ထိုင်းနိုင်ငံ တာ့ခရိုင် မဲဆောက်အနီးဖွတ်ဖမြို့နယ် ဝေါလေကျေးရွာက နေထိုင်နေတဲ့မြန်မာကလေးတွေပါဝင်တဲ့ ကလေးတွေ ဟာ မြန်မာပြည်ဘက်မှာမှိုသွားရှာရင်းနဲ့ လက်နက်ကိုင်အဖွဲတွေ ထောင်ထားတဲ့ မိုင်းနင်းမိပြီး တဦးသေဆုံးပြီး တဦး ဒဏ်ရာပြင်းထန်စွာရတာကြောင့် ဖွတ်ဖမြို့နယ် မြိုနယ်ဆေးရုံမှာ အရေးပေါ်ကုသမူခံယူနေရပါတယ်။ မအေးမာကသတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံတာ့ခရိုင်ဖွတ်ဖမြိုနယ်ရဲ့ဝေါလေကျေးရွာဆိုတာကတော့ ထိုင်းနဲံမြန်မာ နယ်စပ်မှာနှစ်ဖက်လုံးမှာရှိနေတဲ့ ကျေးရွာပါ မြန်မာဘက်က တော့ကရင်ပြည်နယ်ဝေါလေဒေသဖြစ်ပြီး အရင်တုန်းက ဒီကေဘီအေ ကရင်လက်နက်ကိုင်အဖွဲတွေ စိုးမိုးထားတဲ့နေရာလည်းဖြစ်ပါတယ် အခုအခါမှာတော့ အဲဒီနေရာတွေကို ဒီကေဘီအေတပ်တွေအပြင် မြန်မာတပ်တွေ ရဲလက်အောက်ခံနယ်ခြားစောင့်တွေကရင်လက်နက်ကိုင်တွေသွားလာလှုပ်ရှားနေကြတဲ့နေရာတွေလည်းဖြစ်ပါတယ် မေလ ၁၉ရက်နေ့ကတော့ ထိုင်းဘက်ကမ်းမှာနေတဲ့ကလေးတစုဟာမြန်မာဘက်ကိုသွားပြီးမှိုရှာဖွေရာကနေ မိုင်းနင်းခဲံပြီးသေဆုံးဒဏ်ရာရတာတွေဖြစ်ခဲ့တဲ့အကြောင်း ထိုင်းနိုင်ငံသားတဦးကပြောပြပါတယ်။
"မိုင်းဗုံးသွားနင်းမိတယ် ထိုင်းကလေးက သေတယ်ပေါ့အသက် ၈နှစ် မြန်မာကလေးက ခေါင်းတွေကွဲတယ် ဒဏ်ရာများတယ် အခုICU ထဲမှာရှိနေတယ် ဟိုဘက်ကမ်းကူးပြိးမှိုသွားကောက်တာပေါ့နော် မိုင်းဗုံးနင်းမိပြီး ထိုင်းကလေး ကတော့ချက်ချင်းသေသွားတယ် မြန်မာကလေးတွေကတော့ ဆေးရုံမှာ လာပို့ထားတယ်"
ဒေသတွင်းစစ်ပွဲတွေရှိတဲ့အတွက် လက်နက်ကိုင်တပ်တွေက လုံခြုံေျရးအတွက် ထောင်ထားတဲ့ နင်းမိုင်းတွေဟာ အဲဒီဒေသတွေမှာ ထောင်နဲ့ချီ ရှိနေပြီး လမ်းမှားဝင်ရောက်သွားသူတွေ နဲ့ တိရိစ္ဆာန်တွေအတွက် ထိခိုက်မူတွေက အမြဲလိုရှိနေတတ်တာပါ
အချိန်တွေ ကြာလာတဲ့အခါမှာတော့ မိုင်းတွေထောင်ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေတောင်မှ ကိုယ်ထောင်ထားတဲ့ နေရာမြေပုံ အသေးစိတ်ကို သိဖို့ အတွက် ခက်ခဲလာကြသလို ကိုယ်ထောင်တဲ့ မိုင်းကွင်းကိုပြန်နင်းမိတဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့
ပါတယ်။
အဲဒီ ဒေသဟာ ဖွတ်ဖရမြိုနယ် နဲ့ မျက်နှာချင်းဆိုင်မှာရှိပြီး နှစ်နိုင်ငံကြားမှာထိပ်တိုက်တွေ မူတွေမရှိအောင်ကြားခံနေရာတခုလည်းဖြစ်ပါတယ် အဲဒီ ဒေသမှာနေထိုင်ကြတဲ့ သူအများစုဟာတောင်ပေါ်ကရင်လူမျိုးတွေဖြစ်ကြပြိး နယ်စပ်တလျောက်မှာ ဟင်းသီးဟင်းရွက်တွေ ရှာဖွေတာ ခြံစိုက်ပျိုးတာတွေနဲ့အသက်မွေးနေကြသူများဖြစ်ပါတယ် သူတို့ထဲက တချိုကတော့ထိုင်းနိုင်ငံသားတွေ ရရှိထားသူများဖြစ်ပါတယ် ဒီဖြစ်ရပ်ဖြစ်အပြီးမှာတော့ တောထဲတွေကို သွားလာခြင်းမလုပ်ဖို့ အခုလို မိုင်းတွေ ထပ်ပြိးနင်းမိမှာစိုးလို့ထိုင်းအာဏာပိုင်တွေကသတိပေးမူတွေထုတ်ပြန်ခဲ့ပါတယ်။