သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘီလျံနာသူဋ္ဌေးကြီးတွေအပေါ် အခွန်တွေတိုးကောက်ဖို့ Oxfam တိုက်တွန်း

FILE - An Oxfam logo is seen on one of the organization's bookshops in Glasgow, Scotland, Feb. 10, 2018.
FILE - An Oxfam logo is seen on one of the organization's bookshops in Glasgow, Scotland, Feb. 10, 2018.

[[Zawgyi/Unicode]]

ကမ္ဘာမှာ တန်းတူညီမျှမှုပိုရှိလာဖို့ဆိုရင် ၂၀၃၀ ပြည့်လွန်နှစ်အရောက်မှာ ဘီလျံနာသူဌေးအရေအတွက် တဝက်လောက် လျှော့ချပစ်သင့်တယ်လို့ ဗြိတိန်အခြေစိုက် နိုင်ငံတကာပရဟိတအဖွဲ့ Oxfam ကပြောလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ၊ Davos မှာ ကမ္ဘာ့စီးပွါးရေးဖိုရမ်ကျင်းပနေချိန်မှာပဲ တန်းတူညီမျှမှုရှိရေးအတွက် ကမ္ဘာ့လူဦးရေရဲ့ ၁ ရာခိုင်နှုန်းလောက်သာရှိတဲ့ လူချမ်းသာတွေအပေါ် အခွန်တိုးကောက်တာ၊ ဒါမှမဟုတ် အခြားမူဝါဒတွေ ချမှတ်သင့်တယ်လို့ Oxfam က တနင်္လာနေ့မှာ ပြောဆိုလိုက်တာပါ။

“လက်ရှိရင်ဆိုင်နေရတဲ့အကျပ်အတည်းကာလအတွင်း ပြည်သူ ၉၉% ဝင်ငွေမလုံမလောက်ဖြစ်တဲ့အချိန်မှာ ၁% သောလူတွေကတော့ မတန်တဆ ဝင်ငွေတွေရနေကြပါတယ်” လို့ Oxfam အမှုဆောင်ညွှန်ကြားရေးမှူး Gabriela Bucher ကပြောပါတယ်။

တနင်္လာနေ့ကစပြီး တပတ်ကြာကျင်းပတဲ့စီးပွါးရေးဖိုရမ်ကို နိုင်ငံရေးခေါင်းဆောင်တွေ၊ ကုမ္ပဏီအမှုဆောင်အရာရှိတွေနဲ့ ထင်ရှားကျော်ကြားသူတွေ တက်ရောက်လာကြတာပါ။ "Survival of the Richest" လို့နာမည်ပေးထားတဲ့ Oxfam ရဲ့ အစီရင်ခံစာမှာတော့ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ဘီလျံနာသူဌေးကြီးတွေရဲ့ချမ်းသာမှု ၂ ဆတိုးလာပြီး အချမ်းသာဆုံးလူ ၁% ရဲ့ကြွယ်ဝမှုတွေ ၇၅ ဆ တိုးလာတယ်လို့ ဖော်ပြထားပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် လူနေမှုစရိတ်တိုးလာပြီး ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်ကြောင့် စားသောက်ကုန်နဲ့ လောင်စာဈေးတွေတက်လာချိန်မှာ သူဌေးတွေကတော့ ပိုပြီးချမ်းသာကြွယ်ဝလာတယ်လို့လည်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။

၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ငွေကြေးဖောင်းပွမှုတွေကြောင့် ကမ္ဘာတဝန်း လခစား အလုပ်သမား ၁.၇ ဘီလီယံတို့ အခက်အခဲနဲ့ရင်ဆိုင်နေရချိန်မှာပဲ ဘီလျံနာသူဌေးကြီးတွေမှာတော့ နေ့စဉ်ဒေါ်လာ ၂.၇ ဘီလီယံ ဝင်ငွေတိုးလာတယ်လို့လည်း ဆိုထားပါတယ်။

ဘီလျံနာသူဋ္ဌေးကြီးတွေအပေါ် အခွန်တွေတိုးကောက်ဖို့ Oxfam တိုက်တွန်း.mp3
please wait

No media source currently available

0:00 0:01:32 0:00
တိုက်ရိုက် လင့်ခ်

================

[[Unicode]]







​
XS
SM
MD
LG