သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ် တင်းမာမှုလျှော့ချဖို့ တရုတ်-ဖိလစ်ပိုင်သဘောတူ


တောင်တရုတ်ပင်လယ်ပြင်အတွင်းအငြင်းပွါးမှုအတွက် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ ဖိလစ်ပိုင် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Ma. Theresa P. Lazaro (ဝဲ) နဲ့ တရုတ် ဒုနိုင်ငံခြားရေးဝန်ကြီး Chen Xiaodiong တို့ တွေ့ဆုံဆွေးနွေးခဲ့ကြစဥ်။ (ဇူလိုင် ၂၊ ၂၀၂၄)
တောင်တရုတ်ပင်လယ်ပြင်အတွင်းအငြင်းပွါးမှုအတွက် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ ဖိလစ်ပိုင် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Ma. Theresa P. Lazaro (ဝဲ) နဲ့ တရုတ် ဒုနိုင်ငံခြားရေးဝန်ကြီး Chen Xiaodiong တို့ တွေ့ဆုံဆွေးနွေးခဲ့ကြစဥ်။ (ဇူလိုင် ၂၊ ၂၀၂၄)

အငြင်းပွါးဖွယ်ရေပြင်မှာ ထိပ်တိုက်တွေ့ပြီးတဲ့နောက် တောင်တရုတ်ပင်လယ်ပြင်မှာ တင်းမာမှုလျှော့ချဖို့ ဖိလစ်ပိုင်နဲ့တရုတ်တို့ မနီလာမြို့မှာ အင်္ဂါနေ့က ဆွေးနွေးသဘောတူလိုက်ကြတယ်လို့ ဖိလစ်ပိုင်တာဝန်ရှိသူတွေက အင်္ဂါနေ့မှာပြောပါတယ်။ ပြီးခဲ့တဲ့လတုန်းက ဓားတွေ၊ တုတ်တွေနဲ့ ပုဆိန်တလက်ကို ကိုင်ဆောင်ထားတဲ့ တရုတ်ကမ်းခြေစောင့်တပ်သားတွေဟာ အငြင်းပွါးနေရာမှာ ဖိလစ်ပိုင်ရေတပ် သင်္ဘော ၃ စင်းကို ထိန်းချုပ်ခဲ့တာပါ။

ဇွန်လ ၁၇ ရက်နေ့ အခင်းဖြစ်ပွါးမှုမှာ ဖိလစ်ပိုင်စစ်သားတယောက် လက်ချောင်းတချောင်းဆုံးရှုံးခဲ့ရတယ်လို့ ဖိလစ်ပိုင်က ပြောပါတယ်။ ယခင်ဖြစ်ရပ်တွေမှာတော့ ရေပိုက်တွေနဲ့ပက်တာတွေ ရှိခဲ့ပါတယ်။

“တောင်တရုတ်ပင်လယ်ပြင်က ဖြစ်ရပ်တွေအရ ယုံကြည်စိတ်ချရေး ပြန်လည်တည်ဆောက်ဖို့ အကျိုးရှိမယ့်ဆွေးနွေးမှုနဲ့ အပြန်အလှန် ပြောဆိုလုပ်ကိုင်နိုင်မယ့် ပတ်ဝန်းကျင်ဖန်တီးဖို့ လိုအပ်နေပါတယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ပြောပါတယ်။ ကမ်းခြေစောင့်တပ်တွေကြား ပူးပေါင်းဆောင်ရွက်ရေးနဲ့ သိပ္ပံပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတွေ စဥ်းစားကြဖို့လည်း သဘောတူခဲ့ကြတယ်လို့လည်း ပြောပါတယ်။

တောင်တရုတ်ပင်လယ်လို နယ်ပယ်တွေမှာ ငြိမ်းချမ်းစွာ ပဋိပက္ခ ဖြေရှင်းဖို့ ဗာတီကန်နိုင်ငံခြားရေးဝန်ကြီး Paul Richard Gallagher က တိုက်တွန်းခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG