သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုတိယကမ္ဘာစစ် စတင်တဲ့ ၈၅ နှစ်မြောက် အထိမ်းအမှတ် ပိုလန်မှာ ကျင်းပ

နာဇီဂျာမနီတို့ စတင်တိုက်ခိုက်ခြင်းခံရတဲ့နေရာဖြစ်တဲ့ ပိုလန်နိုင်ငံ ဘော်လ်တစ်ပင်လယ်ကမ်းခြေမှာကျင်းပတဲ့ ဒုတိယကမ္ဘာစစ်စတင်ဖြစ်ပွါးတဲ့ ၈၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် လူထုက လာရောက်ပြိး အမှတ်တရ ဂါရဝပန်းများလာရောက်ချထားကြစဥ်။ (စက်တင်ဘာ ၁၊ ၂၀၂၄)

၈၅ နှစ်မြောက် ဒုတိယကမ္ဘာစစ် စတင်ခဲ့တဲ့ အထိမ်းအမှတ်အဖြစ် နာဇီဂျာမနီရဲ့ ကနဦးတိုက်ခိုက်မှု ခံခဲ့ရတဲ့ ပိုလန်နိုင်ငံမှာ တနင်္ဂနွေနေ့အရုဏ်ဦးက အခမ်းအနားပြုလုပ်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် အတွင်း လူသန်းပေါင်း ၅၀ ကျော် သေဆုံးခဲ့ရတဲ့အထဲ ပိုလန်လူမျိုး ၆ သန်းကျော်ပါဝင်ခဲ့ပြီး မီးလောင်တိုက်သွင်း သတ်ဖြတ်ခံရတဲ့ ဂျူး ၆ သန်းအနက် တဝက်ဟာ ပိုလန်နိုင်ငံသားတွေ ဖြစ်ကြပါတယ်။

ပိုလန်နိုင်ငံတွင်း Baltic ပင်လယ်ကမ်းခြေမှာပြုလုပ်တဲ့ ဒီ အခမ်းအနားမှာ ပိုလန်ဝန်ကြီးချုပ် Donald Tusk က ဒုတိယကမ္ဘာစစ်ရဲ့ သင်ခန်းစာတွေဟာ စိတ်ကူးယဥ်မဟုတ်ဘူးဆိုပြီး အိမ်နီးချင်း ယူကရိန်းမှာ ဖြစ်ပွါးနေတဲ့ စစ်ပွဲနဲ့ နှိုင်းယှဥ်ပြောသွားခဲ့ပါတယ်။ အခုတော့ စစ်ဟာ အရှေ့ဘက်က ထပ်လာနေတယ်ဆိုပြီး ယူကရိန်းအပေါ် ကျူးကျော်သူကို မဆုတ်မနစ် ခုခံတွန်းလှန်ကြဖို့လည်း NATO အဖွဲ့ဝင်တွေကို တိုက်တွန်းသွားပါတယ်။

ဒုတိယ ကမ္ဘာစစ်စတင်တာ ၈၅ နှစ်ရှိခဲ့သည့်တိုင် အခုထိ မပြေလည်သေးတဲ့ ပြဿနာတွေ ရှိနေသေးတယ်လို့ ပိုလန်ဘက် က ယူဆထားပါတယ်။ လက်ရှိဝန်ကြီးချုပ် Donald Tusk က ဂျာမနီအနေနဲ့ ပိုလန်ကို စစ်လျော်ကြေးပေးဖို့လည်း တိုက်တွန်းထားပါတယ်။

ဒုတိယကမ္ဘာစစ် စတင်တဲ့ ၈၅ နှစ်မြောက် အထိမ်းအမှတ် ပိုလန်မှာ ကျင်းပ
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG