သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကူးစက်မြန် Omicron ပိုး ကိုဗစ်ကာကွယ်ဆေး အာနိသင်ကို လျော့ပါးစေနိုင်


တောင်အာဖရိကက သုတေသနစင်တာတခုမှာ Omicron ပိုးနဲ့ ပတ်သက်ပြီး သုတေသန လုပ်နေတဲ့ ပညာရှင်အချို့။ (ဒီဇင်ဘာ ၈၊ ၂၀၂၁)
တောင်အာဖရိကက သုတေသနစင်တာတခုမှာ Omicron ပိုးနဲ့ ပတ်သက်ပြီး သုတေသန လုပ်နေတဲ့ ပညာရှင်အချို့။ (ဒီဇင်ဘာ ၈၊ ၂၀၂၁)

(Zawgyi / Unicode)

Omicron ကိုရိုနာဗိုင်းရပ်စ် ပိုးသစ်ဟာ ဒယ်လ်တာပိုးမျိုးထက် ပိုပြီး ကူးစက်လွယ်ကူစေပြီး ကိုဗစ်ကာကွယ်ဆေးရဲ့ အာနိသင်ကို လျော့ပါးစေပေမယ့် ကနဦးရရှိတဲ့ အချက်အလက်တွေအရ ရောဂါလက္ခဏာကတော့ သိပ်ပြင်းထန်တာ မတွေ့ရဘူးလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ဒယ်လ်တာပိုးကို ဒီနှစ်ဆန်းပိုင်းလောက်မှာ အိန္ဒိယနိုင်ငံမှာ ပထမဆုံး စတင်တွေ့ရှိခဲ့တာ ဖြစ်ပြီး ကမ္ဘာတလွှားက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေမှာ ဒီပိုးနဲ့ ကူးစက်သူက အများဆုံး ဖြစ်နေတာပါ။ ဒါပေမယ့် မျိုးဗီဇပြောင်းလဲမှု သိပ်များတဲ့ Omicron ပိုးကတော့ တောင်အာဖရိကမှာ စတွေ့ခဲ့တာဖြစ်ပြီး စတွေ့တဲ့ ပြီးခဲ့တဲ့လထဲမှာပဲ တောင်အာဖရိကက နိုင်ငံတွေအတွက် ကမ္ဘာတလွှား နိုင်ငံတွေကနေ ခရီးသွားကန့်သတ်မှုတွေ ချမှတ်ခဲ့ပြီး ကူးစက်မှု သိပ်မရှိအောင် ပြည်တွင်းမှာလည်း ကိုဗစ်ကန့်သတ်မှုတွေ ချမှတ်ခဲ့ရပါတယ်။

Omicron ပိုးဟာ ဒီဇင်ဘာ ၉ ရက်နေ့အထိဆို နိုင်ငံပေါင်း ၆၃ နိုင်ငံကို ကူးစက်သွားခဲ့တာ ဖြစ်ပါတယ်။ တောင်အာဖရိကမှာ Omicron ပိုးကူးစက်မှု သိပ်မြန်ပေမယ့် ဒယ်လ်တာပိုး ကူးစက်မှုကတော့ သူ့လောက်မများပါဘူး။ ဗြိတိန်မှာတော့ ဒယ်လ်တာပိုးက အဓိကကူးစက်တဲ့အမျိုးအစား ဖြစ်ပါတယ်။

Omicron ပိုး ကူးစက်မှုနဲ့ ပတ်သက်ပြီး အချက်အလက်တွေ သေသေချာချာ မရသေးတဲ့အတွက် ဒီပိုးကူးစက်မှုကို လျှော့မတွက်ကြဖို့လည်း သတိပေးပါတယ်။

ကနဦးရရှိတဲ့ အထောက်အထားတွေအရ Omicron ဟာ ကိုဗစ်ကာကွယ်ဆေးရဲ့ အာနိသင်ကို လျော့ပါးစေသလို Omicron ဟာ ဒယ်လ်တာပိုးထက် ကူးစက်မှုပိုများတာ တွေ့ရတယ်လို့ WHO က ပြောပါတယ်။ ဒါ့အပြင် Omicron ပိုး ကူးစက်ခံရသူဟာ ရောဂါလက္ခဏာ သိပ်မပြတာ၊ အဖျားနည်းနည်းပဲ ရှိတာမျိုးပဲ တွေ့နေရပြီး ဒီပိုးနဲ့ပတ်သက်ပြီး အသေအချာ မသိရသေးဘူးလို့လည်း ပြောပါတယ်။

Omicron ပိုးသစ်ကို နိုဝင်ဘာလ ၂၄ ရက်နေ့မှာတွေ့ကြောင်း တောင်အာဖရိကက သတင်းထုတ်ပြန်ခဲ့သလို Pfizer/BioNTech ကုမ္ပဏီကလည်း သူတို့ဆေးကို ၃ ကြိမ်ထိုးထားသူတွေ အနေနေ့ Omicron ပိုးဒဏ်ကို ခံနိုင်ရည်ရှိတာ တွေ့နေရတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)








XS
SM
MD
LG