သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

မေလးရွား Petronas ေရနံလုပ္ငန္း ျမန္မာႏိုင္ငံကေန ျပန္ထြက္ဖို႔ ဆံုးျဖတ္


မေလးရွားအစိုးရပိုင္ Petronas ေရနံကုမၸဏီလုပ္ငန္း

[[Zawgyi/Unicode]]

မေလးရွားရဲ႕ Petronas စြမ္းအင္လုပ္ငန္း ျမန္မာႏိုင္ငံကေန ျပန္ထြက္ဖို႔ ဆံုးျဖတ္လိုက္ပါၿပီ။ မေလးအစိုးရပိုင္ Petronas စြမ္းအင္ကုမၸဏီအေနနဲ႔ ရဲတံခြန္ သဘာဝဓာတ္ေငြ႔စီမံကိန္းလုပ္ကြက္တခ်ိဳ႕မွာ ဝင္လုပ္ေနတာေတြကို ျပန္႐ုပ္ေတာ့မယ္လို႔ ဒီေန႔ ေျပာလိုက္ပါတယ္။

လုပ္ငန္းသဘာဝအေျပာင္းအလဲ၊ စြမ္းအင္လိုအပ္ခ်က္ အေျခအေနေတြေပၚမူတည္ၿပီး နည္းပညာနဲ႔ လုပ္ငန္း မဟာဗ်ဴဟာပိုင္း အေသးစိတ္ျပန္သံုးသပ္ၿပီး အခုလို ဆံုးျဖတ္လိုက္တာလို႔ Petronas ကုမၸဏီက ေျပာပါတယ္။

ျမန္မာစစ္တပ္အာဏာသိမ္းခဲ့တဲ့ ၿပီးခဲ့တဲ့ တႏွစ္ေက်ာ္ကစလို႔ ဆႏၵျပ ျပည္သူေတြ ရက္ရက္စက္စက္ သတ္ျဖတ္ ႏွိမ္နင္းခံရတာေတြနဲ႔ ႏိုင္ငံေရးမတည္ၿငိမ္တဲ့အေျခအေနေတြကိုေတာ့ Patronas က ထည့္မေျပာခဲ့ပါဘူး။

Petronas အေနနဲ႔ ေဖေဖာ္ဝါရီလကတည္းက ျမန္မာႏိုင္ငံတြင္းက လုပ္ငန္းေတြ ျပန္႐ုပ္ဖို႔ စဥ္းစားေနတယ္လို႔ အရင္ေျပာထားခဲ့ၿပီး ဒီေန႔မွ ႐ုပ္သိမ္းမယ္လို႔ ေၾကညာလိုက္တာပါ။

အလားတူ ရဲတံခြန္မွာလုပ္ေနတဲ့ ဂ်ပန္စြမ္းအင္ကုမၸဏီ Eneos ကလည္း လုပ္ငန္းေတြ ျပန္႐ုပ္မယ္လို႔ ေျပာထားပါတယ္။

Eneos ကုမၸဏီဟာ ရဲတံခြန္စီမံကိန္းမွာ အစုရွယ္ယာ ၁၉.၃%၊ Petronas ကုမၸဏီလက္ခြဲ ေဟာင္ေကာင္အေျခစိုက္ PC Myanmar ကုမၸဏီက ၄၀.၉% ၊ ျမန္မာ့ေရနံနဲ႔ ဘဘာဝဓာတ္ေငြ႔လုပ္ငန္းက ၂၀.၅% နဲ႔ က်န္တာကိုေတာ့ ထိုင္း PTTEP ကုမၸဏီက ပိုင္ပါတယ္။

အေမရိကန္စြမ္းအင္ ကုမၸဏီ Chevron နဲ႔ ျပင္သစ္ Total ကုမၸဏီေတြကေတာ့ အာဏာသိမ္းမႈ ေနာက္ပိ္ုင္း ျမန္မာႏိုင္ငံထဲကေန အေစာဆံုး ျပန္႐ုပ္သိမ္းတဲ့ စြမ္းအင္ကုမၸဏီႀကီးေတြ ျဖစ္ပါတယ္ ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]


မလေးရှား Petronas ရေနံလုပ်ငန်း မြန်မာနိုင်ငံကနေ ပြန်ထွက်ဖို့ ဆုံးဖြတ်

မလေးရှားရဲ့ Petronas စွမ်းအင်လုပ်ငန်း မြန်မာနိုင်ငံကနေ ပြန်ထွက်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ မလေးအစိုးရပိုင် Petronas စွမ်းအင်ကုမ္ပဏီအနေနဲ့ ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းလုပ်ကွက်တချို့မှာ ဝင်လုပ်နေတာတွေကို ပြန်ရုပ်တော့မယ်လို့ ဒီနေ့ ပြောလိုက်ပါတယ်။

လုပ်ငန်းသဘာဝအပြောင်းအလဲ၊ စွမ်းအင်လိုအပ်ချက် အခြေအနေတွေပေါ်မူတည်ပြီး နည်းပညာနဲ့ လုပ်ငန်း မဟာဗျူဟာပိုင်း အသေးစိတ်ပြန်သုံးသပ်ပြီး အခုလို ဆုံးဖြတ်လိုက်တာလို့ Petronas ကုမ္ပဏီက ပြောပါတယ်။

မြန်မာစစ်တပ်အာဏာသိမ်းခဲ့တဲ့ ပြီးခဲ့တဲ့ တနှစ်ကျော်ကစလို့ ဆန္ဒပြ ပြည်သူတွေ ရက်ရက်စက်စက် သတ်ဖြတ် နှိမ်နင်းခံရတာတွေနဲ့ နိုင်ငံရေးမတည်ငြိမ်တဲ့အခြေအနေတွေကိုတော့ Patronas က ထည့်မပြောခဲ့ပါဘူး။

Petronas အနေနဲ့ ဖေဖော်ဝါရီလကတည်းက မြန်မာနိုင်ငံတွင်းက လုပ်ငန်းတွေ ပြန်ရုပ်ဖို့ စဉ်းစားနေတယ်လို့ အရင်ပြောထားခဲ့ပြီး ဒီနေ့မှ ရုပ်သိမ်းမယ်လို့ ကြေညာလိုက်တာပါ။

အလားတူ ရဲတံခွန်မှာလုပ်နေတဲ့ ဂျပန်စွမ်းအင်ကုမ္ပဏီ Eneos ကလည်း လုပ်ငန်းတွေ ပြန်ရုပ်မယ်လို့ ပြောထားပါတယ်။

Eneos ကုမ္ပဏီဟာ ရဲတံခွန်စီမံကိန်းမှာ အစုရှယ်ယာ ၁၉.၃%၊ Petronas ကုမ္ပဏီလက်ခွဲ ဟောင်ကောင်အခြေစိုက် PC Myanmar ကုမ္ပဏီက ၄၀.၉% ၊ မြန်မာ့ရေနံနဲ့ ဘဘာဝဓာတ်ငွေ့လုပ်ငန်းက ၂၀.၅% နဲ့ ကျန်တာကိုတော့ ထိုင်း PTTEP ကုမ္ပဏီက ပိုင်ပါတယ်။

အမေရိကန်စွမ်းအင် ကုမ္ပဏီ Chevron နဲ့ ပြင်သစ် Total ကုမ္ပဏီတွေကတော့ အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံထဲကနေ အစောဆုံး ပြန်ရုပ်သိမ်းတဲ့ စွမ်းအင်ကုမ္ပဏီကြီးတွေ ဖြစ်ပါတယ် ခင်ဗျာ။
=============

XS
SM
MD
LG