သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

႐ုရွားသိမ္းပိုက္ခံ Mariupol ၿမိဳ႕ ေဒသခံေတြ အိုးအိမ္စြန႔္ခြာ


႐ုရွားတပ္ေတြရဲ႕ တုိက္ခုိက္မႈေၾကာင့္ မီးေလာင္ကၽြမ္းေနတဲ့ Mariupol ၿမိဳ႕က လူေနအေဆာက္အဦတခု။ (

(Zawgyi / Unicode)

ယူကရိန္းမွာ ႐ုရွားေတြ သိမ္းပိုက္လိုက္တဲ့ Mariupol ၿမိဳ႕ကေန ၿမိဳ႕သူၿမိဳ႕သားေတြဟာ ေန႔လယ္ ၁၂ နာရီကစၿပီး ၿမိဳ႕ကို စြန႔္ခြာ ထြက္ေျပးေနၾကၿပီ ျဖစ္ပါတယ္။ ယူကရိန္းနဲ႔ ႐ုရွားတပ္ေတြၾကား ယာယီ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္အရ ခုလို ထြက္ခြာခြင့္ရရွိတာ ျဖစ္ပါတယ္။ မေန႔ စေနေန႔တုန္းကေတာ့ ႐ုရွားတပ္ေတြက ပစ္ခတ္ေနခဲ့တဲ့အတြက္ ျပည္သူေတြ ထြက္ခြာလို႔ မရခဲ့ၾကပါဘူး။

Mariupol ၿမိဳ႕မွာ လူဦးေရ ၄ သိန္းေက်ာ္ ရွိပါတယ္။ အဲဒီၿမိဳ႕မွာ ညအပူခ်ိန္က ေရခဲမွတ္ သာသာေလးသာ ရွိၿပီး လွ်ပ္စစ္မီးေတြလည္း ျပတ္ေနပါတယ္။ ဆရာဝန္ေတြဟာ တယ္လီဖုန္းမီးနဲ႔ပဲ လူနာေတြကို ၾကည့္႐ႈ ကုသေနရပါတယ္။ ဖုန္းလိုင္းေတြလည္း ျပတ္ေတာက္သြားတဲ့အတြက္ အေရးေပၚ ေဆးကုသေရး အဖြဲ႔ေတြနဲ႔ အဆက္အသြယ္ ရဖို႔လည္း ခက္ခဲေနၾကပါတယ္။ အစားအစာနဲ႔ ေရလည္း ျပတ္ေတာက္ေနပါတယ္။

ဒီၿမိဳ႕ကို ႐ုရွားက သိမ္းပိုက္လိုက္ႏိုင္တဲ့အတြက္ ခ႐ိုင္းမီးယားနဲ႔ ကုန္းလမ္းဆက္သြယ္လို႔ ရရွိသြားပါတယ္။ ခ႐ိုင္းမီးယားကၽြန္းဆြယ္ကို ႐ုရွားက ယူကရိန္းဆီကေန ၂၀၁၄ မွာ သိမ္းယူခဲ့တာပါ။ ယူကရိန္းရဲ႕ ပင္လယ္ထြက္ေပါက္ကို ႐ုရွားက ပိတ္ဆို႔ ျဖတ္ေတာက္လိုဟန္ ရွိတယ္လို႔ သုံးသပ္ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------

(Unicode)

ရုရှားသိမ်းပိုက်ခံ Mariupol မြို့ ဒေသခံတွေ အိုးအိမ်စွန့်ခွာ

ယူကရိန်းမှာ ရုရှားတွေ သိမ်းပိုက်လိုက်တဲ့ Mariupol မြို့ကနေ မြို့သူမြို့သားတွေဟာ နေ့လယ် ၁၂ နာရီကစပြီး မြို့ကို စွန့်ခွာ ထွက်ပြေးနေကြပြီ ဖြစ်ပါတယ်။ ယူကရိန်းနဲ့ ရုရှားတပ်တွေကြား ယာယီ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ခုလို ထွက်ခွာခွင့်ရရှိတာ ဖြစ်ပါတယ်။ မနေ့ စနေနေ့တုန်းကတော့ ရုရှားတပ်တွေက ပစ်ခတ်နေခဲ့တဲ့အတွက် ပြည်သူတွေ ထွက်ခွာလို့ မရခဲ့ကြပါဘူး။

Mariupol မြို့မှာ လူဦးရေ ၄ သိန်းကျော် ရှိပါတယ်။ အဲဒီမြို့မှာ ညအပူချိန်က ရေခဲမှတ် သာသာလေးသာ ရှိပြီး လျှပ်စစ်မီးတွေလည်း ပြတ်နေပါတယ်။ ဆရာဝန်တွေဟာ တယ်လီဖုန်းမီးနဲ့ပဲ လူနာတွေကို ကြည့်ရှု ကုသနေရပါတယ်။ ဖုန်းလိုင်းတွေလည်း ပြတ်တောက်သွားတဲ့အတွက် အရေးပေါ် ဆေးကုသရေး အဖွဲ့တွေနဲ့ အဆက်အသွယ် ရဖို့လည်း ခက်ခဲနေကြပါတယ်။ အစားအစာနဲ့ ရေလည်း ပြတ်တောက်နေပါတယ်။

ဒီမြို့ကို ရုရှားက သိမ်းပိုက်လိုက်နိုင်တဲ့အတွက် ခရိုင်းမီးယားနဲ့ ကုန်းလမ်းဆက်သွယ်လို့ ရရှိသွားပါတယ်။ ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားက ယူကရိန်းဆီကနေ ၂၀၁၄ မှာ သိမ်းယူခဲ့တာပါ။ ယူကရိန်းရဲ့ ပင်လယ်ထွက်ပေါက်ကို ရုရှားက ပိတ်ဆို့ ဖြတ်တောက်လိုဟန် ရှိတယ်လို့ သုံးသပ်ကြပါတယ်။

XS
SM
MD
LG