သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မုံ႐ြာၿမိဳ႕လုံၿခဳံေရးတင္းၾကပ္ လယ္ဇင္နဲ႔သကၠယ္က်င္း ႐ြာလုံးကြၽတ္တိမ္းေရွာင္ 


ျမိဳ ့ေပၚလံုျခံဳေရးလုပ္ေနတဲ့ ျမန္မာစစ္သားတခ်ိဳ ့ (ဓာတ္ပံု - AP)

စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕ထဲက စစ္ေကာင္စီတပ္ေတြ လုံၿခဳံေရးအင္အားတိုးၿပီး ေနရာေတာ္ေတာ္မ်ားမ်ားမွာ သြားလာသူေတြကို အခုရက္ပိုင္း ပိုၿပီး တားဆီးစစ္ေဆးေနတယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။ မုံ႐ြာခ႐ိုင္ထဲက လယ္ဇင္စံျပေက်း႐ြာနဲ႔ သကၠယ္က်င္းေက်း႐ြာမွာလည္း ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြကို စစ္ေကာင္စီတပ္ေတြ ဝင္ေရာက္ရွာေဖြမႈေတြ မၾကာ မၾကာ လုပ္ေနတာေၾကာင့္ ႐ြာလုံးႂကြတ္ ေဘးလြတ္ရာ တိမ္းေရွာင္ေနၾကပါတယ္။ မုံ႐ြာဘက္က အေျခအေနအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မဆုမြန္ ကေျပာျပမွာပါ။

မုံ႐ြာၿမိဳ႕မွာ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြက ေပ်ာက္ၾကားတိုက္ခိုက္မႈေတြ လုပ္မယ္ဆိုတဲ့ သတိေပးမႈေတြ ထြက္ေပၚေနတဲ့အတြက္ စစ္ေကာင္စီတပ္ဘက္က လုံၿခဳံေရးပိုၿပီးတင္းၾကပ္ေနပါတယ္။ အစထဲက လုံၿခဳံေရးအင္အား အမ်ားအျပားခ်ထားတဲ့ မုံ႐ြာၿမိဳ႕ထဲက လမ္းေတြမပၚ သြားလာေနသူ အမ်ိဳးသားေတြကို ပိုၿပီးစစ္ေဆးေနတယ္လို႔ မုံ႐ြာၿမိဳ႕ခံ အာကူးကေျပာျပပါတယ္။

"ၿမိဳ႕ေပၚအေနအထားမွာ ဒီေန႔အစစ္ေဆးၾကမ္းရတဲ့ဟာက မေန႔က မုံ႐ြာၿမိဳ႕ျပေပ်ာက္ၾကားအဖြဲ႕ေတြက တိုက္ခိုက္ခဲ့တာေတြ သူတို႔စာထုတ္ထားတာရွိတယ္ဗ်။ အဲဒီအတြက္ေၾကာင့္ အစစ္ေဆးၾကပ္တယ္။ ေနာက္တခုက စက္မႈဇုံထဲမွာ အဲေကာင္ေတြအစည္းအေဝးလုပ္တယ္လို႔ က်ေနာ္တို႔သတင္းရထားတယ္။ အဲဒီအတြက္လည္း လုံၿခဳံေရးကိုတိုးၿပီး ခ်ထားတယ္။ ၿပီးေတာ့ မနက္ပိုင္းမွာလည္း ေၾကးမုံမွာ မိုင္းအခ်ီႀကီးမိသြားတယ္ေျပာတယ္။ အဲဒါေတြေတာ့ ပါမယ္ဗ်။ သူတို႔က အခုဟာက ေရွာင္တခင္စစ္တာ မ်ားတယ္ဗ်။ ေနရာကို အတည္တက်မရွိဘူး။ အခုေန ဒီေနရာကိုေရာက္တာ တနာရီဆို ေနာက္ တနာရီဆို ေနာက္တေနရာကိုေျပာင္းသြားၿပီ။ အဲလိုပုံစံမ်ိဳးေတြဗ်။ မ်ားေသာအားျဖင့္ေတာ့ ေယာက်္ားေလးေတြကို အဓိကထားစစ္တယ္။ က်ေနာ္တို႔ တက္တူးေတြစစ္တယ္။ ဖုန္းကို အဓိကထား စစ္တယ္ဗ်။"

ၿမိဳ႕လယ္က လမ္းေတြမွာ လုံၿခဳံေရးတပ္ဖြဲ႕ေတြက ကင္းပုန္းခ်စစ္ေဆးမႈေတြ လုပ္ေနတယ္လို႔ ေျပာပါတယ္။

စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြက ၿမိဳ႕ေပၚက လမ္းေတြမွာ ကင္းပုန္းခ်ၿပီး စစ္ေဆးတာေတြလုပ္လာတယ္လို႔ ေျပာပါတယ္။ မုံ႐ြာၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမမွာ စစ္ေကာင္စီတပ္ေတြ စခန္းခ်ေနရာယူထားသလို၊ တကၠသိုလ္ေက်ာင္းဝန္းေတြထဲမွာလည္း တပ္စြဲထားပါတယ္။ ၿမိဳ႕အဝင္ အထြက္ေတြမွာလည္း စစ္ေဆးေရးဂိတ္ေတြ လုပ္ထားပါတယ္။

"အစစ္ေဆးကေတာ့ အခုခ်ိန္ကစၿပီးေတာ့ လကုန္ပိုင္းထိေလာက္ေတာ့ မ်ားမယ္နဲ႔တူတယ္ဗ်။ ဘာလို႔လဲဆိုေတာ့ ေဖေဖာ္ဝါရီ ၁ ရက္ေန႔မွာလည္း က်ေနာ္တို႔သတင္းေတြ ရထားတာရွိတယ္၊ တပ္ေထာက္ခံပြဲေတြ ရွိတယ္ေပါ့ဗ်ာ။ အဲေတာ့ လုံၿခဳံေရးပိုင္းဆိုင္ရာေတြကို သူတို႔ပိုၿပီးေတာ့ တင္းၾကပ္လိုက္တယ္လို႔ပဲ က်ေနာ္တို႔ျမင္တယ္ဗ်။ အခုေနာက္ပိုင္းမွာလည္း မုံ႐ြာၿမိဳ႕ေပၚ ေပ်ာက္ၾကားေတြက စစ္ေကာင္စီရဲ႕ အလိုေတာ္ပုံစံမ်ိဳးျဖစ္ေနတဲ့ ဘဏ္ေတြကိုလည္း တိုက္ခိုက္တာက မၾကာခဏျဖစ္ေနတယ္။ အဲဒီအတြက္ေၾကာင့္မို႔လို႔ သူတို႔က လုံၿခဳံေရးကို အရင္ကထက္ပိုၿပီး ခ်ထားတယ္ဗ်။"

မုံ႐ြာၿမိဳ႕ျပင္မွာရွိတဲ့ လယ္ဇင္စံျပေက်း႐ြာနဲ႔ သကၠယ္က်င္း႐ြာေတြမွာလည္း မေန႔ ဇန္နဝါရီလ ၂၇ ရက္ေန႔က စစ္ေကာင္စီတပ္ေတြဝင္ေရာက္ၿပီး ရွာေဖြရွင္းလင္းမႈေတြလုပ္လို႔ ႐ြာလုံးကြၽတ္နီးပါး ေဘးလြတ္ရာထြက္ေျပးေနၾကရပါတယ္။ သကၠယ္က်င္း႐ြာအေရွ႕ဘက္မွာရွိတဲ့ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕နဲ႔ အျပန္အလွန္ပစ္ခတ္မႈေတြလည္းျဖစ္ခဲ့တယ္လို႔ ေဒသခံ႐ြာသားတဦးက ေျပာပါတယ္။

"သူတို႔ မေန႔တုန္းက အရင္တခါဝင္တဲ့လမ္းေၾကာရဲ႕ မလွမ္းမကမ္း တေနရာကေနၿပီးေတာ့ အဲဒီ လယ္ဇင္ရဲ႕ေျမာက္ဘက္က်မွာေပါ့ေနာ္။ အဲဒီကေန ျပန္ဝင္လာၿပီးေတာ့ သကၠယ္က်င္းအေရွ႕ဘက္ကို သူတို႔ျဖတ္သြားတယ္ဗ်။ လယ္ဇင္ကိုမဝင္ေသးဘဲနဲ႔ေလ သကၠယ္က်င္းအေရွ႕ဘက္မွာ PDF စခန္းေလးတခုကိုဝင္စီးၿပီးေတာ့ မီးရႈိ႕သြားတယ္ဗ်။ မီးရႈိ႕ခံရတဲ့ေနရာက ၄ ခုေလာက္လို႔ ေျပာတယ္ဗ်၊ ကြမ္းၿခံတဲေတြေရာ ရႈိ႕သြားတယ္။ မီးရႈိ႕ၿပီး သူတို႔ျပန္ထြက္လာတဲ့အခါမွာ မိုင္းေထာင္ထားတာတခုကို သူတို႔ခလုတ္တိုက္မိတာတူတယ္။ အဲဒီမွာ မိုင္းကကြဲသြားတဲ့အခါမွာ သူတို႔ပစ္ေတာ့တာပဲဗ်။ အဲဒီ ပစ္တဲ့အခါက်ေတာ့ သကၠယ္က်င္းဘက္က PDF တေယာက္ေတာ့ က်သြားတယ္ဗ်။ အဲဒီအခ်ိန္ သူတို႔ပစ္ခတ္ေနတဲ့အခါေရာက္ေတာ့ က်ေနာ္တို႔ေနာက္မွာ က်န္တဲ့အင္အားက လယ္ဇင္ကေနၿပီးေတာ့ ေျခက်င္ေတြေရာ၊ ကားေတြေရာ တြန္းနင္းၿပီးေတာ့ဝင္လာတယ္ဗ်။ ဝင္လာၿပီးေတာ့ လယ္ဇင္႐ြာထဲမွာ တခ်ိဳ႕အိမ္ေတြကို သူတို႔ဖ်က္စီးသြားတယ္။ ၄ အိမ္ကေတာ့ ျပည္သူပိုင္သိမ္းမယ္ဆိုၿပီး စာေတြကပ္သြားတာ ရွိတယ္ဗ်။"

အျပန္အလွန္ပစ္ခတ္မႈေတြေၾကာင့္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ဝင္တဦး ေသဆုံးခဲ့ၿပီး၊ ေဒသခံ႐ြာသားတခ်ိဳ႕ကိုလည္း ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ ေျပာပါတယ္။

"ဒီထဲမွာ ဖမ္းသြားတဲ့လူကလည္း က်ေနာ္တို႔ အတိအက်ေတာ့ မသိရဘူး။ အားလုံးေပါင္း ေယာက်္ားေလးေရာ၊ မိန္းကေလးေရာ ၄၊ ၅ ေယာက္ေလာက္ ဖမ္းသြားတယ္တူတယ္။ က်ေနာ္တို႔အခု ႐ြာထဲေတာင္ လူသိပ္မစုံေသးဘူး၊ တခါထပ္ေျပးရတာေပါ့ေနာ္။ ႐ြာသူ၊ ႐ြာသားေတြကေတာ့ နီးစပ္ရာေတြ ေရွာင္ၾကတိမ္းၾကတာေပါ့။ အခု႐ြာေတြထဲမွာေတာ့ လူေတြမရွိသေလာက္ပဲ။ တခ်ိဳ႕ကေတာ့ ကိုယ့္အိမ္ေလးကို ျပန္လာၾကည့္တဲ့သူရွိတယ္၊ တိရစာၦန္ေမြးထားတာေတြလည္း ျပန္ၾကည့္တယ္ေပါ့ေနာ္။ ဒါေပမယ့္ လူကေတာ့ အကုန္အစုံမရွိဘူးဗ်။ တခ်ိဳ႕ ႐ြာထဲလမ္းေတြဆို ခုနက က်ေနာ္ေလွ်ာက္ၾကည့္တာေတာင္မွ ေျခာက္ေသြ႕ေနတယ္၊ တလမ္းလုံးသြားလို႔ တခါ လူတေယာက္မေတြ႕ရဘူး ျဖစ္ေနတာ။ "

မုံ႐ြာခ႐ိုင္ထဲက လယ္ဇင္စံျပေက်း႐ြာကို ဇန္နဝါရီ ၂၇ ရက္ တနလၤာေန႔ ညေနပိုင္းကလည္း စစ္ေကာင္စီတပ္ေတြ ဝင္ေရာက္ၿပီး ေဒသခံျပည္သူ႔ကာကြယ္ေရးအဖြဲ႕ဝင္ လူငယ္တခ်ိဳ႕ကိုပစ္ခတ္ခဲ့လို႔ ၄ ေယာက္ေသဆုံးခဲ့ပါတယ္။ အဲဒီဘက္မွာ စစ္တပ္နဲ႔ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြ အျပန္အလွန္ ပစ္ခတ္မႈေတြလည္း မၾကာခဏ ျဖစ္ေနတာေၾကာင့္ ႐ြာသူ၊ ႐ြာသားေတြလည္း ေဘးလြတ္ရာဆီ မၾကာခဏ ထြက္ေျပး ေရွာင္တိမ္းေနၾကရပါတယ္။ မုံ႐ြာ-ေခ်ာင္းဦး လမ္းပိုင္းကို ဇန္နဝါရီလ ၂၇ ရက္ေန႔ကစၿပီး ျပည္သူေတြ အသြားအလာ မလုပ္ၾကဖို႔နဲ႔ မုံ႐ြာၿမိဳ႕ေဒသခံ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြက ထုတ္ျပန္ထားေပမဲ့ ဘာေၾကာင့္လဲဆိုတာေတာ့ အတိအက်မသိရပါဘူး။

...........................................................................

မုံရွာမြို့လုံခြုံရေးတင်းကြပ် လယ်ဇင်နဲ့သက္ကယ်ကျင်း ရွာလုံးကျွတ်တိမ်းရှောင်

(Unicode)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ထဲက စစ်ကောင်စီတပ်တွေ လုံခြုံရေးအင်အားတိုးပြီး နေရာတော်တော်များများမှာ သွားလာသူတွေကို အခုရက်ပိုင်း ပိုပြီး တားဆီးစစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မုံရွာခရိုင်ထဲက လယ်ဇင်စံပြကျေးရွာနဲ့ သက္ကယ်ကျင်းကျေးရွာမှာလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေမှုတွေ မကြာ မကြာ လုပ်နေတာကြောင့် ရွာလုံးကြွတ် ဘေးလွတ်ရာ တိမ်းရှောင်နေကြပါတယ်။ မုံရွာဘက်က အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန် ကပြောပြမှာပါ။

မုံရွာမြို့မှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပျောက်ကြားတိုက်ခိုက်မှုတွေ လုပ်မယ်ဆိုတဲ့ သတိပေးမှုတွေ ထွက်ပေါ်နေတဲ့အတွက် စစ်ကောင်စီတပ်ဘက်က လုံခြုံရေးပိုပြီးတင်းကြပ်နေပါတယ်။ အစထဲက လုံခြုံရေးအင်အား အများအပြားချထားတဲ့ မုံရွာမြို့ထဲက လမ်းတွေမပါ် သွားလာနေသူ အမျိုးသားတွေကို ပိုပြီးစစ်ဆေးနေတယ်လို့ မုံရွာမြို့ခံ အာကူးကပြောပြပါတယ်။

"မြို့ပေါ်အနေအထားမှာ ဒီနေ့အစစ်ဆေးကြမ်းရတဲ့ဟာက မနေ့က မုံရွာမြို့ပြပျောက်ကြားအဖွဲ့တွေက တိုက်ခိုက်ခဲ့တာတွေ သူတို့စာထုတ်ထားတာရှိတယ်ဗျ။ အဲဒီအတွက်ကြောင့် အစစ်ဆေးကြပ်တယ်။ နောက်တခုက စက်မှုဇုံထဲမှာ အဲကောင်တွေအစည်းအဝေးလုပ်တယ်လို့ ကျနော်တို့သတင်းရထားတယ်။ အဲဒီအတွက်လည်း လုံခြုံရေးကိုတိုးပြီး ချထားတယ်။ ပြီးတော့ မနက်ပိုင်းမှာလည်း ကြေးမုံမှာ မိုင်းအချီကြီးမိသွားတယ်ပြောတယ်။ အဲဒါတွေတော့ ပါမယ်ဗျ။ သူတို့က အခုဟာက ရှောင်တခင်စစ်တာ များတယ်ဗျ။ နေရာကို အတည်တကျမရှိဘူး။ အခုနေ ဒီနေရာကိုရောက်တာ တနာရီဆို နောက် တနာရီဆို နောက်တနေရာကိုပြောင်းသွားပြီ။ အဲလိုပုံစံမျိုးတွေဗျ။ များသောအားဖြင့်တော့ ယောကျ်ားလေးတွေကို အဓိကထားစစ်တယ်။ ကျနော်တို့ တက်တူးတွေစစ်တယ်။ ဖုန်းကို အဓိကထား စစ်တယ်ဗျ။"

မြို့လယ်က လမ်းတွေမှာ လုံခြုံရေးတပ်ဖွဲ့တွေက ကင်းပုန်းချစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့ပေါ်က လမ်းတွေမှာ ကင်းပုန်းချပြီး စစ်ဆေးတာတွေလုပ်လာတယ်လို့ ပြောပါတယ်။ မုံရွာမြို့ မြို့တော်ခန်းမမှာ စစ်ကောင်စီတပ်တွေ စခန်းချနေရာယူထားသလို၊ တက္ကသိုလ်ကျောင်းဝန်းတွေထဲမှာလည်း တပ်စွဲထားပါတယ်။ မြို့အဝင် အထွက်တွေမှာလည်း စစ်ဆေးရေးဂိတ်တွေ လုပ်ထားပါတယ်။

"အစစ်ဆေးကတော့ အခုချိန်ကစပြီးတော့ လကုန်ပိုင်းထိလောက်တော့ များမယ်နဲ့တူတယ်ဗျ။ ဘာလို့လဲဆိုတော့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာလည်း ကျနော်တို့သတင်းတွေ ရထားတာရှိတယ်၊ တပ်ထောက်ခံပွဲတွေ ရှိတယ်ပေါ့ဗျာ။ အဲတော့ လုံခြုံရေးပိုင်းဆိုင်ရာတွေကို သူတို့ပိုပြီးတော့ တင်းကြပ်လိုက်တယ်လို့ပဲ ကျနော်တို့မြင်တယ်ဗျ။ အခုနောက်ပိုင်းမှာလည်း မုံရွာမြို့ပေါ် ပျောက်ကြားတွေက စစ်ကောင်စီရဲ့ အလိုတော်ပုံစံမျိုးဖြစ်နေတဲ့ ဘဏ်တွေကိုလည်း တိုက်ခိုက်တာက မကြာခဏဖြစ်နေတယ်။ အဲဒီအတွက်ကြောင့်မို့လို့ သူတို့က လုံခြုံရေးကို အရင်ကထက်ပိုပြီး ချထားတယ်ဗျ။"

မုံရွာမြို့ပြင်မှာရှိတဲ့ လယ်ဇင်စံပြကျေးရွာနဲ့ သက္ကယ်ကျင်းရွာတွေမှာလည်း မနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့က စစ်ကောင်စီတပ်တွေဝင်ရောက်ပြီး

ရှာဖွေရှင်းလင်းမှုတွေလုပ်လို့ ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာထွက်ပြေးနေကြရပါတယ်။ သက္ကယ်ကျင်းရွာအရှေ့ဘက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်မှုတွေလည်းဖြစ်ခဲ့တယ်လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

"သူတို့ မနေ့တုန်းက အရင်တခါဝင်တဲ့လမ်းကြောရဲ့ မလှမ်းမကမ်း တနေရာကနေပြီးတော့ အဲဒီ လယ်ဇင်ရဲ့မြောက်ဘက်ကျမှာပေါ့နော်။ အဲဒီကနေ ပြန်ဝင်လာပြီးတော့ သက္ကယ်ကျင်းအရှေ့ဘက်ကို သူတို့ဖြတ်သွားတယ်ဗျ။ လယ်ဇင်ကိုမဝင်သေးဘဲနဲ့လေ သက္ကယ်ကျင်းအရှေ့ဘက်မှာ PDF စခန်းလေးတခုကိုဝင်စီးပြီးတော့ မီးရှို့သွားတယ်ဗျ။ မီးရှို့ခံရတဲ့နေရာက ၄ ခုလောက်လို့ ပြောတယ်ဗျ၊ ကွမ်းခြံတဲတွေရော ရှို့သွားတယ်။ မီးရှို့ပြီး သူတို့ပြန်ထွက်လာတဲ့အခါမှာ မိုင်းထောင်ထားတာတခုကို သူတို့ခလုတ်တိုက်မိတာတူတယ်။ အဲဒီမှာ မိုင်းကကွဲသွားတဲ့အခါမှာ သူတို့ပစ်တော့တာပဲဗျ။ အဲဒီ ပစ်တဲ့အခါကျတော့ သက္ကယ်ကျင်းဘက်က PDF တယောက်တော့ ကျသွားတယ်ဗျ။ အဲဒီအချိန် သူတို့ပစ်ခတ်နေတဲ့အခါရောက်တော့ ကျနော်တို့နောက်မှာ ကျန်တဲ့အင်အားက လယ်ဇင်ကနေပြီးတော့ ခြေကျင်တွေရော၊ ကားတွေရော တွန်းနင်းပြီးတော့ဝင်လာတယ်ဗျ။ ဝင်လာပြီးတော့ လယ်ဇင်ရွာထဲမှာ တချို့အိမ်တွေကို သူတို့ဖျက်စီးသွားတယ်။ ၄ အိမ်ကတော့ ပြည်သူပိုင်သိမ်းမယ်ဆိုပြီး စာတွေကပ်သွားတာ ရှိတယ်ဗျ။"

အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦး သေဆုံးခဲ့ပြီး၊ ဒေသခံရွာသားတချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ပြောပါတယ်။

"ဒီထဲမှာ ဖမ်းသွားတဲ့လူကလည်း ကျနော်တို့ အတိအကျတော့ မသိရဘူး။ အားလုံးပေါင်း ယောကျ်ားလေးရော၊ မိန်းကလေးရော ၄၊ ၅ ယောက်လောက် ဖမ်းသွားတယ်တူတယ်။ ကျနော်တို့အခု ရွာထဲတောင် လူသိပ်မစုံသေးဘူး၊ တခါထပ်ပြေးရတာပေါ့နော်။ ရွာသူ၊ ရွာသားတွေကတော့ နီးစပ်ရာတွေ ရှောင်ကြတိမ်းကြတာပေါ့။ အခုရွာတွေထဲမှာတော့ လူတွေမရှိသလောက်ပဲ။ တချို့ကတော့ ကိုယ့်အိမ်လေးကို ပြန်လာကြည့်တဲ့သူရှိတယ်၊ တိရစ္ဆာန်မွေးထားတာတွေလည်း ပြန်ကြည့်တယ်ပေါ့နော်။ ဒါပေမယ့် လူကတော့ အကုန်အစုံမရှိဘူးဗျ။ တချို့ ရွာထဲလမ်းတွေဆို ခုနက ကျနော်လျှောက်ကြည့်တာတောင်မှ ခြောက်သွေ့နေတယ်၊ တလမ်းလုံးသွားလို့ တခါ လူတယောက်မတွေ့ရဘူး ဖြစ်နေတာ။"

မုံရွာခရိုင်ထဲက လယ်ဇင်စံပြကျေးရွာကို ဇန်နဝါရီ ၂၇ ရက် တနင်္လာနေ့ ညနေပိုင်းကလည်း စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် လူငယ်တချို့ကိုပစ်ခတ်ခဲ့လို့ ၄ ယောက်သေဆုံးခဲ့ပါတယ်။ အဲဒီဘက်မှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ အပြန်အလှန် ပစ်ခတ်မှုတွေလည်း မကြာခဏ ဖြစ်နေတာကြောင့် ရွာသူ၊ ရွာသားတွေလည်း ဘေးလွတ်ရာဆီ မကြာခဏ ထွက်ပြေး ရှောင်တိမ်းနေကြရပါတယ်။ မုံရွာ-ချောင်းဦး လမ်းပိုင်းကို ဇန်နဝါရီလ ၂၇ ရက်နေ့ကစပြီး ပြည်သူတွေ အသွားအလာ မလုပ်ကြဖို့နဲ့ မုံရွာမြို့ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ထုတ်ပြန်ထားပေမဲ့ ဘာကြောင့်လဲဆိုတာတော့ အတိအကျမသိရပါဘူး။

XS
SM
MD
LG