သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကပ္ေဘးလြန္ကာလ အလုပ္အကိုင္ရရွိေရး အလားအလာေမွးမွိန္ (ILO)


႔ ILO အႀကီးအကဲ Guy Ryder

ကပ္ေဘးလြန္ကာလ အလုပ္အကိုင္ရရွိေရး အလားအလာေမွးမွိန္ (ILO)

{{Zawgyi/Unicode}}

ILO ကမာၻ႔အလုပ္သမားအဖဲြ့ႀကီးရဲ့ ေနာက္ဆုံး ေလ့လာေတြ႕ရွိခ်က္ေတြအရ ကိုဗစ္ကပ္ေဘးအလြန္ကာလ ကမာၻတ၀န္း အလုပ္အကိုင္ ရရွိမႈ အလားအလာေတြ အားနည္းေနတာ ေတြ႕ရွိထားပါတယ္။ ခ်မ္းသာတဲ့ ႏိုင္ငံေတြထက္ ဆင္းရဲတဲ့ ႏိုင္ငံေတြမွာ အေျခအေန ပိုဆိုးတယ္လို႔လည္း ILO ကေျပာပါတယ္။ ကပ္ေရာဂါေၾကာင့္ ထိခိုက္ခဲ့ရတဲ့ အလုပ္သမား ေစ်းကြက္ အေျခအနနဲ႔ ပတ္သက္လို႔ ILO ႐ုံးခ်ဳပ္ရွိရာ ဆြစ္ဇာလန္ႏိုင္ငံ ဂ်နီဗာကေန VOA သတင္းေထာက္ Lisa Schlein က သတင္းပုိ့ထားတာကုိ ကုိေဇာ္မုိးေက်ာ္ကတင္ျပေပးပါမယ္။

ILO အလုပ္သမားအဖဲြ့ခ်ဳပ္ႀကီးရဲ့ စီးပြားေရးပညာရွင္ေတြဟာ ကုိဗစ္ကပ္ဆုိးရဲ့ အလုပ္သမား ေစ်းကြက္ေပၚသက္ေရာက္မွုေတြကုိ ၂၀၂၀ ခုႏွစ္ မတ္လကတည္းက ေစာင့္ၾကည့္ေလ့လာခဲ့ၿပီး၊ ကမၻာ့အလုပ္သမားေစ်းကြက္အေနနဲ့ ထိခုိက္ပ်က္စီးဖုိ့လြယ္ကူတဲ့အေနအထားမွာရွိေနေသးေပမယ့္၊ တေျဖးေျဖးျပန္လည္ေကာင္းမြန္လာမယ္လုိ့ ဒီႏွစ္ဆန္းပိုင္းမွာ ခန့္မွန္းခဲ့ပါတယ္။

ဒါေပမယ့္ အဲဒီလုိ အေကာင္းဘက္ကုိေမွ်ာ္ေတြးခဲ့တဲ့ေမွ်ာ္လင့္ခ်က္ေတြဟာ ကုိဗစ္ကူးဆက္မွု လွိဳင္းသစ္ေတြေၾကာင့္ ေမွးမွိန္သြားခဲ့ရပါတယ္။ စီးပြားေရးျပန္လည္နာလန္ထလာမွုေတြဟာ ေမွ်ာ္လင့္ထားတာ ထက္ကုိေႏွးေကြးေနပါတယ္။

အခုေနာက္ဆုံးေတြ့ရွိခ်က္ေတြအရ ဒီႏွစ္အလုပ္သမားေစ်းကြက္မွာ တကမၻာလုံးအလုပ္လုပ္ခ်ိန္ဟာ ကုိဗစ္မျဖစ္ခင္ကအလုပ္ခ်ိန္ေတြထက္ ၄.၃ % ေလ်ာ့နည္းေနဦးမယ္လုိ့ တြက္ခ်က္ထားပါတယ္။ ဒီ အတုိင္းအတာဟာ အခ်ိန္ျပည့္အလုပ္သမား ၁၂၅ သန္း အလုပ္ ဆုံးရွုံးရမယ့္ပမာဏနဲ့ညီမွ်ေန ပါတယ္။

ILO ညြန္ၾကားေရးမွုးခ်ဳပ္ Guy Ryder ကေတာ့ ဆင္းရဲတဲ့ ႏုိင္ငံေတြနဲ့ ခ်မ္းသာတဲ့ႏုိင္ငံေတြအၾကား ျပန္လည္နလန္ထလာမွုႏွုန္း မတူညီဘဲ ႏွစ္မ်ိဳးကဲြျပားေနတာကုိ သူ့အေနနဲ့ စုိးရိပ္ပူပန္ေနဆဲဘဲလုိ့ ေျပာဆုိပါတယ္။

"ဒါဟာဘာကုိေဖၚျပေနလဲဆုိရင္ ၂၀၂၁ ခုႏွစ္အတြင္း ခ်မ္းသာတဲ့ႏုိင္ငံေတြက ကုိဗစ္ကပ္ဆုိးကေန အတုိင္းအတာတခုအထိျပန္လည္လြတ္ေျမာက္လာခဲ့ေပမယ္၊ ဆင္းရဲတဲ့ ႏုိင္ငံေတြက ၂၀၂၁ ခုႏွစ္ အတြင္းကုိဗစ္ကပ္ေရာဂါကုိ အျပင္းအထန္ခံစားခဲ့ရတယ္ဆုိတာကုိေဖၚျပေနပါတယ္။ ကုိဗစ္ကပ္ ေရာဂါဟာ ႏုိင္ငံေတြအၾကားမညီမွ်ကုိ ပုိမုိအေျခအေနဆုိးသြားေစပါတယ္"

အခုလုိကြာဟမွုေတြႀကီးထြားလာရတာဟာ ႏုိင္ငံေတြအၾကား ကုိဗစ္ကာကြယ္ေဆး ထုိးႏုိင္မွုအေျခနဲ့ စီးပြားေရးနာလန္ထဖုိ့ အစိုးရေတြရဲ႕ ေထာက္ပံ့မႈေတြ အေပၚမွာ မူတည္တယ္လုိ့ဆုိပါတယ္။ ဒါအျပင္ တုိင္းျပည္ေတြရဲ့ျပန္လည္နာလန္ထူလာတဲ့ႏွုန္းဟာ သူ့ႏုိင္ငံသားေတြကုိ ကာကြယ္ေဆးဘယ္ေလာက္ထုိးေပးႏုိင္လဲ ဆုိတဲ့အေပၚ အႀကီးက်ယ္တည္မွီေနတယ္ လုိ့ ILO အႀကီးအကဲကေျပာဆုိခဲ့ပါတယ္။

စီးပြားေရးျပန္လည္နာလန္ထလဖုိ့ဆုိရာမွာ ကပ္ေရာဂါဆုိးေၾကာင့္စီးပြားေရးထိခုိက္တဲ့ က်ဆင္းတဲ့ အခ်ိန္မွာ အလုပ္သမားေတြနဲ့ စီးပြားေရးလုပ္ငန္းေတြကုိ အကာကြယ္ေပးဖုိ့ ေငြေၾကးအရထိခုိက္မွု သက္သာေအာင္ ဘယ္ေလာက္လုပ္ေပးႏုိင္လည္းဆုိတဲ့ အေပၚမွာလည္းမူတည္တယ္လုိ့သူက ေျပာဆုိခဲ့ပါတယ္။

“ ၀င္ေငြနည္းနဲ့ ၀င္ေငြအလယ္အလတ္ ရွိတဲ့ ႏုိင္ငံေတြမွာ ေငြေရးေၾကးေရးအရ ခ်ဳပ္ခ်ယ္ကန့္သတ္မွု ေတြနဲ့ ကာကြယ္ေဆးထုိးမွုႏွုန္းေႏွးေကြးတာေတြဟာ၊ အေျခအေနေတြျပန္လည္ တုိးတက္ေကာင္း မြန္လာဖုိကုိ ဆက္လက္ၿပီး အဟန့္အတားေတြျဖစ္ေနဦးမွာပါ။ ခုိင္မာတဲ့ ေငြေၾကးနဲ့နည္းပညာဆုိင္ရာ အေထာက္အကူေတြမရွိရင္ေတာ့ ဖြံ႔ၿဖိဳးၿပီးနဲ့ ဖြြံ႔ၿဖိဳးဆဲႏုိင္ငံေတြအၾကား အႀကီးအက်ယ္ကြာျခားနားေနမွုဟာ ဆက္လက္ရွိေနဦးမွာပါ။”

ဒီႏွစ္အတြင္း အလုပ္သမားေစ်းကြက္ျပန္လည္နာလန္ထူလာႏုိင္ဖုိ့ကေတာ့ အားနည္းေနေသးၿပီး၊ မေသျခာမေရရာတဲ့အေျခအေနမွာရွိေနေသးတယ္လုိ့ ILO အလုပ္သမားအဖဲြ့ခ်ဳပ္ႀကီးကခန့္မွန္းထားပါတယ္။ ႏုိင္ငံတခုထဲ၊ ေဒသတခုထဲ ဒီအၾကပ္အတည္းကေနလြတ္ေျမာက္ေအာင္ရုန္းထြက္ဖုိ့ဆုိတာ မျဖစ္ႏုိင္ဘူးပါဘူး၊ ဒီက်န္းမာေရးနဲ့ လူမွုစီးပြားအၾကပ္အတည္းကေန လြတ္ေျမာက္ႏုိင္တဲ့တခုတည္း ေသာနည္းလမ္းကေတာ့ ႏုိင္ငံေတြအားလုံးအတူတကြပူးေပါင္းလုပ္ေဆာင္ၾကဖုိ့ပါဘဲ လုိ့ ILO အႀကီးအကဲ Guy Ryder ကေျပာဆုိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

..................................

ကပ်ဘေးလွန်ကာလ အလုပ်အကိုင်ရရှိရေး အလားအလာမှေးမှိန် (ILO)

{{Unicode}}

ILO ကမ္ဘာ့အလုပ်သမားအဖွဲ့ကြီးရဲ့ နောက်ဆုံး လေ့လာတွေ့ရှိချက်တွေအရ ကိုဗစ်ကပ်ဘေးအလွန်ကာလ ကမ္ဘာတဝန်း အလုပ်အကိုင် ရရှိမှု အလားအလာတွေ အားနည်းနေတာ တွေ့ရှိထားပါတယ်။ ချမ်းသာတဲ့ နိုင်ငံတွေထက် ဆင်းရဲတဲ့ နိုင်ငံတွေမှာ အခြေအနေ ပိုဆိုးတယ်လို့လည်း ILO ကပြောပါတယ်။ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရတဲ့ အလုပ်သမား ဈေးကွက် အခြေအနနဲ့ ပတ်သက်လို့ ILO ရုံးချုပ်ရှိရာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာကနေ VOA သတင်းထောက် Lisa Schlein က သတင်းပို့ထားတာကို ကိုဇော်မိုးကျော်ကတင်ပြပေးပါမယ်။

ILO အလုပ်သမားအဖွဲ့ချုပ်ကြီးရဲ့ စီးပွားရေးပညာရှင်တွေဟာ ကိုဗစ်ကပ်ဆိုးရဲ့ အလုပ်သမား ဈေးကွက်ပေါ်သက်ရောက်မှုတွေကို ၂၀၂၀ ခုနှစ် မတ်လကတည်းက စောင့်ကြည့်လေ့လာခဲ့ပြီး၊ ကမ္ဘာ့အလုပ်သမားဈေးကွက်အနေနဲ့ ထိခိုက်ပျက်စီးဖို့လွယ်ကူတဲ့အနေအထားမှာရှိနေသေးပေမယ့်၊ တဖြေးဖြေးပြန်လည်ကောင်းမွန်လာမယ်လို့ ဒီနှစ်ဆန်းပိုင်းမှာ ခန့်မှန်းခဲ့ပါတယ်။

ဒါပေမယ့် အဲဒီလို အကောင်းဘက်ကိုမျှော်တွေးခဲ့တဲ့မျှော်လင့်ချက်တွေဟာ ကိုဗစ်ကူးဆက်မှု လှိုင်းသစ်တွေကြောင့် မှေးမှိန်သွားခဲ့ရပါတယ်။ စီးပွားရေးပြန်လည်နာလန်ထလာမှုတွေဟာ မျှော်လင့်ထားတာ ထက်ကိုနှေးကွေးနေပါတယ်။

အခုနောက်ဆုံးတွေ့ရှိချက်တွေအရ ဒီနှစ်အလုပ်သမားဈေးကွက်မှာ တကမ္ဘာလုံးအလုပ်လုပ်ချိန်ဟာ ကိုဗစ်မဖြစ်ခင်ကအလုပ်ချိန်တွေထက် ၄.၃ % လျော့နည်းနေဦးမယ်လို့ တွက်ချက်ထားပါတယ်။ ဒီ အတိုင်းအတာဟာ အချိန်ပြည့်အလုပ်သမား ၁၂၅ သန်း အလုပ် ဆုံးရှုံးရမယ့်ပမာဏနဲ့ညီမျှနေ ပါတယ်။

ILO ညွန်ကြားရေးမှုးချုပ် Guy Ryder ကတော့ ဆင်းရဲတဲ့ နိုင်ငံတွေနဲ့ ချမ်းသာတဲ့နိုင်ငံတွေအကြား ပြန်လည်နလန်ထလာမှုနှုန်း မတူညီဘဲ နှစ်မျိုးကွဲပြားနေတာကို သူ့အနေနဲ့ စိုးရိပ်ပူပန်နေဆဲဘဲလို့ ပြောဆိုပါတယ်။

"ဒါဟာဘာကိုဖေါ်ပြနေလဲဆိုရင် ၂၀၂၁ ခုနှစ်အတွင်း ချမ်းသာတဲ့နိုင်ငံတွေက ကိုဗစ်ကပ်ဆိုးကနေ အတိုင်းအတာတခုအထိပြန်လည်လွတ်မြောက်လာခဲ့ပေမယ်၊ ဆင်းရဲတဲ့ နိုင်ငံတွေက ၂၀၂၁ ခုနှစ် အတွင်းကိုဗစ်ကပ်ရောဂါကို အပြင်းအထန်ခံစားခဲ့ရတယ်ဆိုတာကိုဖေါ်ပြနေပါတယ်။ ကိုဗစ်ကပ် ရောဂါဟာ နိုင်ငံတွေအကြားမညီမျှကို ပိုမိုအခြေအနေဆိုးသွားစေပါတယ်"

အခုလိုကွာဟမှုတွေကြီးထွားလာရတာဟာ နိုင်ငံတွေအကြား ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်မှုအခြေနဲ့ စီးပွားရေးနာလန်ထဖို့ အစိုးရတွေရဲ့ ထောက်ပံ့မှုတွေ အပေါ်မှာ မူတည်တယ်လို့ဆိုပါတယ်။ ဒါအပြင် တိုင်းပြည်တွေရဲ့ပြန်လည်နာလန်ထူလာတဲ့နှုန်းဟာ သူ့နိုင်ငံသားတွေကို ကာကွယ်ဆေးဘယ်လောက်ထိုးပေးနိုင်လဲ ဆိုတဲ့အပေါ် အကြီးကျယ်တည်မှီနေတယ် လို့ ILO အကြီးအကဲကပြောဆိုခဲ့ပါတယ်။

စီးပွားရေးပြန်လည်နာလန်ထလဖို့ဆိုရာမှာ ကပ်ရောဂါဆိုးကြောင့်စီးပွားရေးထိခိုက်တဲ့ ကျဆင်းတဲ့ အချိန်မှာ အလုပ်သမားတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို အကာကွယ်ပေးဖို့ ငွေကြေးအရထိခိုက်မှု သက်သာအောင် ဘယ်လောက်လုပ်ပေးနိုင်လည်းဆိုတဲ့ အပေါ်မှာလည်းမူတည်တယ်လို့သူက ပြောဆိုခဲ့ပါတယ်။

“ ဝင်ငွေနည်းနဲ့ ဝင်ငွေအလယ်အလတ် ရှိတဲ့ နိုင်ငံတွေမှာ ငွေရေးကြေးရေးအရ ချုပ်ချယ်ကန့်သတ်မှု တွေနဲ့ ကာကွယ်ဆေးထိုးမှုနှုန်းနှေးကွေးတာတွေဟာ၊ အခြေအနေတွေပြန်လည် တိုးတက်ကောင်း မွန်လာဖိုကို ဆက်လက်ပြီး အဟန့်အတားတွေဖြစ်နေဦးမှာပါ။ ခိုင်မာတဲ့ ငွေကြေးနဲ့နည်းပညာဆိုင်ရာ အထောက်အကူတွေမရှိရင်တော့ ဖွံ့ဖြိုးပြီးနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအကြား အကြီးအကျယ်ကွာခြားနားနေမှုဟာ ဆက်လက်ရှိနေဦးမှာပါ။”

ဒီနှစ်အတွင်း အလုပ်သမားဈေးကွက်ပြန်လည်နာလန်ထူလာနိုင်ဖို့ကတော့ အားနည်းနေသေးပြီး၊ မသေခြာမရေရာတဲ့အခြေအနေမှာရှိနေသေးတယ်လို့ ILO အလုပ်သမားအဖွဲ့ချုပ်ကြီးကခန့်မှန်းထားပါတယ်။ နိုင်ငံတခုထဲ၊ ဒေသတခုထဲ ဒီအကြပ်အတည်းကနေလွတ်မြောက်အောင်ရုန်းထွက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးပါဘူး၊ ဒီကျန်းမာရေးနဲ့ လူမှုစီးပွားအကြပ်အတည်းကနေ လွတ်မြောက်နိုင်တဲ့တခုတည်း သောနည်းလမ်းကတော့ နိုင်ငံတွေအားလုံးအတူတကွပူးပေါင်းလုပ်ဆောင်ကြဖို့ပါဘဲ လို့ ILO အကြီးအကဲ Guy Ryder ကပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG