သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္အမႈ ၄မႈ စတင္စစ္ေဆး


ေဒၚ ေအာင္ဆန္းစုၾကည္၊ ဦး၀င္းျမင့္နွင့္ ေဒါက္တာမ်ိဴးေအာင္တို ့အား ေနျပည္ေတာ္တြင္ ေမလ က ပထမအၾကိမ္ ရံုးထုတ္စဥ္ (ဓာတ္ပံု- MRTV/REUTERS )

(Zawgyi/Unicode)
ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေဆာင္ဆန္းစုၾကည္အေပၚ စြဲဆိုထားတဲ့ထဲက အမႈ ၄ မႈကို ဒီေန႔ စတင္စစ္ေဆးပါတယ္။ ႐ိုး႐ွင္းတဲ့အမႈေတြျဖစ္လို႔ အမႈတခုစီကို ရက္ေပါင္း ၁၈၀ အတြင္း အၿပီးစစ္ဖို႔ တရားသူႀကီးက ခြင့္ျပဳခဲ့ၿပီးေနာက္ ဒီေန႔ ဇြန္လ ၁၄ ရက္ေန႔မွာ စတင္စစ္ေဆးတာျဖစ္ပါတယ္။ ဒီေန႔ ဘာအမႈေတြ စစ္ေဆးခဲ့သလဲဆိုတာ ရန္ကုန္ကလာတဲ့သတင္းကို မစုျမတ္မြန္ ေျပာျပပါမယ္။

ႏိုင္ငံေတာ္အတုိင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ စြဲခ်က္တင္ခံထားရတ့ဲ အမႈေတြထဲက သဘာဝေဘးအႏၱရာယ္ စီမံခန္႔ခြဲမႈဥပေဒနဲ႔ စြဲဆိုခံထားရတဲ့ အမႈ ၂ ခု၊ ထုတ္ကုန္သြင္းကုန္ဥပေဒနဲ႔ စဲြဆိုခံရထားတဲ့ အမႈ၊ ဆက္သြယ္ေရး ဥပေဒနဲ႔ စဲြဆိုခံထားရတဲ့ အမႈေတြအတြက္ ဒီေန႔ ဇြန္လ ၁၄ ရက္ေန႔မွာ စတင္စစ္ေဆးပါတယ္။ ေဒၚေဆာင္ဆန္းစုၾကည္အမႈေတြအတြက္ ေနျပည္ေတာ္မွာ သီးျခားလုပ္ထားတဲ့ အထူးတရား႐ံုးမွာ ဒီေန႔ စစ္ေဆးခဲ့တဲ့ အမႈ ၄ မႈအတြက္ တရားလိုျပသက္ေသေတြ ထြက္ဆိုခဲ့ၾကတယ္လို႔ ေဒၚေအာင္ဆန္း စုၾကည္ရဲ႕ေရွ႕ေန ေဒၚစန္းမာလာၫႊန႔္က ဗြီအိုေအ ျမန္မာပိုင္းကိုေျပာပါတယ္။

"က်မတို႔ေပါ့ အမႈနံပါတ္ ၃၆ နဲ႔ ၃၇ေပါ့။ သဘာဝေဘးပုဒ္မ ၂၅ ေလ ဦးဝင္းျမင့္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ရယ္။ အဲဒါက တရားလိုရဲမႈးျမင့္ႏိုင္။ သူ႔ကိုစစ္တယ္။ တရားလိုကို စစ္လို႔ ၿပီးတယ္ ၂မႈလုံးအတြက္။ အမႈနံပါတ္ ၃၈နဲ႔ ၄၅ က ထုတ္ကုန္သြင္းကုန္။အမႈနံပါတ္ ၄၅ ကဆက္သြယ္ေရးပုဒ္မ အဲဒါက ရဲမႈး ၾကည္လင္ အဲဒါကေဒၚေအာင္ဆန္းစုၾကည္ေပါ့။ အဲမွာက ရဲမႈး ၾကည္လင္ကတရားလို ၂မႈေပါ့။ ဆိုေတာ့ ၄မႈလုံးကို တရားလိုေတြ အကုန္စစ္လို႔ၿပီးတယ္။"

အမႈေပါင္း ၆ မႈနဲ႔ ရင္ဆိုင္ေနရတဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အမႈေတြထဲက ႐ိုး႐ွင္းတဲ့အမႈတခုခ်င္းစီကို ရက္ေပါင္း ၁၈၀ အတြင္း စစ္ေဆးဖုိ႔ တရားသူႀကီးက ခြင့္ျပဳခဲ့ၿပီးေနာက္ ဒီေန႔ကစတင္ၿပီး တပါတ္ ၂ ရက္နဲ႔ အပါတ္စဥ္ စစ္ေဆးသြားမွာျဖစ္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ကို အျမင့္ဆံုး ေထာင္ဒဏ္ ၁၅ ႏွစ္အထိခ်မွတ္ႏိုင္တဲ့ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒနဲ႔ ၿပီးခဲ့တဲ့သီတင္းပါတ္ထဲမွာ အမႈထပ္တိုး တရားစြဲခဲ့တာနဲ႔ပါတ္သက္လုိ႔ ေဒၚေအာင္ဆန္းစုၾကည္က မသိေသးဘူးလို႔လည္း ေရွ႕ေန ေဒၚစန္းမာလာၫႊန႔္က အခုလိုေျပာပါတယ္။

"အဲဒါကိုသိရွိပုံမရဘူး။ က်မတို႔ေတာ့ အန္တီကိုအဲဒါနဲ႔ စြဲထားတယ္ဆိုတာ ေျပာလိုက္ပါတယ္။ ဒီေန႔မွာေတာ့ အမတို႔အမႈကိစၥ စစစ္ရတာဆိုေတာ့ေလ ဒီေန႔ေတာ့ဘာမွမေျပာဘူး။ မနက္ဖန္တရက္ရွိေတာ့မနက္ျဖန္မွေျပာမလားမသိပါဘူး "

ဒီေန႔ အထူးသီးသန္႔တရား႐ံုးမွာ ေဒၚေအာင္ဆန္းစုၾကည္ သြားနာေနတာကလဲြလို႔ က်န္းက်န္းမာမာ႐ွိပံုရတယ္လို႔ ေ႐ွ႕ေနက ေျပာပါတယ္။
"က်မတို႔ အမႈ မစစ္ခင္ အကုန္လုံးနဲ႔ ေတြ႕ရပါတယ္။ ဒီကေန႔မွာေတာ့ အန္တီသြားနည္းနည္းနာေနတယ္။ အဲလိုေျပာ။ က်န္တာကေတာ့ အန္တီေကာင္းပါတယ္။ စိန္ေခၚမႈဘာညာေတာ့ မရွိပါဘူး အမတို႔ဥပေဒအရ ဥပေဒနဲ႔ ပတ္သတ္တာမ်ိဳးဘဲအမတို႔စစ္တာပါဘဲ။"

ေဒၚေအာင္ဆန္းစုၾကည္လိုပဲ သဘာဝေဘးအႏၱရာယ္စီမံခန္႔ခြဲမႈဥပေဒ ပုဒ္မ ၂၅ နဲ႔ တရားစြဲခံထားရတဲ့ သမၼတ ဦးဝင္းျမင့္ရဲ႕ အမႈကိုလည္း ဒီေန႔ စစ္ေဆးခဲ့ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ဟာ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၅၊ အစိုးရလွ်ိဳ႕ဝွက္ခ်က္ေပါက္ၾကားမႈဥပေဒ ပုဒ္မ ၃ (၁) (ဂ)၊ ပို႔ကုန္သြင္းကုန္ဥပဒပုဒ္မ ၈ ၊ ဆက္သြယ္ေရး ဥပေဒ ပုဒ္မ ၆၇ ၊ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္လႈံေဆာ္မႈ လုပ္ေဆာင္မႈဆိုင္ရာ ဥပေဒပုဒ္မ ၅၀၅(ခ)၊ တို႔ အျပင္ သဘာဝ ေဘးအႏၲရာယ္ စီမံခန္႔ခြဲမႈဥပေဒ ပုဒ္မ ၂၅ နဲ႔ အမႈ ၂ ခု၊ စုစုေပါင္း ၇ မႈနဲ႔ တရားစဲြခံထားရပါတယ္။

ရန္ကုန္မွာ တရားစြဲခဲ့တဲ့ ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္ေပါက္ၾကားမႈကို ေနျပည္ေတာ္မွာ ႐ုံးေျပာင္း စစ္ေဆးခြင့္ရမရ ၾကားနာမႈကိုလည္း ေနျပည္ေတာ္တရားလႊတ္ေတာ္ခ်ဳပ္မွာ လာမယ့္ သီတင္းပတ္အတြင္း ဇြန္လ ၂၃ ရက္ေန႔မွာပထမဆုံးျပဳလုပ္ဖို႔ ရွိေနပါတယ္။

...........................................................................

ေဒၚေအာင္ဆန္းစုၾကည္အမႈ ၄မႈ စတင္စစ္ေဆး
please wait

No media source currently available

0:00 0:03:17 0:00
တိုက္႐ိုက္ လင့္ခ္


ဒေါ်အောင်ဆန်းစုကြည်အမှု ၄မှု စတင်စစ်ဆေး

(Unicode)
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်ဆောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ထဲက အမှု ၄ မှုကို ဒီနေ့ စတင်စစ်ဆေးပါတယ်။ ရိုးရှင်းတဲ့အမှုတွေဖြစ်လို့ အမှုတခုစီကို ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်ဖို့ တရားသူကြီးက ခွင့်ပြုခဲ့ပြီးနောက် ဒီနေ့ ဇွန်လ ၁၄ ရက်နေ့မှာ စတင်စစ်ဆေးတာဖြစ်ပါတယ်။ ဒီနေ့ ဘာအမှုတွေ စစ်ဆေးခဲ့သလဲဆိုတာ ရန်ကုန်ကလာတဲ့သတင်းကို မစုမြတ်မွန် ပြောပြပါမယ်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် စွဲချက်တင်ခံထားရတဲ့ အမှုတွေထဲက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေနဲ့ စွဲဆိုခံထားရတဲ့ အမှု ၂ ခု၊ ထုတ်ကုန်သွင်းကုန်ဥပဒေနဲ့ စွဲဆိုခံရထားတဲ့ အမှု၊ ဆက်သွယ်ရေး ဥပဒေနဲ့ စွဲဆိုခံထားရတဲ့ အမှုတွေအတွက် ဒီနေ့ ဇွန်လ ၁၄ ရက်နေ့မှာ စတင်စစ်ဆေးပါတယ်။ ဒေါ်ဆောင်ဆန်းစုကြည်အမှုတွေအတွက် နေပြည်တော်မှာ သီးခြားလုပ်ထားတဲ့ အထူးတရားရုံးမှာ ဒီနေ့ စစ်ဆေးခဲ့တဲ့ အမှု ၄ မှုအတွက် တရားလိုပြသက်သေတွေ ထွက်ဆိုခဲ့ကြတယ်လို့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ရှေ့နေ ဒေါ်စန်းမာလာညွှန့်က ဗွီအိုအေ မြန်မာပိုင်းကိုပြောပါတယ်။

"ကျမတို့ပေါ့ အမှုနံပါတ် ၃၆ နဲ့ ၃၇ပေါ့။ သဘာဝဘေးပုဒ်မ ၂၅ လေ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရယ်။ အဲဒါက တရားလိုရဲမှုးမြင့်နိုင်။ သူ့ကိုစစ်တယ်။ တရားလိုကို စစ်လို့ ပြီးတယ် ၂မှုလုံးအတွက်။ အမှုနံပါတ် ၃၈နဲ့ ၄၅ က ထုတ်ကုန်သွင်းကုန်။အမှုနံပါတ် ၄၅ ကဆက်သွယ်ရေးပုဒ်မ အဲဒါက ရဲမှုး ကြည်လင် အဲဒါကဒေါ်အောင်ဆန်းစုကြည်ပေါ့။ အဲမှာက ရဲမှုး ကြည်လင်ကတရားလို ၂မှုပေါ့။ ဆိုတော့ ၄မှုလုံးကို တရားလိုတွေ အကုန်စစ်လို့ပြီးတယ်။"

အမှုပေါင်း ၆ မှုနဲ့ ရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေထဲက ရိုးရှင်းတဲ့အမှုတခုချင်းစီကို ရက်ပေါင်း ၁၈၀ အတွင်း စစ်ဆေးဖို့ တရားသူကြီးက ခွင့်ပြုခဲ့ပြီးနောက် ဒီနေ့ကစတင်ပြီး တပါတ် ၂ ရက်နဲ့ အပါတ်စဉ် စစ်ဆေးသွားမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိချမှတ်နိုင်တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ပြီးခဲ့တဲ့သီတင်းပါတ်ထဲမှာ အမှုထပ်တိုး တရားစွဲခဲ့တာနဲ့ပါတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က မသိသေးဘူးလို့လည်း ရှေ့နေ ဒေါ်စန်းမာလာညွှန့်က အခုလိုပြောပါတယ်။

"အဲဒါကိုသိရှိပုံမရဘူး။ ကျမတို့တော့ အန်တီကိုအဲဒါနဲ့ စွဲထားတယ်ဆိုတာ ပြောလိုက်ပါတယ်။ ဒီနေ့မှာတော့ အမတို့အမှုကိစ္စ စစစ်ရတာဆိုတော့လေ ဒီနေ့တော့ဘာမှမပြောဘူး။ မနက်ဖန်တရက်ရှိတော့မနက်ဖြန်မှပြောမလားမသိပါဘူး "

ဒီနေ့ အထူးသီးသန့်တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည် သွားနာနေတာကလွဲလို့ ကျန်းကျန်းမာမာရှိပုံရတယ်လို့ ရှေ့နေက ပြောပါတယ်။
"ကျမတို့ အမှု မစစ်ခင် အကုန်လုံးနဲ့ တွေ့ရပါတယ်။ ဒီကနေ့မှာတော့ အန်တီသွားနည်းနည်းနာနေတယ်။ အဲလိုပြော။ ကျန်တာကတော့ အန်တီကောင်းပါတယ်။ စိန်ခေါ်မှုဘာညာတော့ မရှိပါဘူး အမတို့ဥပဒေအရ ဥပဒေနဲ့ ပတ်သတ်တာမျိုးဘဲအမတို့စစ်တာပါဘဲ။"

ဒေါ်အောင်ဆန်းစုကြည်လိုပဲ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ နဲ့ တရားစွဲခံထားရတဲ့ သမ္မတ ဦးဝင်းမြင့်ရဲ့ အမှုကိုလည်း ဒီနေ့ စစ်ဆေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅၊ အစိုးရလျှို့ဝှက်ချက်ပေါက်ကြားမှုဥပဒေ ပုဒ်မ ၃ (၁) (ဂ)၊ ပို့ကုန်သွင်းကုန်ဥပဒပုဒ်မ ၈ ၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ ၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လှုံဆော်မှု လုပ်ဆောင်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ)၊ တို့ အပြင် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ နဲ့ အမှု ၂ ခု၊ စုစုပေါင်း ၇ မှုနဲ့ တရားစွဲခံထားရပါတယ်။

ရန်ကုန်မှာ တရားစွဲခဲ့တဲ့ နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုကို နေပြည်တော်မှာ ရုံးပြောင်း စစ်ဆေးခွင့်ရမရ ကြားနာမှုကိုလည်း နေပြည်တော်တရားလွှတ်တော်ချုပ်မှာ လာမယ့် သီတင်းပတ်အတွင်း ဇွန်လ ၂၃ ရက်နေ့မှာပထမဆုံးပြုလုပ်ဖို့ ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG