သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိန္းသိမ္းခံ Open Society Myanmar ၀န္ထမ္း ခ်က္ခ်င္းျပန္လႊတ္ဖို႔ George Soros ရဲ႕ ပရဟိတအဖဲြ႔ ေတာင္းဆို


(Zawgyi/Unicode)

အာဏာသိမ္း ျမန္မာ စစ္တပ္က ဖမ္းထားတဲ႔ Open Society Myanmar က ၀န္ထမ္းကို ခ်က္ခ်င္း ျပန္လႊတ္ေပးဖို႔ ဘီလ်ံနာ George Soros တည္ေထာင္ထားတဲ႔ Open Society Foundations က အဂၤါေန႔မွာ ေတာင္းဆိုလုိက္ၿပီး တရားမ၀င္ ေငြေၾကး စီးဆင္းမႈရွိတယ္ဆိုတဲ႔ စစ္တပ္ရဲ႕ စြပ္စြဲခ်က္ကိုလည္း ျငင္းဆိုလုိက္ပါတယ္။

Open Society Myanmar အဖြဲ႔က ဘ႑ာေရးဆိုင္ရာ မန္ေနဂ်ာ ေဒၚျဖဴပပေသာ္ကို မတ္လ ၁၂ ရက္ေန႔ ကတည္းက စစ္ေဆးေမးျမန္းေနၿပီး Open Society Myanmar က တာ၀န္ရွိသူ ၁၁ ဦးကိုလည္း အျမန္ဆံုး ဖမ္းၿပီး စစ္ေဆးေမးျမန္းႏုိင္ေအာင္ ေဆာင္ရြက္ေနေၾကာင္း အာဏာသိမ္း စစ္ေကာင္စီက ေျပာဆိုထားပါတယ္။ ဒါ႔အျပင္ Open Society Myanmar ရဲ႕ ျမန္မာႏုိင္ငံတြင္း ပုဂၢလိက ဘဏ္ စာရင္းေတြမွာ အပ္ႏွံထားတဲ႔ ေဒၚလာ ၄ သန္းနီးပါးနဲ႔ ျမန္မာက်ပ္ေငြ သန္း ၄၀၀ တို႔ကို စစ္အုပ္ခ်ဳပ္ေရး အဖြဲ႔က ထိန္းခ်ဳပ္ေၾကာင္း ေၾကညာထားပါတယ္။

Open Society Myanmar က ၀န္ထမ္း တဦး ဖမ္းဆီးခံရတယ္ဆိုတဲ႔ အေပၚမွာ အလြန္ စိုးရိမ္ေၾကာင္း၊ ေနာက္ထပ္ ၀န္ထမ္း ၁၁ ဦးကို ဖမ္းဆီး စစ္ေဆးမယ္ဆိုတဲ႔ သတင္းေၾကာင့္လည္း ထိတ္လန္႔ရေၾကာင္း Open Society Foundations က ေျပာဆိုထားပါတယ္။

Open Society Myanmar အဖြဲ႔က အဖြဲ႔ပိုင္ ေငြေၾကးကို SMID ဘဏ္ကေန တရားမ၀င္ ထုတ္ယူတယ္ဆိုတာ အပါအ၀င္ တရားမ၀င္ ေငြေၾကး စီးဆင္းမႈ စြပ္စြဲခ်က္ေတြက မမွန္ဘူးလို႔လည္း Open Society Foundations က ေျပာဆိုထားပါတယ္။ ေနာက္ Open Society Myanmar က ရန္ပံုေငြကို တရားမ၀င္ ရည္ရြယ္ သံုးစြဲတယ္ဆိုတဲ႔ စြပ္စြဲ ေျပာဆုိခ်က္ကလည္း မမွန္ေၾကာင္း၊ Open Society Myanmar ရဲ႕ ရည္မွန္းခ်က္ေတြနဲ႔ အညီသာ ရန္ပံုေငြကို သံုးစြဲတာ ျဖစ္ေၾကာင္းလည္း ေဖာ္ျပပါတယ္။

ဒီလို စြပ္စြဲ ေျပာဆိုမႈေတြေၾကာင့္ ျမန္မာႏုိင္ငံမွာ ၿငိမ္းခ်မ္းေရးနဲ႔ ဒီမိုကေရစီ ျပန္လည္ေဖာ္ေဆာင္လိုသူေတြကို တုိက္ခိုက္ဖို႔၊ သိကၡာက်ေစဖို႔ ၾကံစည္တဲ႔ သေဘာေဆာင္တယ္လို႔လည္း Open Society Foundations ကေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

ထိန်းသိမ်းခံ Open Society Myanmar ဝန်ထမ်း ချက်ချင်းပြန်လွှတ်ဖို့ George Soros ရဲ့ ပရဟိတအဖွဲ့ တောင်းဆို

(Unicode)

အာဏာသိမ်း မြန်မာ စစ်တပ်က ဖမ်းထားတဲ့ Open Society Myanmar က ဝန်ထမ်းကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ဘီလျံနာ George Soros တည်ထောင်ထားတဲ့ Open Society Foundations က အင်္ဂါနေ့မှာ တောင်းဆိုလိုက်ပြီး တရားမဝင် ငွေကြေး စီးဆင်းမှုရှိတယ်ဆိုတဲ့ စစ်တပ်ရဲ့ စွပ်စွဲချက်ကိုလည်း ငြင်းဆိုလိုက်ပါတယ်။

Open Society Myanmar အဖွဲ့က ဘဏ္ဍာရေးဆိုင်ရာ မန်နေဂျာ ဒေါ်ဖြူပပသော်ကို မတ်လ ၁၂ ရက်နေ့ ကတည်းက စစ်ဆေးမေးမြန်းနေပြီး Open Society Myanmar က တာဝန်ရှိသူ ၁၁ ဦးကိုလည်း အမြန်ဆုံး ဖမ်းပြီး စစ်ဆေးမေးမြန်းနိုင်အောင် ဆောင်ရွက်နေကြောင်း အာဏာသိမ်း စစ်ကောင်စီက ပြောဆိုထားပါတယ်။ ဒါ့အပြင် Open Society Myanmar ရဲ့ မြန်မာနိုင်ငံတွင်း ပုဂ္ဂလိက ဘဏ် စာရင်းတွေမှာ အပ်နှံထားတဲ့ ဒေါ်လာ ၄ သန်းနီးပါးနဲ့ မြန်မာကျပ်ငွေ သန်း ၄၀၀ တို့ကို စစ်အုပ်ချုပ်ရေး အဖွဲ့က ထိန်းချုပ်ကြောင်း ကြေညာထားပါတယ်။

Open Society Myanmar က ဝန်ထမ်း တဦး ဖမ်းဆီးခံရတယ်ဆိုတဲ့ အပေါ်မှာ အလွန် စိုးရိမ်ကြောင်း၊ နောက်ထပ် ဝန်ထမ်း ၁၁ ဦးကို ဖမ်းဆီး စစ်ဆေးမယ်ဆိုတဲ့ သတင်းကြောင့်လည်း ထိတ်လန့်ရကြောင်း Open Society Foundations က ပြောဆိုထားပါတယ်။

Open Society Myanmar အဖွဲ့က အဖွဲ့ပိုင် ငွေကြေးကို SMID ဘဏ်ကနေ တရားမဝင် ထုတ်ယူတယ်ဆိုတာ အပါအဝင် တရားမဝင် ငွေကြေး စီးဆင်းမှု စွပ်စွဲချက်တွေက မမှန်ဘူးလို့လည်း Open Society Foundations က ပြောဆိုထားပါတယ်။ နောက် Open Society Myanmar က ရန်ပုံငွေကို တရားမဝင် ရည်ရွယ် သုံးစွဲတယ်ဆိုတဲ့ စွပ်စွဲ ပြောဆိုချက်ကလည်း မမှန်ကြောင်း၊ Open Society Myanmar ရဲ့ ရည်မှန်းချက်တွေနဲ့ အညီသာ ရန်ပုံငွေကို သုံးစွဲတာ ဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။

ဒီလို စွပ်စွဲ ပြောဆိုမှုတွေကြောင့် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်လိုသူတွေကို တိုက်ခိုက်ဖို့၊ သိက္ခာကျစေဖို့ ကြံစည်တဲ့ သဘောဆောင်တယ်လို့လည်း Open Society Foundations ကပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG