သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖယ္ခုံ လတူးေက်းရြာသစ္ မီး႐ႈိ႕ဖ်က္ဆီးခံရ


ရွမ္းျပည္ေတာင္ပိုင္း၊ ဖယ္ခံုၿမိဳ႕နယ္၊ လြယ္ဝွဲေက်းရြာေနအိမ္ မီး႐ိႈ႕ဖ်က္ဆီးခံရတဲ့ျမင္ကြင္း။ (ႏုိဝင္ဘာ ၃၊ ၂၀၂၁။ ဓာတ္ပံု - ဖယ္ခံု PDF)

(Zawgyi / Unicode)

ႏုိဝင္ဘာ ၈ ရက္ မေန႔က ရွမ္းျပည္နယ္ ဖယ္ခုံၿမိဳ႕နယ္ လတူးေက်းရြာသစ္မွာ စစ္တပ္က မီး႐ႈိ႕ဖ်က္ဆီးခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ရြာမီးေလာင္တာ ျမင္ေနရေပမယ့္ စစ္တပ္ေတြ ရွိေနတဲ့အတြက္ ရြာသားေတြ အနားသြားမၾကည့္ရဲၾကဘူးလို႔ ေဒသခံတေယာက္က ဗီြအိုေအကို ေျပာျပပါတယ္။ ခုလို ဖယ္ခုံၿမိဳ႕နယ္ထဲက တိုက္ပြဲေတြေၾကာင့္ ေဘးလြတ္ရာ ထြက္ေျပးေနၾကရသူ ၂ ေသာင္းခြဲေလာက္ ရွိေနတဲ့အေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို အလိမၼာ ေျပာျပပါမယ္။

ႏိုဝင္ဘာ ၈ ရက္ မေန႔ကအထိ ရွမ္းျပည္နယ္ ဖယ္ခံုၿမိဳ႕နယ္ ေခါင္းအိေက်းရြာအုပ္စုထဲ ပါဝင္တဲ့ လတူးေက်းရြာသစ္နားမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံ ကာကြယ္ေရးအဖဲြ႔ေတြ တိုက္ပြဲေတြ ျဖစ္ခဲ့ပါတယ္။ မေန႔ညေနပိုင္းေလာက္မွာေတာ့ အိမ္ေျခ ၃၀ ေလာက္ရွိတဲ့ လတူးရြာသစ္ကို စစ္ေကာင္စီက မီး႐ႈိ႕ခဲ့ေၾကာင္းနဲ႔ မီးေလာင္တာ ျမင္ေနရေပမယ့္ စစ္သားေတြ ရွိေနတဲ့အတြက္ အေျခအေနကို ရြာသားေတြ အနားကပ္သြားမၾကည့္ႏုိင္ဘူးလို႔ ရြာသားတေယာက္က ခုလိုေျပာပါတယ္။

“လြယ္ဝွဲမွာက်ေတာ့ အိမ္သံုးလံုးေလာက္ေတာ့ ေလာင္တယ္၊ စက္ေတာ္က်ေတာ့ မေလာင္ဘူး၊ အိမ္ေတာ့ ဝင္ေမႊသြားတယ္၊ အိမ္ေတာ့ အကုန္လံုးဝင္ေမႊတယ္။ ဟို…ဒီ လတူးရြာသစ္က အဲ့ဒါ မီး႐ႈိ႕ခံရတာ ေသခ်ာတယ္။ ဦးေလးတို႔က အဲ့မွာ ေဒသခံေတြ အနီးကေန မီး႐ိႈ႕ခိုးေတြေတာ့ ေတြ႔တယ္။ ေသလည္း ေသခ်ာတယ္။ မီး႐ႈိ႕ခံရတာေတာ့ ေသခ်ာတယ္။ ဘယ္ႏွစ္လံုးေလာင္တာေတာ့ ဦးေလးတုိ႔ မသိဘူးေပါ့ေနာ္။ စစ္သားေတြ ရွိေနေတာ့ ဦးေလးတို႔ အနီးနီးေတာ့လည္း သြားမရဲဘူးေပ့ါေနာ္။”

မေန႔ အေစာပိုင္းက ႏွစ္ဖက္ အျပန္အလွန္ပစ္ခတ္ တိုက္ပြဲျပင္းထန္ခဲ့ၿပီးေနာက္ပိုင္း စစ္တပ္က ရြာကို မီး႐ႈိ႕လိုက္ပံုရတယ္လို႔ ကရင္နီအမ်ဳိးသား ကာကြယ္ေရးတပ္ဖြဲ႔ (KNDF) ျပန္ၾကားေရးတာဝန္ခံတဦးက ဗြီအုိေအကို ေျပာပါတယ္။

“တိုက္ပြဲေတာ့ ျဖစ္တာေပ့ါေလ။ တိုက္ပြဲျဖစ္ရင္းနဲ႔ အဲ့ဒီရြာထဲကုိ သူတု႔ိေရာက္လာေတာ့ သူ ရြာမွာရွိတဲ့ အိမ္ေတြကို မီး႐ႈိ႕လိုက္တဲ့ ပံုစံပါဗ် ဟုတ္၊ တရြာလံုးလား ဆိုတဲ့အခါလည္း က်ေနာ့္ဘက္လည္း Confirm ျဖစ္ဖို႔ နည္းနည္းေလး ခက္ေနတယ္။ ဘာေၾကာင့္လဲဆိုလို႔ရွိရင္ အဲ့ဒီဘက္မွာ လက္ရွိက အဲ့ဒီရြာမွာလည္း သူတို႔ေတြက တပ္စြဲေနတုန္းပဲ။ က်ေနာ္တို႔က အဲ့ဒီ လတူးရြာထဲထိေတာ့ ဝင္ေရာက္ႏိုင္ျခင္း မရရွိဘူးေပါ့။ အဲ့ဒီမွာေတာ့ စကစေတြက တပ္စြဲေနတုန္းပဲ။ ဟုတ္ သူတို႔ လက္ရွိ ရွိေနတုန္းပါပဲဗ်။”

ဖယ္ခံုၿမိဳ႕နယ္ ေခါင္းအိေက်းရြာအုပ္စုက လြယ္ဝွဲရြာ၊ စက္ေတာ္ရြာ၊ လတူးရြာသစ္နဲ႔ ေခါင္းအိရြာနားတဝုိက္မွာ တိုက္ပြဲျပင္းထန္ေနတာ မေန႔ကအထိဆိုရင္ ၇ ရက္ဆက္တိုက္ ရွိေနပါၿပီ။ အဲဒီေဒသတဝိုက္ စစ္တပ္က အင္အား အမ်ားအျပား တိုးခ်ထားၿပီး ထိုးစစ္ဆင္ေနတာေၾကာင့္ ျပန္လည္တိုက္ခိုက္ရတာလို႔ ေဒသခံ ကာကြယ္ေရးအဖြဲ႔က ဗြီအုိေအကို ေျပာထားပါတယ္။

ေခါင္းအိေက်းရြာအုပ္စုမွာ စစ္တပ္နဲ႔ ေဒသခံ ကာကြယ္ေရးအဖဲြ႔ေတြ တိုက္ပြဲေတြ ျဖစ္ေနတာေၾကာင့္ ရြာသားတခ်ဳိ႕ ႏိုဝင္ဘာ ၁ ရက္ေန႔ေလာက္ထဲက ေဘးလြတ္ရာကို ထြက္ေျပး တိမ္းေရွာင္ေနၾကပါတယ္။ စစ္ေျပးဒုကၡသည္ေတြကို ကူညီကယ္ဆယ္ေပးေနတဲ့ ကယန္းေဒသ လူမႈကယ္ဆယ္ေရး ေကာ္မတီအဖြဲ႔ဝင္ တဦးကလည္း လတူးရြာဘက္ မီးေလာင္ေနတာ ျမင္ေနရတယ္လို႔ ေျပာပါတယ္။ အခုအခ်ိန္အထိ ရြာေတြက ထြက္ေျပးလာၾကသူ ၂ ေသာင္းခဲြေလာက္ ရွိတယ္လို႔ ကယ္ဆယ္ေရး ေကာ္မတီဝင္တေယာက္က ေျပာျပပါတယ္။

“ေခါင္းအိအုပ္စုမွာ ေက်းရြာေပါင္း ၁၁ ရြာ၊ ၁၂ ရြာရွိတယ္။ ေျပးလာတဲ့ စစ္ေဘးေရွာင္ အဲ့ဒီထဲက ၃,၀၀၀ ေက်ာ္သြားၿပီေပါ့။ ဒီေန႔မနက္ ၈ နာရီအခ်ိန္ထိဆို က်ေနာ္တို႔ ၃,၂၀၀ ေလာက္ေတာ့ ရွိေနၿပီေပါ့ အဲ့လို။ ဒီၿမိဳ႕ေပၚအုပ္စုေတြ ဘာေတြ ထပ္ပါမယ္ ဆုိလို႔ရွိရင္ေတာ့ ခန္႔မွန္းေျခဆိုလို႔ရွိရင္ ၂၀,၀၀၀၊ ၂၅,၀၀၀ ဝန္းက်င္ေတာ့ ရွိေနၿပီေပါ့ေနာ္။ ဒီတပတ္အတြင္း စစ္ေရွာင္လာတဲ့ ျပည္သူေတြေပါ့။ ၿမိဳ႕ထဲမွာဆိုလို႔ရွိရင္လည္း က်ေနာ္တို႔ ဒီျပည္သူေတြ က်န္ေနခဲ့တဲ့ လူငယ္ေတြ လိုက္ဖမ္းဆီးတာေတြ ရွိတယ္။ အေၾကာင္းမဲ့ေပါ့ေနာ္၊ ဘာအတြက္ေၾကာင့္ ဖမ္းသြားတာမ်ဳိးလည္း မသိရဘူး။ အဲ့လိုမ်ဳိးေတြရွိတယ္။ ၿပီးရင္ ေက်းရြာ ရပ္ကြက္ထဲကို လက္နက္ႀကီးနဲ႔ လွမ္းထုတာေတြ အဲ့လိုမ်ဳိးျဖစ္ေနတယ္ဗ်။ ဆက္တိုက္လည္း ဒီအခ်ိန္ထိလည္း လတူးရြာဘက္မွာလည္း တိုက္ပြဲက ျပန္လည္ဖို႔ပဲ ရွိတာေပါ့။”

စစ္ေဘးဒုကၡသည္ေတြဟာ နီးစပ္ရာ ေဆြမ်ဳိးအိမ္၊ စာသင္ေက်ာင္း၊ ဘုန္းႀကီးေက်ာင္းနဲ႔ ေတာေတာင္ထဲမွာ ပုန္းေရွာင္ေနၾကရတယ္လို႔လည္း သူကေျပာပါတယ္။

ဖယ္ခုံ လတူးေက်းရြာသစ္ မီး႐ႈိ႕ဖ်က္ဆီးခံရ
please wait

No media source currently available

0:00 0:03:14 0:00
တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ဖယ်ခုံ လတူးကျေးရွာသစ် မီးရှို့ဖျက်ဆီးခံရ

နိုဝင်ဘာ ၈ ရက် မနေ့က ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် လတူးကျေးရွာသစ်မှာ စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွာမီးလောင်တာ မြင်နေရပေမယ့် စစ်တပ်တွေ ရှိနေတဲ့အတွက် ရွာသားတွေ အနားသွားမကြည့်ရဲကြဘူးလို့ ဒေသခံတယောက်က ဗွီအိုအေကို ပြောပြပါတယ်။ ခုလို ဖယ်ခုံမြို့နယ်ထဲက တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ ထွက်ပြေးနေကြရသူ ၂ သောင်းခွဲလောက် ရှိနေတဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာ ပြောပြပါမယ်။

နိုဝင်ဘာ ၈ ရက် မနေ့ကအထိ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စုထဲ ပါဝင်တဲ့ လတူးကျေးရွာသစ်နားမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ မနေ့ညနေပိုင်းလောက်မှာတော့ အိမ်ခြေ ၃၀ လောက်ရှိတဲ့ လတူးရွာသစ်ကို စစ်ကောင်စီက မီးရှို့ခဲ့ကြောင်းနဲ့ မီးလောင်တာ မြင်နေရပေမယ့် စစ်သားတွေ ရှိနေတဲ့အတွက် အခြေအနေကို ရွာသားတွေ အနားကပ်သွားမကြည့်နိုင်ဘူးလို့ ရွာသားတယောက်က ခုလိုပြောပါတယ်။

“လွယ်ဝှဲမှာကျတော့ အိမ်သုံးလုံးလောက်တော့ လောင်တယ်၊ စက်တော်ကျတော့ မလောင်ဘူး၊ အိမ်တော့ ဝင်မွှေသွားတယ်၊ အိမ်တော့ အကုန်လုံးဝင်မွှေတယ်။ ဟို…ဒီ လတူးရွာသစ်က အဲ့ဒါ မီးရှို့ခံရတာ သေချာတယ်။ ဦးလေးတို့က အဲ့မှာ ဒေသခံတွေ အနီးကနေ မီးရှို့ခိုးတွေတော့ တွေ့တယ်။ သေလည်း သေချာတယ်။ မီးရှို့ခံရတာတော့ သေချာတယ်။ ဘယ်နှစ်လုံးလောင်တာတော့ ဦးလေးတို့ မသိဘူးပေါ့နော်။ စစ်သားတွေ ရှိနေတော့ ဦးလေးတို့ အနီးနီးတော့လည်း သွားမရဲဘူးပေ့ါနော်။”

မနေ့ အစောပိုင်းက နှစ်ဖက် အပြန်အလှန်ပစ်ခတ် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက်ပိုင်း စစ်တပ်က ရွာကို မီးရှို့လိုက်ပုံရတယ်လို့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF) ပြန်ကြားရေးတာဝန်ခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“တိုက်ပွဲတော့ ဖြစ်တာပေ့ါလေ။ တိုက်ပွဲဖြစ်ရင်းနဲ့ အဲ့ဒီရွာထဲကို သူတု့ိရောက်လာတော့ သူ ရွာမှာရှိတဲ့ အိမ်တွေကို မီးရှို့လိုက်တဲ့ ပုံစံပါဗျ ဟုတ်၊ တရွာလုံးလား ဆိုတဲ့အခါလည်း ကျနော့်ဘက်လည်း Confirm ဖြစ်ဖို့ နည်းနည်းလေး ခက်နေတယ်။ ဘာကြောင့်လဲဆိုလို့ရှိရင် အဲ့ဒီဘက်မှာ လက်ရှိက အဲ့ဒီရွာမှာလည်း သူတို့တွေက တပ်စွဲနေတုန်းပဲ။ ကျနော်တို့က အဲ့ဒီ လတူးရွာထဲထိတော့ ဝင်ရောက်နိုင်ခြင်း မရရှိဘူးပေါ့။ အဲ့ဒီမှာတော့ စကစတွေက တပ်စွဲနေတုန်းပဲ။ ဟုတ် သူတို့ လက်ရှိ ရှိနေတုန်းပါပဲဗျ။”

ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စုက လွယ်ဝှဲရွာ၊ စက်တော်ရွာ၊ လတူးရွာသစ်နဲ့ ခေါင်းအိရွာနားတဝိုက်မှာ တိုက်ပွဲပြင်းထန်နေတာ မနေ့ကအထိဆိုရင် ၇ ရက်ဆက်တိုက် ရှိနေပါပြီ။ အဲဒီဒေသတဝိုက် စစ်တပ်က အင်အား အများအပြား တိုးချထားပြီး ထိုးစစ်ဆင်နေတာကြောင့် ပြန်လည်တိုက်ခိုက်ရတာလို့ ဒေသခံ ကာကွယ်ရေးအဖွဲ့က ဗွီအိုအေကို ပြောထားပါတယ်။

ခေါင်းအိကျေးရွာအုပ်စုမှာ စစ်တပ်နဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ရွာသားတချို့ နိုဝင်ဘာ ၁ ရက်နေ့လောက်ထဲက ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြပါတယ်။ စစ်ပြေးဒုက္ခသည်တွေကို ကူညီကယ်ဆယ်ပေးနေတဲ့ ကယန်းဒေသ လူမှုကယ်ဆယ်ရေး ကော်မတီအဖွဲ့ဝင် တဦးကလည်း လတူးရွာဘက် မီးလောင်နေတာ မြင်နေရတယ်လို့ ပြောပါတယ်။ အခုအချိန်အထိ ရွာတွေက ထွက်ပြေးလာကြသူ ၂ သောင်းခွဲလောက် ရှိတယ်လို့ ကယ်ဆယ်ရေး ကော်မတီဝင်တယောက်က ပြောပြပါတယ်။

“ခေါင်းအိအုပ်စုမှာ ကျေးရွာပေါင်း ၁၁ ရွာ၊ ၁၂ ရွာရှိတယ်။ ပြေးလာတဲ့ စစ်ဘေးရှောင် အဲ့ဒီထဲက ၃,၀၀၀ ကျော်သွားပြီပေါ့။ ဒီနေ့မနက် ၈ နာရီအချိန်ထိဆို ကျနော်တို့ ၃,၂၀၀ လောက်တော့ ရှိနေပြီပေါ့ အဲ့လို။ ဒီမြို့ပေါ်အုပ်စုတွေ ဘာတွေ ထပ်ပါမယ် ဆိုလို့ရှိရင်တော့ ခန့်မှန်းခြေဆိုလို့ရှိရင် ၂၀,၀၀၀၊ ၂၅,၀၀၀ ဝန်းကျင်တော့ ရှိနေပြီပေါ့နော်။ ဒီတပတ်အတွင်း စစ်ရှောင်လာတဲ့ ပြည်သူတွေပေါ့။ မြို့ထဲမှာဆိုလို့ရှိရင်လည်း ကျနော်တို့ ဒီပြည်သူတွေ ကျန်နေခဲ့တဲ့ လူငယ်တွေ လိုက်ဖမ်းဆီးတာတွေ ရှိတယ်။ အကြောင်းမဲ့ပေါ့နော်၊ ဘာအတွက်ကြောင့် ဖမ်းသွားတာမျိုးလည်း မသိရဘူး။ အဲ့လိုမျိုးတွေရှိတယ်။ ပြီးရင် ကျေးရွာ ရပ်ကွက်ထဲကို လက်နက်ကြီးနဲ့ လှမ်းထုတာတွေ အဲ့လိုမျိုးဖြစ်နေတယ်ဗျ။ ဆက်တိုက်လည်း ဒီအချိန်ထိလည်း လတူးရွာဘက်မှာလည်း တိုက်ပွဲက ပြန်လည်ဖို့ပဲ ရှိတာပေါ့။”

စစ်ဘေးဒုက္ခသည်တွေဟာ နီးစပ်ရာ ဆွေမျိုးအိမ်၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ တောတောင်ထဲမှာ ပုန်းရှောင်နေကြရတယ်လို့လည်း သူကပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG