကျူဘားနိုင်ငံသားတွေကို ကျူးဘားကပြန်လက်ခံဖို့ သဘောတူခဲ့တယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။

ဆင်းရဲတဲ့တိုင်းပြည်တွေမှာ အမှုထမ်းခဲ့ဖူးတဲ့ ကျုးဘားဆရာဝန်တွေ နဲ့ ဆေးဝန်ထမ်းတွေကို အမေရိကန်က လက်ခံနေတဲ့ အစီအစဉ်ကိုလည်း အမိမြေလုံခြုံရေးဝန်ကြီးဌာနက ရပ်ဆိုင်းမှာဖြစ်ကြောင်းလည်း သမ္မတအိုဘားမားကပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG