ဖိလစ္ပိုင္မွာ ေရေဘးေၾကာင့္ ေသဆုံးသူ ၅၀ ေက်ာ္
{{Zawgyi/Unicode}}
ဖိလစ္ပိုင္ႏိုင္ငံမွာ ခရစၥမတ္ ကာလ ေရႀကီးမႈေၾကာင့္ ေသဆုံးသူ အေရအတြက္ ၅၁ ဦးအထိရွိလာၿပီး ၁၉ ဦး ေပ်ာက္ဆုံးေနတယ္လို႔ သက္ဆိုင္ရာ အရာရွိေတြက တနလၤာေန႔က ေျပာပါတယ္။ ေရေဘးသင့္သူ ေထာင္ေပါင္းမ်ားစြာဟာလည္း အေရးေပၚ ကယ္ဆယ္ေရးစခန္းေတြမွာ ဆက္လက္ ခိုလႈံေနၾကရတာပါ။
ႏိုင္ငံေတာင္ပိုင္း Misamis Occidental ျပည္နယ္မွာ ေနထိုင္ၾကသူေတြဟာ ေရႀကီးတဲ့အတြက္ သူတို႔ရဲ႕ ေနအိမ္ေတြမွာ ေပလူးေနၾကတဲ့ ရႊံ႕ႏြံေတြကို ဖယ္ရွား ရွင္းလင္းေနၾကတဲ့ပုံေတြကို သတင္းေတြမွာ ေဖာ္ျပၾကပါတယ္။ ပင္လယ္ကမ္းေျခအနီး Cabol anonan ေက်းရြာမွာဆိုရင္ အုန္းပင္းေတြ အျမစ္ကေနကြ်တ္ ျပိဳလဲကုန္ကာ အေပါ့စားပစၥည္ေတြနဲ႔ တည္ေဆာက္ထားတဲ့ အိမ္ေတြဟာလည္း ေျမႀကီးအနား ျပားကပ္ခါနီးေအာင္ ပ်က္စီးကုန္ပါတယ္။
ဖိလစ္ပိုင္ႏိုင္ငံ အမ်ဳိးသား သဘာဝ ေဘးအႏၱရာယ္ ေလွ်ာ့ခ်ေရး နဲ႔ စီမံခန္႔ခြဲေရး ေကာင္စီ NDRRMC ထုတ္ျပန္ခ်က္အရ Mindanao ေျမာက္ပိုင္းေဒသမွာ အဆိုးဝါးဆုံးျဖစ္ၿပီး လူ ၂၅ ဦးေသဆုံးခဲ့ပါတယ္။ ေသဆုံးသူ အမ်ားစုဟာ ေရနစ္တာ နဲ႔ ေျမၿပိဳက်တဲ့အတြက္ေၾကာင့္ျဖစ္ၿပီး ေပ်က္ဆုံးသူေတြထဲမွာ အမ်ားစုကေတာ့ ငါးဖမ္းစက္ေလွ နစ္ျမဳပ္တဲ့အတြက္ေၾကာင့္ ျဖစ္ၾကပါတယ္။
အခုအခါ ေနရာအမ်ားစုမွာ ေရက်သြားၿပီဆိုေပမယ့္ လူေပါင္း ၈၆ဝဝ ေက်ာ္ကေတာ့ ကယ္ဆယ္ေရးစခန္းေတြမွာပဲ ဆက္ေနၾကရပါေသးတယ္။ ေရႀကီးတဲ့အတြက္ အိမ္ေခ် ၄ ၅ဝဝ ေက်ာ္ နဲ႔ လမ္းေတြ၊ တံတားေတြ ပ်က္စီးကုန္သလို ေနရာတခ်ဳိ႕မွာ လွ်ပ္စစ္မီး နဲ႔ ေရေပးေဝေရးစနစ္ေတြ ျပတ္ေတာက္ကုန္တယ္လို႔ သဘာဝေဘးရန္ စီမံခန္႔ခြဲေရး ေအဂ်င္စီ က ေျပာပါတယ္။
ဖိလစ်ပိုင်မှာ ရေဘေးကြောင့် သေဆုံးသူ ၅၀ ကျော်
{{Zawgyi/Unicode}}
ဖိလစ်ပိုင်နိုင်ငံမှာ ခရစ္စမတ် ကာလ ရေကြီးမှုကြောင့် သေဆုံးသူ အရေအတွက် ၅၁ ဦးအထိရှိလာပြီး ၁၉ ဦး ပျောက်ဆုံးနေတယ်လို့ သက်ဆိုင်ရာ အရာရှိတွေက တနင်္လာနေ့က ပြောပါတယ်။ ရေဘေးသင့်သူ ထောင်ပေါင်းများစွာဟာလည်း အရေးပေါ် ကယ်ဆယ်ရေးစခန်းတွေမှာ ဆက်လက် ခိုလှုံနေကြရတာပါ။
နိုင်ငံတောင်ပိုင်း Misamis Occidental ပြည်နယ်မှာ နေထိုင်ကြသူတွေဟာ ရေကြီးတဲ့အတွက် သူတို့ရဲ့ နေအိမ်တွေမှာ ပေလူးနေကြတဲ့ ရွှံ့နွံတွေကို ဖယ်ရှား ရှင်းလင်းနေကြတဲ့ပုံတွေကို သတင်းတွေမှာ ဖော်ပြကြပါတယ်။ ပင်လယ်ကမ်းခြေအနီး Cabol anonan ကျေးရွာမှာဆိုရင် အုန်းပင်းတွေ အမြစ်ကနေကျွတ် ပြိုလဲကုန်ကာ အပေါ့စားပစ္စည်တွေနဲ့ တည်ဆောက်ထားတဲ့ အိမ်တွေဟာလည်း မြေကြီးအနား ပြားကပ်ခါနီးအောင် ပျက်စီးကုန်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ အမျိုးသား သဘာဝ ဘေးအန္တရာယ် လျှော့ချရေး နဲ့ စီမံခန့်ခွဲရေး ကောင်စီ NDRRMC ထုတ်ပြန်ချက်အရ Mindanao မြောက်ပိုင်းဒေသမှာ အဆိုးဝါးဆုံးဖြစ်ပြီး လူ ၂၅ ဦးသေဆုံးခဲ့ပါတယ်။ သေဆုံးသူ အများစုဟာ ရေနစ်တာ နဲ့ မြေပြိုကျတဲ့အတွက်ကြောင့်ဖြစ်ပြီး ပျေက်ဆုံးသူတွေထဲမှာ အများစုကတော့ ငါးဖမ်းစက်လှေ နစ်မြုပ်တဲ့အတွက်ကြောင့် ဖြစ်ကြပါတယ်။
အခုအခါ နေရာအများစုမှာ ရေကျသွားပြီဆိုပေမယ့် လူပေါင်း ၈၆ဝဝ ကျော်ကတော့ ကယ်ဆယ်ရေးစခန်းတွေမှာပဲ ဆက်နေကြရပါသေးတယ်။ ရေကြီးတဲ့အတွက် အိမ်ချေ ၄ ၅ဝဝ ကျော် နဲ့ လမ်းတွေ၊ တံတားတွေ ပျက်စီးကုန်သလို နေရာတချို့မှာ လျှပ်စစ်မီး နဲ့ ရေပေးဝေရေးစနစ်တွေ ပြတ်တောက်ကုန်တယ်လို့ သဘာဝဘေးရန် စီမံခန့်ခွဲရေး အေဂျင်စီ က ပြောပါတယ်။