သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးငယ်တွေအတွက် မဲဆောက်မြို့က Operation Smile 


Operation Smile အဖွဲ့က ခွဲစိတ်ကုသမှုကိုခံယူဖို့စောင့်ဆိုင်းနေတဲ့ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့က ကလေးလူနာများ
Operation Smile အဖွဲ့က ခွဲစိတ်ကုသမှုကိုခံယူဖို့စောင့်ဆိုင်းနေတဲ့ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့က ကလေးလူနာများ

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာတော့ ဆယ်စုနှစ်တခုကျော်ကစပြီး Operation Smile အဖွဲ့ကနေ မြန်မာနိုင်ငံသားတွေနဲ့နယ်စပ်နေပြည်သူတွေထဲက နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးသူငယ် ကို ခွဲစိတ်ကုသမူတွေလုပ်ပေးခဲ့တာပါ ။ မဲဆောက်မြို့က ဆေးရုံကြီးမှာတော့ မေလ ၇ ရက်နေ့ကစပြီးမေလ ၁၂နေထိ ကလေးအများစုအပါအဝင်လူ ၁၅၀ကိုခွဲစိတ်ကုသမူတွေပေးသွားမှာဖြစ်ပါတယ် ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ် ။

ထိုင်းမြန်မာနယ်စပ်နဲ့မြန်မာပြည်တွင်းက လာကြတဲ့နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးသူငယ် ကို ခွဲစိတ်ကုသမူတွေလုပ်ပေးခဲ့တဲ့Operation Smile အဖွဲ့ဟာ မေလ၇ရက်နေ့ကနေ ၁၂နေ့ထိ မဲဆောက်မြို့ဆေးရုံကြီးမှာ အခမဲ့ ခွဲစိတ်ကုသမူတွေကိုလုပ်ပေးနေတာပါ။ ကိုဗစ်ကပ်ဘေးကာလရပ်နားထားရပြီးတဲ့နောက် ဒီနှစ်ထဲမှာ ခွဲစိတ်ကုသမူတွေလုပ်ပေးတာ ၂ကြိမ်ရှိပြီဖြစ်ပါတယ်။ အခုဆိုရင် ထိုင်းမြန်မာနယ်စပ်က မယ်တော်ဆေးခန်းအပါအဝင် နယ်စပ်က ဒုက္ခသည်အရေးလုပ်နေတဲ့အဖွဲ့အစည်းတွေ ဆေးရုံဆေးခန်းတွေမှာစာရင်းပေးသွင်းထားတဲ့ လူနာ ၁၅၀လောက်ကို မေလထဲမှာ ခွဲစိတ်ကုသမူတွေလုပ်ပေးသွားမှာဖြစ်တယ်လို့ မယ်တော်ဆေးခန်းက လူနာလွှဲပြောင်းရေးဌာန ကြီးကြပ်ရေးမှူး ဆရာမ မေစိုးကအခုလိုပြောပြပါတယ်။

"Screening လုပ်တာကတော့ အယောက် ၁၅၀လောက်ရှိတယ် SMRU IRC တို့အုန်းဖန် အုန်းဖျန်တို့ မယ်လမ တို့ ထဆောင်ရမ်းဆေးရုံလည်းပါတယ် သူတို့လူနာသူတို့ခေါ်လာကြတယ် မြန်မာပြည်တွင်းပါတယ် နယ်စပ်လည်းပါတယ် ကျမတို့ဆီလာတဲ့လူနာတွေဆိုရင် နယ်လှည့်ကျောပိုးအိပ်အဖွဲ့တို့ဘီအမ်အေအဖွဲ့တို့KDHW အဖွဲ့တို့ကလူနာတွေပေါ့ ပြည်တွင်းမှာသူတို့အလုပ်လုပ်တော့ သူတို့ လွှဲပြောင်းလာတာပါတယ်ကျမတို့မယ်တော်ဆေးခန်းကိုလာဆက်သွယ်တာတွေလည်းရှိတယ်"

Operation Smile အဖွဲ့က အခုလိုနှုတ်ခမ်းကွဲအာခေါင်းကွဲ ခွဲစိတ်ကုသမူလာရောက်လုပ်ပေးချိန်မှာ နယ်စပ်နေပြည်သူတွေသာမက မြန်မာပြည်တွင်းက ပြည်သူတွေကပါ လာရောက်ကုသမူခံယူခဲ့တာပါ။ ခွဲစိတ်ကုသမူတွေလုပ်ကြတဲ့သူအများစုကတော့ နှုတ်ခမ်းကွဲအာခေါင်ကွဲ ကလေးသူငယ်တွေဖြစ်ကြပါတယ်။ တချို့ကတော့မီးလောင်တာ ရေနွေးပူလောင်တာကြောင့်မျက်နှာတွေ ခန္တာကိုယ်အစိတ်အပိုင်းတွေ ထိခိုက်ထားသူတွေလည်းပါဝင်ပါတယ်။

ဒီနှစ်မှာတော့ ခွဲစိတ်ကုသဖို့စာရင်းသွင်းထားသူ ၁၅၀လောက်ရှိပါတယ် ။ အခုအခါမှာတော့ခွဲစိတ်ကုသမူတွေစတင်နေပြီလို့လည်းဆိုပါတယ်။

"ဒီလ ၅လပိုင်း၇ ရက်နေ့ကနေ ၁၂ရက်နေ့ထိလုပ်ပေးတယ် ၇ ရက်နေ့ကတော့ သူတို့စစ်ဆေးပေးတယ် အဲဒီရက်မှာပဲပေးအိပ်တယ် တချို့က ဆေးရုံတင်ပြီးခွဲစိတ်ပေးလိုက်တာလည်းရှိတယ် တချို ကိုတော့ တရက်ပြီးတရက် ရက်ချိန်းပေးလိုက်တာရှိတယ်"

Operation Smile အဖွဲ့နဲ့ မယ်တော်ဆေးခန်းဟာဆယ်စုနှစ်တခုကျော်အချိန်ကတည်း လက်တွဲလုပ်ခဲ့ပြီး နယ်စပ်က ကလေးသူငယ်တွေ သာမက မြန်မာပြည်တွင်းကလာကြတဲ့ကလေးသူငယ်တွေအတွက်ပါ နှုတ်ခမ်းကွဲ အာခေါင် ကွဲတာတွေကို ခွဲစိတ်ကုသမူတွေ နှစ်စဉ်လုပ်ပေးခဲ့ပါတယ်။ ဒီနှစ်မှာလည်းအရင်နှစ်တွေလိုပဲ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့တယ်လို့ဆရာမ မေစိုးကပြောပါတယ်။

"မယ်တော်ဆေးခန်းကိုကျတော့ သူတို့ Operation Smile လာမယ်ဆိုပြီးအကြောင်းကြာလာတာရှိတယ်၊ အဲဒီအချိန်ကနေစပြီး ကျမတို့လူနာတွေကို waiting List ထဲမှာရှိတယ် ၊ အဲဒီကနေ List ထည့်ပြီးတော့ လူနာတွေဘယ်နှစ်ယောက်ရှိသလဲဆိုတာကို မဲဆောက်ဆေးရုံကြီးကိုပြန်ပို့ရပါတယ်"

ထိုင်းအခြေစိုက် Operation Smile အဖွဲ့ဟာ ခွဲစိတ်ပစ္စည်းစုံလင်မှုသန့်ရှင်းမှုကြန့်ကြာမှုမရှိပဲ ခွဲစိတ်ပေးနေတာတွေကြောင့် မြန်မာပြည်အနယ်နယ်အရပ်ရပ်ကနုှတ်ခမ်းကွဲအာခေါင်းကွဲ ဖြစ်နေတဲ့ကလေးသူငယ်တွေကို လာရောက်ခွဲစိတ်မူတွေလုပ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG