သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီထုိးစစ္အတြင္း ပုလဲေဒသ ထိခုိက္ပ်က္စီးမႈေတြနဲ႔ႀကံဳ


စစ္ကိုင္းတိုင္း က ေဒသကာကြယ္ေရး PDF တပ္ဖြဲ႔ဝင္မ်ား

စစ္ေကာင္စီထုိးစစ္အတြင္း ပုလဲေဒသ ထိခုိက္ပ်က္စီးမႈေတြနဲ႔ႀကံဳ

{{Zawgyi/Unicode}}
စစ္ကုိင္းတုိင္း၊ ပုလဲၿမိဳ႕နယ္မွာ စစ္ေကာင္စီတပ္ေတြရဲ႕ စစ္ဆင္ေရးေတြအတြင္း လုံၿခံဳေရးတပ္ဖဲြ႔ေတြက ေဒသခံေတြရဲ႕ ေနအိမ္ေတြကုိ မီး႐ႈိ႕ဖ်က္ဆီးတာ၊ လုယက္တာ၊ အရပ္သားေတြကုိ သတ္ျဖတ္တာေတြ ရွိေနတယ္လုိ႔ ေဒသခံေတြက ေျပာပါတယ္။ ဒီစြပ္စဲြခ်က္ေတြအေပၚ စစ္ေကာင္စီက ျငင္းဆန္ထားေပမဲ့လည္း ေဒသခံေတြကေတာ့ စစ္ေကာင္စီတပ္ေတြရဲ႕ ဖ်က္ဆီးမႈေတြနဲ႔ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြကုိ မ်က္ျမင္ကုိယ္တုိင္ ေတြ႔ခဲ့ရတယ္လုိ႔ ေျပာၾကပါတယ္။ အျပည့္အစုံကုိေတာ့ ဆက္သြယ္ေမးျမန္းထားတဲ့ ကုိေဇာ္မုိးေက်ာ္ကေျပာျပပါမယ္။

စစ္ေကာင္စီ တပ္ဖဲြ႔ေတြ ထုိးစစ္ဆင္ေနတာ ၁ လေလာက္ ရွိလာေနၿပီျဖစ္တဲ့ ပုလဲၿမိဳ႕နယ္မွာ လုံၿခံဳေရးတပ္ဖဲြ႔ေတြက လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြနဲ႔ ဖ်က္ဆီးမႈေတြ က်ဳးလြန္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ေသာၾကာေန႔ကလည္း ကုိင္းတြင္းရြာမွာ မီး႐ႈိ႕ဖ်က္ဆီးမႈေတြ ရွိခဲ့တယ္လုိ႔ ေဒသခံတဦးက အခုလုိေျပာပါတယ္။

" ကိုင္းတြင္းရြာကို ည ၇နာရီေလာက္ကစ မီးရိႈ႔တယ္ ။ အိမ္ေျခခန္႔မွန္းေတာ့ အခုခ်ိန္ေတာ့မသိရေသးဘူး။ အိမ္ေျခေတာ္ေတာ္မ်ားမ်ားေတာ့ေလာင္တယ္ဗ်။"

ေနအိမ္အေဆာက္အဦးေတြ ဖ်က္ဆီးခံရတာေတြအျပင္ အရပ္သားေတြ သတ္ျဖတ္ခံရတာေတြလည္း ရွိေနတယ္လုိ႔ ေျပာၾကပါတယ္။ အင္းဂံရြာနဲ့ ဦးေဏွာက္ရြာက လုံၿခံဳေရးတပ္ဖဲြ႔ေတြ ဖမ္းဆီးသြားတဲ့ ရြာသား ၄ ဦးဟာလည္း ပစ္သတ္ခံခဲ့ရတယ္လုိ႔ ေနာက္ထပ္ ေဒသခံ တေယာက္ကေျပာပါတယ္။

"မင္းတိုင္ပင္အေနာက္ခ်မ္းမွာ မိုင္းတလုံးကြဲတယ္။ မိုင္းတလုံးကြဲေတာ့ သူတို႔သံသယနဲ႔ ဖမ္းတာ ေက်းရြာသား ၄ ေယာက္ေပါ့။ အင္းကန္ရြာက ၂ေယာက္ ဥေဏွာက္က ၂ ေယာက္ အဲဒီကေလးေတြကို သူတို႔ပစ္သတ္လုိက္တယ္။"

တနယ္ရြာနဲ့ မင္းတုိင္ပင္ရြာေတြမွာလည္း ပစ္ခတ္မႈေတြေၾကာင့္ ေဒသခံေတြ ထြက္ေျပးခ်ိန္မွာ က်န္ရစ္ခဲ့တဲ့ ဥစၥာပစၥည္းေတြ လုယက္ခံရတာေတြ ရွိခဲ့တယ္လုိ႔လည္း ေျပာပါတယ္။

"တနယ္နဲ႔ မင္းတိုင္ပင္ေက်းရြာ ကို အဲဒီ ၂ရြာကိုပစၥည္းေတြလု႔တယ္ေပါ့ဗ်ာ။ ျပည္သူေတြရြာထဲမေနႏိုင္ေအာင္ ရြာအျပင္ကေန ပစ္ခတ္တယ္။ ပစၥည္းလု႔တယ္။ဆိုင္ကယ္ေရႊေငြလု႔တယ္ဗ်ာ။ သူတို႔ကားသုံးစီးတိုက္နဲ႔ သယ္ေဆာင္သြားၾကတယ္။ "

စစ္ေကာင္စီတပ္ဖဲြ႔၀င္ေတြရဲ႕ စစ္ဆင္ေရးေတြအတြင္း ပ်က္စီးဆုံး႐ႈံးမႈေတြ၊ ေသေက်ထိခုိက္မႈေတြနဲ႔ ပတ္သက္လုိ႔ ဗြီအုိေအက သီးျခားအတည္မျပဳႏုိ္င္ေသးသလုိ၊ အခုေနာက္ဆုံး ျဖစ္ရပ္ေတြနဲ႔ ပတ္သက္လုိ႔လည္း စစ္ေကာင္စီက လတ္တေလာ သတင္းထုတ္ျပန္တာ မရွိေသးပါဘူး။

ဒီသီတင္းပတ္ အေစာပုိင္းက မီးေလာင္မႈျဖစ္စဥ္ေတြနဲ႔ ပတ္သက္လုိ႔ ၾကာသပေတးေန႔က စစ္ေကာင္စီက သတင္းထုတ္ျပန္ရာမွာေတာ့ ေဒသခံလက္နက္ကုိင္ PDF အဖဲြ႔ေတြ လက္ခ်က္အျဖစ္ စြပ္စဲြထားၿပီး သတင္းမီဒီယာေတြက မွားယြင္းတဲ့ သတင္းေတြကုိ ၀ါဒျဖန္႔ ျဖန္႔ေ၀ေနတာသာျဖစ္ေၾကာင္း တုံ႔ျပန္ထားပါတယ္။

ထုိးစစ္ေတြေၾကာင့္ လုံၿခံဳေရးစုိးရိမ္ရတဲ့ အေျခအေနေတြေၾကာင့္ ေနရပ္စြန္႔ခြာရတဲ့ ေဒသခံေထာင္ဂဏန္း ရွိေနၿပီလုိ႔လည္း ေဒသခံတေယာက္က ဗြီအုိေအကုိ ေျပာပါတယ္။

" ရြာမီးရိႈခံရတာဆိုေတာ့ ရြာသားေတြထြက္ေျပးေနရတယ္။ မင္းတိုင္ပင္ေက်းရြာအုပ္စု ေတာ္ေတာ္မ်ားမ်ားကို မီးရိႈ႕ခံရတာကို ။ ေလာေလာဆယ္ က်ေနာ္တို႔ ပုလဲမွာေတာ့ စစ္ေရွာင္ေတြေတာ္ေတာ္မ်ားတယ္။ ငါးေထာင္ ေျခာက္ေထာင္ေလာက္ ရွိမယ္"

ျမန္မာႏုိင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္၀ါရီလ စစ္တပ္က အာဏာသိမ္းခဲ့တာ ၁ ႏွစ္ေက်ာ္ ရွိလာခ်ိန္မွာ ႏုိင္ငံေရး အက်ပ္အတည္းေတြနဲ႔ လက္နက္ကုိင္ ပဋိပကၡေတြ ဆက္လက္ေပၚေပါက္ေနတဲ့အတြက္ ႏုိင္ငံတကာ အသုိင္းအ၀ုိင္းကလည္း သတိေပးေနတာပါ။ ဒီသီတင္းပတ္ထဲမွာပဲ ကုလသမဂၢ လုံၿခံဳေရးေကာင္စီကလည္း ျမန္မာႏုိင္ငံမွာ အၾကမ္းဖက္မႈေတြကုိ ရပ္တန္႔ဖုိ႔နဲ႔ ေဆြးေႏြးအေျဖရွာဖုိ႔ ေၾကညာခ်က္ထုတ္ျပန္ တုိက္တြန္းထားပါတယ္။

........................................

တိုက္႐ိုက္ လင့္ခ္

စစ်ကောင်စီထိုးစစ်အတွင်း ပုလဲဒေသ ထိခိုက်ပျက်စီးမှုတွေနဲ့ကြုံ

{{Zawgyi/Unicode}}
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်တွေရဲ့ စစ်ဆင်ရေးတွေအတွင်း လုံခြုံရေးတပ်ဖွဲ့တွေက ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ လုယက်တာ၊ အရပ်သားတွေကို သတ်ဖြတ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီစွပ်စွဲချက်တွေအပေါ် စစ်ကောင်စီက ငြင်းဆန်ထားပေမဲ့လည်း ဒေသခံတွေကတော့ စစ်ကောင်စီတပ်တွေရဲ့ ဖျက်ဆီးမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မျက်မြင်ကိုယ်တိုင် တွေ့ခဲ့ရတယ်လို့ ပြောကြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဇော်မိုးကျော်ကပြောပြပါမယ်။

စစ်ကောင်စီ တပ်ဖွဲ့တွေ ထိုးစစ်ဆင်နေတာ ၁ လလောက် ရှိလာနေပြီဖြစ်တဲ့ ပုလဲမြို့နယ်မှာ လုံခြုံရေးတပ်ဖွဲ့တွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဖျက်ဆီးမှုတွေ ကျုးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သောကြာနေ့ကလည်း ကိုင်းတွင်းရွာမှာ မီးရှို့ဖျက်ဆီးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

" ကိုင်းတွင်းရွာကို ည ၇နာရီလောက်ကစ မီးရှို့တယ် ။ အိမ်ခြေခန့်မှန်းတော့ အခုချိန်တော့မသိရသေးဘူး။ အိမ်ခြေတော်တော်များများတော့လောင်တယ်ဗျ။"

နေအိမ်အဆောက်အဦးတွေ ဖျက်ဆီးခံရတာတွေအပြင် အရပ်သားတွေ သတ်ဖြတ်ခံရတာတွေလည်း ရှိနေတယ်လို့ ပြောကြပါတယ်။ အင်းဂံရွာနဲ့ ဦးဏှောက်ရွာက လုံခြုံရေးတပ်ဖွဲ့တွေ ဖမ်းဆီးသွားတဲ့ ရွာသား ၄ ဦးဟာလည်း ပစ်သတ်ခံခဲ့ရတယ်လို့ နောက်ထပ် ဒေသခံ တယောက်ကပြောပါတယ်။

"မင်းတိုင်ပင်အနောက်ချမ်းမှာ မိုင်းတလုံးကွဲတယ်။ မိုင်းတလုံးကွဲတော့ သူတို့သံသယနဲ့ ဖမ်းတာ ကျေးရွာသား ၄ ယောက်ပေါ့။ အင်းကန်ရွာက ၂ယောက် ဥဏှောက်က ၂ ယောက် အဲဒီကလေးတွေကို သူတို့ပစ်သတ်လိုက်တယ်။"

တနယ်ရွာနဲ့ မင်းတိုင်ပင်ရွာတွေမှာလည်း ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ ထွက်ပြေးချိန်မှာ ကျန်ရစ်ခဲ့တဲ့ ဥစ္စာပစ္စည်းတွေ လုယက်ခံရတာတွေ ရှိခဲ့တယ်လို့လည်း ပြောပါတယ်။

"တနယ်နဲ့ မင်းတိုင်ပင်ကျေးရွာ ကို အဲဒီ ၂ရွာကိုပစ္စည်းတွေလု့တယ်ပေါ့ဗျာ။ ပြည်သူတွေရွာထဲမနေနိုင်အောင် ရွာအပြင်ကနေ ပစ်ခတ်တယ်။ ပစ္စည်းလု့တယ်။ဆိုင်ကယ်ရွှေငွေလု့တယ်ဗျာ။ သူတို့ကားသုံးစီးတိုက်နဲ့ သယ်ဆောင်သွားကြတယ်။ "

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆင်ရေးတွေအတွင်း ပျက်စီးဆုံးရှုံးမှုတွေ၊ သေကျေထိခိုက်မှုတွေနဲ့ ပတ်သက်လို့ ဗွီအိုအေက သီးခြားအတည်မပြုနိုင်သေးသလို၊ အခုနောက်ဆုံး ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့လည်း စစ်ကောင်စီက လတ်တလော သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဒီသီတင်းပတ် အစောပိုင်းက မီးလောင်မှုဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ကြာသပတေးနေ့က စစ်ကောင်စီက သတင်းထုတ်ပြန်ရာမှာတော့ ဒေသခံလက်နက်ကိုင် PDF အဖွဲ့တွေ လက်ချက်အဖြစ် စွပ်စွဲထားပြီး သတင်းမီဒီယာတွေက မှားယွင်းတဲ့ သတင်းတွေကို ဝါဒဖြန့် ဖြန့်ဝေနေတာသာဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။

ထိုးစစ်တွေကြောင့် လုံခြုံရေးစိုးရိမ်ရတဲ့ အခြေအနေတွေကြောင့် နေရပ်စွန့်ခွာရတဲ့ ဒေသခံထောင်ဂဏန်း ရှိနေပြီလို့လည်း ဒေသခံတယောက်က ဗွီအိုအေကို ပြောပါတယ်။

" ရွာမီးရှိုခံရတာဆိုတော့ ရွာသားတွေထွက်ပြေးနေရတယ်။ မင်းတိုင်ပင်ကျေးရွာအုပ်စု တော်တော်များများကို မီးရှို့ခံရတာကို ။ လောလောဆယ် ကျနော်တို့ ပုလဲမှာတော့ စစ်ရှောင်တွေတော်တော်များတယ်။ ငါးထောင် ခြောက်ထောင်လောက် ရှိမယ်"

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းခဲ့တာ ၁ နှစ်ကျော် ရှိလာချိန်မှာ နိုင်ငံရေး အကျပ်အတည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက်ပေါ်ပေါက်နေတဲ့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း သတိပေးနေတာပါ။ ဒီသီတင်းပတ်ထဲမှာပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့နဲ့ ဆွေးနွေးအဖြေရှာဖို့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားပါတယ်။

XS
SM
MD
LG