သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်ကို ကန်စစ်ရေးအထောက်အပံ့ ဒေါ်လာသန်း ၁ဝဝ ခွင့်ပြု


Filipino and American Marines talk beside a U.S. High Mobility Artillery Rocket System (HIMARS) during a Combined Arms Live Fire Exercise (CALFEX) as part of the annual combat drills between the Philippine Marine Corps and U.S. Marine Corps in Capas, Tarl
Filipino and American Marines talk beside a U.S. High Mobility Artillery Rocket System (HIMARS) during a Combined Arms Live Fire Exercise (CALFEX) as part of the annual combat drills between the Philippine Marine Corps and U.S. Marine Corps in Capas, Tarl

ဖိလစ်ပိုင်ကို ကန်စစ်ရေးအထောက်အပံ့ ဒေါ်လာသန်း ၁ဝဝ ခွင့်ပြု

{{Zawgyi/Unicode}}
ဖိလစ်ပိုင်နိုင်ငံရဲ့ ကာကွယ်ရေးဆိုင်ရာ မြှင့်တင်ဖို့ ကြိုးစားမှု တစိတ်တပိုင်းအနေနဲ့ အမေရိကန် ပြည်ထောင်စုကနေ ဒေါ်လာသန်း ၁ဝဝ အကူအညီပေးလိုက်ကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mary Kay Carlson က သောကြာနေ့က ပြောပါတယ်။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ကို ဆိုက်ကပ်လာတဲ့ USS Ronald Reagan လေယာဉ်တင် သင်္ဘောကြီး ပေါ်ကနေ အမေရိကန် သံအမတ်ကြီးက အဲဒီလို ကြေညာလိုက်တာဖြစ်ပါတယ်။

ဖိလစ်ပိုင်အနေနဲ့ ရုရှားဆီကနေ ဒေါ်လာသန်းပေါင်း ၂၂၇ သန်းကျော် တန်ဖိုးရှိတဲ့ MI 17 စစ်ဖက်ဆိုင်ရာ ရဟတ်ယာဉ်တွေ ဝယ်ယူဖို့ သဘောတူညီချက်ကို ဖျက်သိမ်းဖို့အတွက် အခုလို အကူအညီပေးတာလို့ သူကပြောပါတယ်။ အဲဒီအတွက် ဖိလစ်ပိုင်အနေနဲ့ အမေရိကန် ပြည်ထောင်စုကနေ Chinook အမျိုးအစား စစ်ဖက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တွေ ဝယ်ယူတော့မှာ ဖြစ်တယ်လို့ သူကပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာဆိုရင် အင်ဒို ပစီဖိတ်ဒေသတွင်းမှာ အမေရိကန် ရဲ့ အကူညီကို အများဆုံးရရှိတဲ့နိုင်ငံဖြစ်ပါတယ်။ ၂ဝ၁၅ ကနေ ၂ဝ၂၂ ခုနှစ်အတွင်း ဒေါ်လာသန်းပေါင်း ၁၁ဝဝ ရာကျော်တန်ဖိုးရှိတဲ့ စစ်လေယာဉ်တွေ၊ သံချပ်ကာကားတွေ၊ လက်နက်ငယ်တွေ နဲ့ တခြား စစ်ဖက်ဆိုင်ရာ အသုံးအဆောင်တွေ နဲ့ လေ့ကျင်ရေးသင်တန်းတွေရရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

.............................................


{{Zawgyi/Unicode}}



XS
SM
MD
LG