သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုတိယဆင့်တက်ဖို့ အခွင့်ကောင်း မန်စီးတီးလက်လွတ်


Doherty က Wolves အတွက် အနိုင်ဂိုးသွင်းယူပြီးနောက် စိတ်ပျက်လက်ပျက်ဖြစ်သွားသည့် Sterling နှင့် မန်စီးတီးအသင်းသားများ။ ဒီဇင်ဘာ ၂၇၊ ၂၀၁၉။
Doherty က Wolves အတွက် အနိုင်ဂိုးသွင်းယူပြီးနောက် စိတ်ပျက်လက်ပျက်ဖြစ်သွားသည့် Sterling နှင့် မန်စီးတီးအသင်းသားများ။ ဒီဇင်ဘာ ၂၇၊ ၂၀၁၉။

(Zawgyi/Unicode)

သောကြာနေ့ကကစားတဲ့ ဝို့လ်ဗ်စ်နဲ့ မန်စီးတီးတို့ပွဲမှာ မန်စီးတီးအသင်း အဝေးကွင်းမှာ အရေးနိမ့်သွားတာကြောင့် ဒုတိယအဆင့် က လက်စတာ စီးတီးကို ဖြုတ်ချနိုင်မယ့်အခွင့်အလမ်း လက်လွတ်သွားပါတယ်။

ပွဲချိန် ၁၂ မိနစ်မှာ မန်စီးတီးအသင်းက Moraes အနီကတ်ပြပြီး အထုတ်ခံလိုက်ရတာကြောင့် ပွဲပြီးတဲ့ထိ ၁၀ ယောက်နဲ့ ကစားပြီး အရေးနိမ့်သွားတာပါ။ Moreas အထုတ်ခံရပြီး ၁၃ မိနစ်အကြာမှာ Sterling ရဲ့သွင်းဂိုးနဲ့ မန်စီးတီးက အဖွင့်ဂိုးရပါတယ်။ တခါ မိနစ် ၅၀ မှာလည်း Sterling ရဲ့သွင်းဂိုးနဲ့ပဲ ဒုတိယဂိုးရပြီး ၂ ဂိုးပြတ်နဲ့ ဦးဆောင်ကစားနေခဲ့ပြီးတဲ့နောက် အိမ်ရှင် ဝို့လ်ဗ်စ်အသင်း က ချေပဂိုးတွေအပြင် အနိုင်ဂိုးကိုပါ သွင်းယူသွားတာဖြစ်ပါတယ်။

ဝို့လ်ဗ်စ်အတွက် ဂိုးတွေကို ၅၅ မိနစ်မှာ Traore ၊ ၈၂ မိနစ်မှာ Jimenez နဲ့ ၈၉ မိနစ်မှာ Doherty တို့က သွင်းယူပေးတာပါ။

မန်စီးတီးဟာ ဒီပွဲ အရေးနိမ့်သွားတာကြောင့် သရေကျရုံနဲ့ ဒုတိယနေရာရောက်နိုင်မယ့် အခွင့်အလမ်းကို လက်လွတ်သွားပြီး လက်စတာနောက်မှာ ၁ မှတ်အကွာနဲ့ တတိယအဆင့်မှာပဲ ဆက်ရှိနေပါတယ်။

ဇယားထိပ်က ဆက်ပြီး ဦးဆောင်နေတဲ့ လီဗာပူးလ်အသင်းကတော့ ထိပ်အသင်းတွေထဲမှာ ကစားပွဲတပွဲ လျော့နေတဲ့အပြင် ဒုတိယနေရာက လက်စတာကို ၁၃ မှတ် ဖြတ်ထားပါတယ်။

(ဒီကနေ့) စနေနေ့မှာတာ့ ဘရိုက်တန်နဲ့ ဘုန်းန်မောက်သ်၊ ဆောက်သမ်ပ်တန်နဲ့ ခရစ္စတယ်လ် ပဲလေ့စ်၊ နယူးကက်ဆယ်လ်နဲ့ အဲဗာတန်၊ ဝတ်တ်ဖို့ဒ်နဲ့ ဗီလာ၊ နော်ဝစ်ချ်နဲ့ စပါး၊ ဝက်စ်ဟမ်းမ်နဲ့ လက်စတာ၊ ဘန်လေနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ပွဲစဉ် ၂၀ ကို ယှဉ်ပြိုင်ကစားကြဖို့ရှိပါတယ်။

----------------------------------

(Unicode)








တိုက်ရိုက် လင့်ခ်


XS
SM
MD
LG