သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်ရမှု အမှန်ဖော်ထုတ်ဖို့ AI လူ့အခွင့်အရေးအဖွဲ့ တောင်းဆို


ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ဆရာတော် ပစ်ခတ်ခံရပြီး ပျံလွန်းတော်မူတာနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းထဲက ဆရာတော် သံဃာတော်တွေဟာ ပတ္တနိက္ကုဇ္ဖန ကံဆောင် သပိတ်မှောက်အခမ်းအနား။ (ဓာတ်ပုံ-Courtesy photo)
ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ဆရာတော် ပစ်ခတ်ခံရပြီး ပျံလွန်းတော်မူတာနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းထဲက ဆရာတော် သံဃာတော်တွေဟာ ပတ္တနိက္ကုဇ္ဖန ကံဆောင် သပိတ်မှောက်အခမ်းအနား။ (ဓာတ်ပုံ-Courtesy photo)

ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာ ဘိဝံသ ပျံလွန်တော်မူခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က ပစ်ခတ်မှုဖြစ်စဥ်အမှန်ကို စစ်ကောင်စီက စိစစ်ဖေါ်ထုတ်နေတယ်လို့ ဇွန်လ ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်ထားတဲ့အတိုင်း လုပ်ဆောင်ဖို့ Amnesty International လူ့အခွင့်ရေး အဖွဲ့ကြီးက ကြေညာချက်ထုတ်ပြန် တောင်းဆိုပါတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်းခဲ့တဲ့မြန်မာပြည်မှာ ပြည်သူထောင်ချီသေဆုံးခဲ့ပြီးနောက်မှာ အခု အထင်ကရဆရာတော်ကြီး ပျံလွန်တော်မူရတဲ့ဖြစ်စဉ်မှာတော့ မကြုံစဖူးတောင်းပန်ခဲ့တဲ့အပြင် စုံစမ်းမယ်လို့ပါ ကတိပေးခဲ့ကြောင်း၊ ဒါပေမယ့် စစ်ကောင်စီရဲ့ လူ့အခွင့်ရေးဆိုင်ရာကိုကြည့်ရင် တောင်းပန်မှုတွေ ကတိကဝတ်တွေဟာ အနှစ်မရှိဘဲ တရားမျှတမှုအတွက် မျှော်လင့်ချက်သိပ်မရှိဘူးလို့ AI အဖွဲ့ရဲ့ ဒေသတွင်း သုတေသနဆိုင်ရာ အကြီးအကဲ Montse Ferrer က ပြောပါတယ်။ အခု ဖြစ်ရပ်ကိုကြည့်ရင် မြန်မာနိုင်ငံက အကြမ်းဖက်မှုဖြစ်စဉ်တွေမှာ စစ်အာဏာပိုင်တွေက ခုခံတော်လှန်နေတဲ့ PDF ကာကွယ်ရေးအဖွဲ့တွေ ကို ပထမဆုံး အပြစ်ဖို့ခဲ့ပြီး ကိုယ်တိုင်ကြုံရသူတစုံတယောက်က အဖြစ်မှန်ကို ရဲရဲရင့်ရင့် ထုတ်ဖေါ်ပြောဆိုလာတဲ့အခါ ငြင်းမရတော့မှ ပြောင်းလဲပြောဆိုတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ကို မြင်နေရတယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ မြန်မာနိုင်ငံက ထောင်နဲ့ချီတဲ့ ခုခံတော်လှန်သူတွေ သေဆုံးရတဲ့ဖြစ်ရပ်တိုင်းကို သီးခြားလွတ်လပ်ပြီး ပွင့်လင်းမြင်သာစွာထိရောက်တဲ့ စုံစမ်းမှုမျိုးလုပ်ဆောင်ဖို့ လိုအပ်နေကြောင်းနဲ့ အခုလို ဖြစ်ရပ်ဟာ မြန်မာနိုင်ငံသားတွေ လက်ရှိမှာ ရင်ဆိုင် ကြုံတွေ့နေရတဲ့ဖြစ်ရပ်တခုဖြစ်ပြီး လူ့အခွင့်ရေးကို လုံးဝလေးစားမှုမရှိတဲ့ စစ်တပ်ရဲ့ လက်လွတ်စပယ်လုပ်ရပ်တွေကြောင့် ပြည်သူတွေ ပေးဆပ်နေရတယ်လို့လည်း ထောက်ပြထားပါတယ်။

ဝင်းနိမ္မိတာရုံ ဆရာတော်ပျံလွန်ခဲ့တာဟာ ကာကွယ်ရေးတပ်ဖွဲ့တွေပစ်ခတ်တာကြောင့်လို့ ဇွန်လ ၁၉ ရက်နေ့မှာ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့တာပါ။ ဒါပေမဲ့ အတူလိုက်ပါသွားတဲ့ ကန်သုံးဆင့်ဆရာတော်ကြီးက ကိုယ်တိုင်ကြုံရတဲ့အဖြစ်မှန်ကို မိန့်ကြားခဲ့တဲ့နောက်မှ စစ်ကောင်စီအကြီးအကဲက ရှားရှားပါးပါး တောင်းပန်ခဲ့သလို ဖြစ်ရပ်ကိုစုံစမ်းမယ်လို့ ကတိပေးခဲ့တာဖြစ်ပါတယ်။ ၂၀၂၁ စစ်တပ်အာဏာသိမ်း ခဲ့တဲ့နောက်မှာ အသတ်ခံရတဲ့ ပြည်သူ ၅,၃၀၀ ကျော်ရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG