သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်၊ ဖိလစ်ပိုင်၊ ဂျပန် ကမ်းစောင့်တပ်တွေ ပထမဆုံး ပူးတွဲစစ်ရေးလေ့ကျင့်


အမေရိကန်၊ ဖိလစ်ပိုင်၊ ဂျပန် ကမ်းစောင့်တပ်တွေ ပထမဆုံး ပူးတွဲစစ်ရေးလေ့ကျင့် (ဇွန် ၁၊ ၂၀၂၃)
အမေရိကန်၊ ဖိလစ်ပိုင်၊ ဂျပန် ကမ်းစောင့်တပ်တွေ ပထမဆုံး ပူးတွဲစစ်ရေးလေ့ကျင့် (ဇွန် ၁၊ ၂၀၂၃)

အမေရိကန်၊ ဖိလစ်ပိုင်နဲ့ ဂျပန်နိုင်ငံတွေက ကမ်းရိုးတမ်းစောင့် တပ်တွေရဲ့ ပထမဆုံး ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို Manila ပင်လယ်အော်မှာ ဒီနေ့ စတင်ပြုလုပ်နေပါတယ်။ တရုတ်နဲ့ အာရှနိုင်ငံတော်တော်များများ သူပိုင် ကိုယ်ပိုင်အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်နဲ့ဆက်နေတဲ့ Manila ပင်လယ်အော်မှာ သီတင်းတပါတ်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို လုပ်မှာဖြစ်ပါတယ်။

တောင်နဲ့ အရှေ့တရုတ်ပင်လယ် ရေနယ်နိမိတ်တွေမှာ တရုတ်ရဲ့ ချဲ့ထွင်မှုကို တန်ပြန်နိုင်ရေး ဒေသတွင်းနိုင်ငံတွေပူးပေါင်းမှု ခိုင်မာတယ်ဆိုတာ ပြသတဲ့ စစ်ရေးလေ့ကျင့်မှုလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ အဲဒီဒေသက ရေနယ်နိမိတ်အားလုံးနီးပါး သူတို့ပိုင်ဆိုင်တယ်လို့ တရုတ်က ပြောနေတာဖြစ်ပါတယ်။

အမေရိကန်ကမ်းရိုးတန်းစောင့် ရေယာဉ် ၁ စီး၊ ဂျပန်ကမ်းရိုးတမ်းစောင့် သင်္ဘော ၁ စီးနဲ့အတူ ဖိလစ်ပိုင် ကမ်းရိုးတမ်းစောင့် သင်္ဘော ၄ စီးက ရေပြင်မှာ တရားဥပဒေစိုးမိုးရေး၊ ရှာဖွေ ကယ်ဆယ်ရေး လေ့ကျင့်မှုတွေကို လုပ်နေကြပါတယ်။ ထိုင်ဝမ်နဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်ရဲ့ ရန်လို ချဲ့ထွင်မှုမျိုး အာရှ ပိစိဖိတ်ဒေသဖက်အထိ တိုးမလာအောင် တားဆီးနိုင်ရေးအတွက် အမေရိကန်က မဟာမိတ်တွေနဲ့ လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအောင် ကြိုးစားနေတာပါ။

ပိုင်နက်အငြင်းပွားနေတဲ့ ရေပြင်မှာ အမေရိကန်နဲ့ ဖိလစ်ပိုင် ပူးတွဲကင်းလှည့်ဖို့ ၂ နိုင်ငံ အစိုးရတွေ မကြာခင်ကပဲ သဘောတူညီထားကြပါတယ်။ ဂျပန်နဲ့ ဖိလစ်ပိုင်ကလည်း ၂ နိုင်ငံ ပိုင်နက်မှာ စစ်ရေးလေ့ကျင့်ဖို့နဲ့ တခြားစစ်ဆင်ရေးတွေမှာ ပါဝင်ဖို့ ၂ ဖက်တပ်တွေ အပြန်အလှန် စေလွှတ်နိုင်ရေး အဓိက ကာကွယ်ရေးဆိုင်ရာ သဘောတူ စာချုပ်ဖို့ ကနဦး ဆွေးနွေးမှုတွေ လုပ်နေကြပါတယ်။ ကျွန်းတွေ ပေါများတဲ့ ဖိလစ်ပိုင် ရေနယ်နိမိတ်မှာ ဖိလစ်ပိုင်ကမ်းရိုးတန်းစောင့်တပ်နဲ့ ရေတပ်အသုံးပြုတဲ့ ရေယာဉ်တွေကို အမေရိကန်နဲ့ ဂျပန်တို့ဆီက အဓိက ဝယ်ယူနေတာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG