သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကေလးေလဆိပ္ကလာမယ္႔ ျပည္တြင္း ေလေၾကာင္းခရီးေတြကို ရပ္ဆိုင္း


ကေလးၿမိဳ႕က ကိုဗစ္စစ္ေဆးေပးရာေနရာ။

(Zawgyi / Unicode)

ဗီဇေျပာင္း Omicron ကိုဗစ္ပိုးသစ္ ကူးစက္သူေတြ အိႏၵိယႏိုင္ငံမွာပါ ရွိေနၿပီမို႔ သူနဲ႔ နယ္နိမိတ္ခ်င္း ထိစပ္ေနတဲ့ စစ္ကိုင္းတိုင္း ကေလးၿမိဳ႕ကေန ပ်ံသန္းေျပးဆဲြတဲ့ ျပည္တြင္းေလေၾကာင္း ခရီးစဥ္ေတြ အားလံုးကို ရက္အကန႔္အသတ္မရွိ ေျပးဆြဲခြင့္ ပိတ္ထားပါတယ္။ ကိုဗစ္တတိယလႈိင္းတုန္းက ကူးစက္သူနဲ႔ ေသဆုံးသူ အမ်ားအျပားရွိခဲ့တဲ့ ကေလးၿမိဳ႕ရဲ႕ အခုလက္ရွိ ကိုဗစ္ျဖစ္ပြားမႈ အေျခအေနကေရာ ဘယ္လိုရွိေနပါသလဲ။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကုိရဲမြန္ ေျပာျပမွာပါ။

ကိုဗစ္မ်ိဳး႐ိုးဗီဇေျပာင္း Omicron ေတြ႔ရွိတဲ့ ႏိုင္ငံေတြထဲမွာ အိႏၵိယႏိုင္ငံလည္း ပါဝင္လာလို႔ ျမန္မာ-အိႏၵိယ နယ္စပ္ေဒသက ခရီးသြားေတြ လိုက္ပါစီးနင္းတတ္တဲ့ ကေလးၿမိဳ႕က ျပည္တြင္းေလေၾကာင္းလိုင္း ခရီးစဥ္ေတြကို ယာယီရပ္ဆိုင္းတယ္လို႔ ဒီဇင္ဘာ ၅ ရက္ ရက္စြဲနဲ႔ ေလေၾကာင္းပို႔ေဆာင္ေရး ညႊန္ၾကားမႈ ဦးစီးဌာနက ထုတ္ျပန္ထားပါတယ္။ ကေလးၿမိဳ႕ ေလေၾကာင္းခရီးစဥ္ေတြကေန တဆင့္ ေရာဂါပိုး ဝင္ေရာက္မွာကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ က်န္းမာေရးဝန္ႀကီးဌာနက ညႇိႏႈိင္းလာလို႔ ျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေရးထားပါတယ္။

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံေရး အေျခအေနေတြေၾကာင့္ ကေလးၿမိဳ႕က ကုန္းလမ္းသြားလာေရး လမ္းေၾကာင္းေတြက ခက္ခဲေနခ်ိန္ ေလေၾကာင္းလိုင္းကိုသာ အဓိက အားထားေနရတာမို႔ အခုလို ၫႊန္ၾကားခ်က္ ထုတ္လိုက္တာဟာ မျဖစ္မေန ကိစၥမ်ိဳးေတြအတြက္ သြားလာဖုိ႔ လိုသူေတြအတြက္ ခက္ခဲသြားႏိုင္တယ္လို႔ ကေလးၿမိဳ႕ ကိုဗစ္တိုက္ဖ်က္ေရး တာဝန္ရွိသူတဦးက ေျပာပါတယ္။

"ႏိုင္ငံေရးအေျခအေနေတြလည္း မၿငိမ္သက္တာေၾကာင့္မို႔လို႔ မသြားရတဲ့ ခရီးေတြလည္း ရွိတယ္။ ေလေၾကာင္းပိတ္လိုက္တာကေတာ့ ကေလးၿမိဳ႕မွာ အဆက္အသြယ္ အေကာင္းဆုံးဆိုလို႔ ေလေၾကာင္းပဲ ရွိေတာ့တာေလ။ ကားလမ္းေတြကလည္း ဆက္သြယ္ေရးက သြားလာရတာ ခက္ခဲသြားၿပီေလ။ အဲဒါကို ပိတ္လိုက္တာကေတာ့ ခရီးသြားလာေရးကေတာ့ နည္းနည္းေတာ့ ခက္ခဲသြားတာေပါ့။ Omicron က WHO ကလည္း အေလးထားတယ္။ ေနာက္ၿပီးေတာ့ က်ယ္က်ယ္ျပန႔္ျပန႔္လည္း ျဖစ္လည္း ျဖစ္လာေနၿပီ။ က်ေနာ္တို႔ေဒသကိုလည္း ဒီပိုးက ေရာက္လာဦးမယ့္ သေဘာပဲ။ ေရာက္လာလို႔ရွိရင္လည္း က်ေနာ္တို႔အေနနဲ႔ ႀကိဳတင္ကာကြယ္ေရးေတြေပါ့ေနာ္၊ ထိန္းခ်ဳပ္တာေတာ့ မထိန္းခ်ဳပ္ႏုိင္ဘူး၊ ဒီတိုင္းပဲ ျပန႔္ဦးမွာပဲ။ ျပန႔္လို႔ရွိရင္ ဘယ္လိုတုံ႔ျပန္မယ္ ဆုိတာနဲ႔ပဲ သြားရမယ္ထင္တာေပါ့ေနာ္။ ကုသေရးနဲ႔ပဲ သြားရမွာေပါ့ဗ်ာ၊ ကာကြယ္ေရးနဲ႔ေတာ့ မသြားႏိုင္ဘူးထင္တာပဲ။"

ျမန္မာႏုိင္ငံမွာ က်ယ္က်ယ္ျပန္႔ျပန္႔ ကူးစက္ျဖစ္ပြားခဲ့တဲ့ ကိုဗစ္တတိယလႈိင္းတုန္းက ကေလးၿမိဳ႕မွာ ေရာဂါပိုး ကူးစက္ခံရသူနဲ႔ ေသဆုံးသူ အမ်ားအျပား ရွိခဲ့ပါတယ္။ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူဦးေရက တရားဝင္ထုတ္ျပန္ထားတဲ့ ကိန္းဂဏန္းေတြမွာ ရာဂဏန္းေလာက္သာ ရွိခဲ့ေပမယ့္ လက္ေတြ႔ေျမျပင္မွာ ေဆာင္ရြက္ခဲ့သူေတြရဲ႕ ကိန္းဂဏန္းအရ ဆိုရင္ေတာ့ ၁,၃၀၀ ဝန္းက်င္ထိ ရွိပါတယ္။ အခု ကိုဗစ္မ်ဳိးသစ္ Omicron ရွိေနၿပီဆိုတာ ျပည္သူေတြ သိထားေပမယ့္ ႀကိဳတင္ကာကြယ္ေရးပိုင္း အေလးထား လိုက္နာတာမ်ဳိး သိပ္မေတ႔ြရဘူးလို႔ ကေလးၿမိဳ႕ ကိုဗစ္တိုက္ဖ်က္ေရးမွာ ပါဝင္ခဲ့သူက ေျပာပါတယ္။

"ကေလးၿမိဳ႕မွာ ကိုဗစ္နဲ႔ ပတ္သက္ၿပီးေတာ့ အေျခအေနက ေတာ္ေတာ္ေလးေတာ့ ၿငိမ္သြားပါတယ္။ ကာကြယ္ထိန္းခ်ဳပ္မႈ အပိုင္းေတြကေတာ့ Mask တပ္တဲ့ႏႈန္းက ၁၅ ရာခိုင္ႏႈန္း၊ ၂၀ ရာခိုင္ႏႈန္းေလာက္ပဲ ရွိေတာ့တာ။ ၿပီးေတာ့ အခုမ်ိဳးကြဲေပၚတယ္၊ ဘာညာေတာ့ ၾကားတာေပါ့ေနာ္။ အဲဒါကို ျပည္သူေတြအေနနဲ႔လည္း ေတာ္ေတာ္မ်ားမ်ား သိၾကတယ္။ ဒါေပမယ့္ သူတို႔ သိပ္ေၾကာက္တဲ့ပုံလည္း မေပၚေတာ့ဘူး။ အဲလို ႀကိဳတင္ျပင္ဆင္မႈ ဘာညာလည္း မေတြ႔ရဘူး။"

ျမန္မာႏုိင္ငံနဲ႔ နယ္နိမိတ္ခ်င္းဆက္ေနတဲ့ အိႏၵိယနဲ႔ ထိုင္းႏုိင္ငံတို႔မွာ Omicron ကိုဗစ္မ်ဳိးသစ္ ကူးစက္သူေတြ ရွိေနၿပီလို႔ သက္ဆိုင္ရာ က်န္းမာေရးဌာနေတြက ထုတ္ျပန္ထားပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ ဗီဇေျပာင္းပိုးသစ္ကူးသူ ႐ွိတယ္ဆိုတ့ဲသတင္း မၾကားရေသးပါဘူး။ ပိုးသစ္ကို ကာကြယ္ႏိုင္ဖုိ႔ လူခ်င္းခပ္ခြာခြာေနဖုိ႔၊ ႏွာေခါင္စည္းတပ္ဖုိ႔ စတဲ့ သတိေပးမႈေတြကိုေတာ့ က်န္းမာေရးဌာနက ထုတ္ျပန္ေနပါတယ္။ ကိုဗစ္ကပ္ေရာဂါ ကာကြယ္ေဆးထိုးတဲ့ အစီအစဥ္ေတြကိုလည္း တႏုိင္ငံလံုး အတိုင္းအတာနဲ႔ လုပ္ေနပါတယ္။ က်န္းမာေရးဌာနရဲ႕ ကိုဗစ္ကာကြယ္ေဆးထိုး အစီအစဥ္အရ တခ်ဳိ႕ေနရာေတြမွာ လြယ္လြယ္ကူကူ ေဆးထိုးႏိုင္ၾကသူေတြရွိသလို တခ်ဳိ႕ေနရာေတြမွာေတာ့ ေဆးထုိးဖုိ႔ ေစာင့္ဆုိင္းေနၾကရသူေတြလည္း ရွိေနပါတယ္။

ကေလးၿမိဳ႕မွာေနထုိင္သူ တခ်ဳိ႕ကေတာ့ အိႏၵိယကေန ကာကြယ္ေဆးလွမ္းမွာၿပီး ကိုယ့္အစီအစဥ္နဲ႔ကိုယ္ ထိုးႏွံတာေတြလည္း ရွိတယ္လို႔ ကေလးၿမိဳ႕ ေဒသခံတဦးက ေျပာပါတယ္။

"ကာကြယ္ေဆးထိုးတာေတြက တခ်ိဳ႕ က်န္းမာေရး စိုးရိမ္တဲ့လူကေတာ့ ကိုယ့္ဟာနဲ႔ကိုယ္ အိႏၵိယဘက္ကေနလာတဲ့ တခ်ိဳ႕ေဆးေတြေပါ့ေနာ္၊ တခါထိုးရင္ ၅၀,၀၀၀ နဲ႔ ထိုးၾကတာေတြလည္း ရွိတယ္။ တျခားလူေတြကေတာ့ သူတို႔ထိုးေပးတဲ့ေဆးကို သြားထိုးတာေတြလည္း ရွိတယ္။ သူတို႔က ဘာယူလဲဆိုေတာ့ အိမ္ေထာင္စုမိတၱဴတို႔၊ မွတ္ပုံတင္မိတၱဴတို႔ ေပးရတယ္ေပါ့။ အခ်က္အလက္ေတြ ေပးရတယ္။ အဲေတာ့ သူတို႔နဲ႔ မပူးေပါင္းခ်င္တဲ့လူကေတာ့ သူတို႔ ကိုဗစ္ေဆးေတြကို သြားမထိုးဘူး။ ေဆးလာထိုးၾကတာက ရြာပိုင္းေတြက ပိုမ်ားတယ္။ ေတာ္ေတာ္မ်ားမ်ားက ကားေတြအျပည့္နဲ႔ လာၾကတယ္။ ၿပီးခဲ့တဲ့ ရက္ေတြကေတာ့ မိုးရြာေနလို႔၊ အဲဒီမတိုင္ခင္ အရင္ရက္ေတြကေတာ့ ကားအစီးလိုက္ သြားထိုးၾကတာေတြ ေတြ႔တယ္။ ကေလးၿမိဳ႕ ေတာင္ပိုင္းဘက္က လာတာေတြက ပိုမ်ားတာေပါ့။"

Omicron ကိုဗစ္ပိုးသစ္ ႏိုင္ငံထဲ ဝင္ေရာက္မလာႏိုင္ေအာင္ ႏိုင္ငံတကာ ဝင္ေပါက္ေတြနဲ႔ နယ္စပ္ေဒသေတြမွာ လူဝင္လူထြက္ စစ္ေဆးတာ၊ ဓာတ္ခြဲစစ္ေဆးတာေတြကို ေဆာင္ရြက္သြားမယ္လို႔ က်န္းမာေရးဌာန ေျပာခြင့္ရ ေဒါက္တာသန္းႏိုင္စိုးက ဗြီအုိေအနဲ႔ အင္တာဗ်ဴးမွာ ေျဖထားပါတယ္။ အခု အိႏၵိယနယ္စပ္ေဒသ ကေလးၿမိဳ႕က ျပည္တြင္းေလေၾကာင္း ခရီးစဥ္ေတြကို ယာယီပိတ္လိုက္တာဟာ ကိုဗစ္ပိုးသစ္နဲ႔ပတ္သက္လို႔ ျပည္တြင္းမွာ ပထမဆုံး ေဆာင္ရြက္တာလို႔ ေျပာလို႔ရေပမယ့္ တႏိုင္ငံလံုး အတိုင္းအတာနဲ႔ ပိုၿပီး တင္းတင္းက်ပ္က်ပ္ လုပ္သင့္တယ္လို႔ ေဝဖန္ေထာက္ျပတာေတြလည္း ရွိေနပါတယ္။

ဗီဇေျပာင္း Omicron ကိုဗစ္ပိုးသစ္နဲ႔ ပတ္သက္လို႔ သိပၸံပညာရွင္ေတြက အတိအက်သိႏိုင္ေအာင္ ႀကိဳးစားေနခ်ိန္မွာ ကိုဗစ္ကာကြယ္ေဆး ထိုးၾကဖို႔နဲ႔ အားျဖည့္ ကုိဗစ္ကာကြယ္ေဆး ထိုးၾကဖို႔ က်န္းမာေရး ပညာရွင္ေတြက တိုက္တြန္းထားပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ ကိုဗစ္ကာကြယ္ေဆး အႀကိမ္ျပည့္ ထုိးႏွံၿပီးသူ ၁၁ သန္းေက်ာ္ ရွိတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ကလေးလေဆိပ်ကလာမယ့် ပြည်တွင်း လေကြောင်းခရီးတွေကို ရပ်ဆိုင်း

ဗီဇပြောင်း Omicron ကိုဗစ်ပိုးသစ် ကူးစက်သူတွေ အိန္ဒိယနိုင်ငံမှာပါ ရှိနေပြီမို့ သူနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့ကနေ ပျံသန်းပြေးဆွဲတဲ့ ပြည်တွင်းလေကြောင်း ခရီးစဉ်တွေ အားလုံးကို ရက်အကန့်အသတ်မရှိ ပြေးဆွဲခွင့် ပိတ်ထားပါတယ်။ ကိုဗစ်တတိယလှိုင်းတုန်းက ကူးစက်သူနဲ့ သေဆုံးသူ အများအပြားရှိခဲ့တဲ့ ကလေးမြို့ရဲ့ အခုလက်ရှိ ကိုဗစ်ဖြစ်ပွားမှု အခြေအနေကရော ဘယ်လိုရှိနေပါသလဲ။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုရဲမွန် ပြောပြမှာပါ။

ကိုဗစ်မျိုးရိုးဗီဇပြောင်း Omicron တွေ့ရှိတဲ့ နိုင်ငံတွေထဲမှာ အိန္ဒိယနိုင်ငံလည်း ပါဝင်လာလို့ မြန်မာ-အိန္ဒိယ နယ်စပ်ဒေသက ခရီးသွားတွေ လိုက်ပါစီးနင်းတတ်တဲ့ ကလေးမြို့က ပြည်တွင်းလေကြောင်းလိုင်း ခရီးစဉ်တွေကို ယာယီရပ်ဆိုင်းတယ်လို့ ဒီဇင်ဘာ ၅ ရက် ရက်စွဲနဲ့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ ကလေးမြို့ လေကြောင်းခရီးစဉ်တွေကနေ တဆင့် ရောဂါပိုး ဝင်ရောက်မှာကို ထိန်းချုပ်နိုင်ဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနက ညှိနှိုင်းလာလို့ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အခြေအနေတွေကြောင့် ကလေးမြို့က ကုန်းလမ်းသွားလာရေး လမ်းကြောင်းတွေက ခက်ခဲနေချိန် လေကြောင်းလိုင်းကိုသာ အဓိက အားထားနေရတာမို့ အခုလို ညွှန်ကြားချက် ထုတ်လိုက်တာဟာ မဖြစ်မနေ ကိစ္စမျိုးတွေအတွက် သွားလာဖို့ လိုသူတွေအတွက် ခက်ခဲသွားနိုင်တယ်လို့ ကလေးမြို့ ကိုဗစ်တိုက်ဖျက်ရေး တာဝန်ရှိသူတဦးက ပြောပါတယ်။

"နိုင်ငံရေးအခြေအနေတွေလည်း မငြိမ်သက်တာကြောင့်မို့လို့ မသွားရတဲ့ ခရီးတွေလည်း ရှိတယ်။ လေကြောင်းပိတ်လိုက်တာကတော့ ကလေးမြို့မှာ အဆက်အသွယ် အကောင်းဆုံးဆိုလို့ လေကြောင်းပဲ ရှိတော့တာလေ။ ကားလမ်းတွေကလည်း ဆက်သွယ်ရေးက သွားလာရတာ ခက်ခဲသွားပြီလေ။ အဲဒါကို ပိတ်လိုက်တာကတော့ ခရီးသွားလာရေးကတော့ နည်းနည်းတော့ ခက်ခဲသွားတာပေါ့။ Omicron က WHO ကလည်း အလေးထားတယ်။ နောက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်လည်း ဖြစ်လည်း ဖြစ်လာနေပြီ။ ကျနော်တို့ဒေသကိုလည်း ဒီပိုးက ရောက်လာဦးမယ့် သဘောပဲ။ ရောက်လာလို့ရှိရင်လည်း ကျနော်တို့အနေနဲ့ ကြိုတင်ကာကွယ်ရေးတွေပေါ့နော်၊ ထိန်းချုပ်တာတော့ မထိန်းချုပ်နိုင်ဘူး၊ ဒီတိုင်းပဲ ပြန့်ဦးမှာပဲ။ ပြန့်လို့ရှိရင် ဘယ်လိုတုံ့ပြန်မယ် ဆိုတာနဲ့ပဲ သွားရမယ်ထင်တာပေါ့နော်။ ကုသရေးနဲ့ပဲ သွားရမှာပေါ့ဗျာ၊ ကာကွယ်ရေးနဲ့တော့ မသွားနိုင်ဘူးထင်တာပဲ။"

မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ဖြစ်ပွားခဲ့တဲ့ ကိုဗစ်တတိယလှိုင်းတုန်းက ကလေးမြို့မှာ ရောဂါပိုး ကူးစက်ခံရသူနဲ့ သေဆုံးသူ အများအပြား ရှိခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူဦးရေက တရားဝင်ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေမှာ ရာဂဏန်းလောက်သာ ရှိခဲ့ပေမယ့် လက်တွေ့မြေပြင်မှာ ဆောင်ရွက်ခဲ့သူတွေရဲ့ ကိန်းဂဏန်းအရ ဆိုရင်တော့ ၁,၃၀၀ ဝန်းကျင်ထိ ရှိပါတယ်။ အခု ကိုဗစ်မျိုးသစ် Omicron ရှိနေပြီဆိုတာ ပြည်သူတွေ သိထားပေမယ့် ကြိုတင်ကာကွယ်ရေးပိုင်း အလေးထား လိုက်နာတာမျိုး သိပ်မတေ့ွရဘူးလို့ ကလေးမြို့ ကိုဗစ်တိုက်ဖျက်ရေးမှာ ပါဝင်ခဲ့သူက ပြောပါတယ်။

"ကလေးမြို့မှာ ကိုဗစ်နဲ့ ပတ်သက်ပြီးတော့ အခြေအနေက တော်တော်လေးတော့ ငြိမ်သွားပါတယ်။ ကာကွယ်ထိန်းချုပ်မှု အပိုင်းတွေကတော့ Mask တပ်တဲ့နှုန်းက ၁၅ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်းလောက်ပဲ ရှိတော့တာ။ ပြီးတော့ အခုမျိုးကွဲပေါ်တယ်၊ ဘာညာတော့ ကြားတာပေါ့နော်။ အဲဒါကို ပြည်သူတွေအနေနဲ့လည်း တော်တော်များများ သိကြတယ်။ ဒါပေမယ့် သူတို့ သိပ်ကြောက်တဲ့ပုံလည်း မပေါ်တော့ဘူး။ အဲလို ကြိုတင်ပြင်ဆင်မှု ဘာညာလည်း မတွေ့ရဘူး။"

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းဆက်နေတဲ့ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့မှာ Omicron ကိုဗစ်မျိုးသစ် ကူးစက်သူတွေ ရှိနေပြီလို့ သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေက ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာတော့ ဗီဇပြောင်းပိုးသစ်ကူးသူ ရှိတယ်ဆိုတဲ့သတင်း မကြားရသေးပါဘူး။ ပိုးသစ်ကို ကာကွယ်နိုင်ဖို့ လူချင်းခပ်ခွာခွာနေဖို့၊ နှာခေါင်စည်းတပ်ဖို့ စတဲ့ သတိပေးမှုတွေကိုတော့ ကျန်းမာရေးဌာနက ထုတ်ပြန်နေပါတယ်။ ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေကိုလည်း တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်နေပါတယ်။ ကျန်းမာရေးဌာနရဲ့ ကိုဗစ်ကာကွယ်ဆေးထိုး အစီအစဉ်အရ တချို့နေရာတွေမှာ လွယ်လွယ်ကူကူ ဆေးထိုးနိုင်ကြသူတွေရှိသလို တချို့နေရာတွေမှာတော့ ဆေးထိုးဖို့ စောင့်ဆိုင်းနေကြရသူတွေလည်း ရှိနေပါတယ်။

ကလေးမြို့မှာနေထိုင်သူ တချို့ကတော့ အိန္ဒိယကနေ ကာကွယ်ဆေးလှမ်းမှာပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် ထိုးနှံတာတွေလည်း ရှိတယ်လို့ ကလေးမြို့ ဒေသခံတဦးက ပြောပါတယ်။

"ကာကွယ်ဆေးထိုးတာတွေက တချို့ ကျန်းမာရေး စိုးရိမ်တဲ့လူကတော့ ကိုယ့်ဟာနဲ့ကိုယ် အိန္ဒိယဘက်ကနေလာတဲ့ တချို့ဆေးတွေပေါ့နော်၊ တခါထိုးရင် ၅၀,၀၀၀ နဲ့ ထိုးကြတာတွေလည်း ရှိတယ်။ တခြားလူတွေကတော့ သူတို့ထိုးပေးတဲ့ဆေးကို သွားထိုးတာတွေလည်း ရှိတယ်။ သူတို့က ဘာယူလဲဆိုတော့ အိမ်ထောင်စုမိတ္တူတို့၊ မှတ်ပုံတင်မိတ္တူတို့ ပေးရတယ်ပေါ့။ အချက်အလက်တွေ ပေးရတယ်။ အဲတော့ သူတို့နဲ့ မပူးပေါင်းချင်တဲ့လူကတော့ သူတို့ ကိုဗစ်ဆေးတွေကို သွားမထိုးဘူး။ ဆေးလာထိုးကြတာက ရွာပိုင်းတွေက ပိုများတယ်။ တော်တော်များများက ကားတွေအပြည့်နဲ့ လာကြတယ်။ ပြီးခဲ့တဲ့ ရက်တွေကတော့ မိုးရွာနေလို့၊ အဲဒီမတိုင်ခင် အရင်ရက်တွေကတော့ ကားအစီးလိုက် သွားထိုးကြတာတွေ တွေ့တယ်။ ကလေးမြို့ တောင်ပိုင်းဘက်က လာတာတွေက ပိုများတာပေါ့။"

Omicron ကိုဗစ်ပိုးသစ် နိုင်ငံထဲ ဝင်ရောက်မလာနိုင်အောင် နိုင်ငံတကာ ဝင်ပေါက်တွေနဲ့ နယ်စပ်ဒေသတွေမှာ လူဝင်လူထွက် စစ်ဆေးတာ၊ ဓာတ်ခွဲစစ်ဆေးတာတွေကို ဆောင်ရွက်သွားမယ်လို့ ကျန်းမာရေးဌာန ပြောခွင့်ရ ဒေါက်တာသန်းနိုင်စိုးက ဗွီအိုအေနဲ့ အင်တာဗျူးမှာ ဖြေထားပါတယ်။ အခု အိန္ဒိယနယ်စပ်ဒေသ ကလေးမြို့က ပြည်တွင်းလေကြောင်း ခရီးစဉ်တွေကို ယာယီပိတ်လိုက်တာဟာ ကိုဗစ်ပိုးသစ်နဲ့ပတ်သက်လို့ ပြည်တွင်းမှာ ပထမဆုံး ဆောင်ရွက်တာလို့ ပြောလို့ရပေမယ့် တနိုင်ငံလုံး အတိုင်းအတာနဲ့ ပိုပြီး တင်းတင်းကျပ်ကျပ် လုပ်သင့်တယ်လို့ ဝေဖန်ထောက်ပြတာတွေလည်း ရှိနေပါတယ်။

ဗီဇပြောင်း Omicron ကိုဗစ်ပိုးသစ်နဲ့ ပတ်သက်လို့ သိပ္ပံပညာရှင်တွေက အတိအကျသိနိုင်အောင် ကြိုးစားနေချိန်မှာ ကိုဗစ်ကာကွယ်ဆေး ထိုးကြဖို့နဲ့ အားဖြည့် ကိုဗစ်ကာကွယ်ဆေး ထိုးကြဖို့ ကျန်းမာရေး ပညာရှင်တွေက တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံမှာတော့ ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးသူ ၁၁ သန်းကျော် ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG