ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒသစ္ပါစည္းကမ္းေတြေၾကာင့္ ႏိုင္ငံေရးပါတီေတာ္ေတာ္မ်ားမ်ား မွတ္ပုံျပန္တင္ဖို႔ အခက္ေတြ႕ေနၾကပါတယ္။ မွတ္ပုံတင္ဖို႔သတ္မွတ္ရက္ မေက်ာ္ခင္ ႏိုင္ငံေရးကို ဘယ္လိုေရွ႕ဆက္ ရပ္တည္မလဲဆိုတာ စဥ္းစားေနၾကရပါတယ္။ အခုလိုႏိုင္ငံေရးပါတီေတြ ဆုံးျဖတ္ရခက္ေနတဲ့ အေျခအေနသတင္းေပးပို႔ခ်က္ကို ကိုသိန္းထိုက္ဦးက ဆက္ေျပာျပပါမယ္။
ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ျခင္းဥပေဒသစ္အရ ႏိုင္ငံေရးပါတီေတြ မွတ္ပုံတင္ေလွ်ာက္ထားဖို႔ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္က အခ်ိန္ ၂ လေပးထားပါတယ္။ ပါတီဝင္အင္အား၊ စာရင္းျပရမယ့္ ရန္ပုံေငြအပါအဝင္ တင္းၾကပ္တဲ့ သတ္မွတ္ခ်က္ေတြပါတဲ့ ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ျခင္းဥပေဒေအာက္မွာ ပါတီမွတ္ပုံတင္ႏိုင္ဖို႔ အခက္အခဲေတြ ရွိေနၾကပါတယ္။ တႏိုင္ငံလုံးအတိုင္းအတာနဲ႔ ေ႐ြးေကာက္ပြဲဝင္ဖို႔ ျပင္ဆင္ထားတဲ့ ႏိုင္ငံေရးပါတီေတြဟာ တင္းက်ပ္တဲ့ ဥပေဒေၾကာင့္ တိုင္းနဲ႔ျပည္နယ္မွာသာ ေ႐ြးေကာက္ပြဲဝင္ရေတာ့မယ့္ အေျခအေနျဖစ္ေနပါတယ္။ တအာင္း ပေလာင္ အမ်ိဳးသားပါတီဆိုရင္ ပါတီအေနနဲ႔ျပန္လည္ ရပ္တည္ႏိုင္ေရးအတြက္ ခက္ခဲေနသလို လက္ရွိအခ်ိန္ထိ ေ႐ြးေကာက္ပြဲဝင္ဖို႔ မွတ္ပုံျပန္တင္ မတင္ တိက်တဲ့အေျဖမေပးႏိုင္ေသးဘူးလို႔ အတြင္းေရးမႈး ဦးေက်ာ္ေအာင္က VOA ကိုေျပာပါတယ္။
"က်ေနာ္တို႔ မၾကာခင္မွာဘဲ မ်က္ႏွာစုံညီအစည္းအေဝးမွာ ဆုံးျဖတ္မယ့္ကိစၥပါ။ စဥ္းစားေနရတာက ေတာ့ ခုနေျပာသလိုေပါ့ လက္ရွိထုတ္လာတဲ့ အသစ္က နဂိုအေဟာင္းဆိုရင္ တျပည္လုံးကိုမွ ဝင္ယွဥ္ ၿပိဳင္လို႔ရတယ္ေလ။ ခုအသစ္ဆိုရင္တျပည္လုံးကို မပါႏိုင္ေတာ့ဘူးေပါ့ဗ်ာ။ ဒီအေနအထားဆိုေတာ့ က်ေနာ္တို႔လုပ္ဖို႔က မလြယ္ေတာ့ဘူးေပါ့ေလ။ အခ်ိန္ရယ္ ရွိရမယ့္ပါတီဝင္ အင္အားရယ္က်ေတာ့ ျပည္နယ္အတြင္းဘဲစဥ္းစားႏိုင္ေတာ့တာေပါ့။ အဲေတာ့တိုးမယ္မတိုးဘူးဆိုတာက်ေတာ့ ေစာနကေျပာသလိုေပါ့ မ်က္ႏွာစုံညီေျပာမွရေတာ့မွာေပါ့"
ထုတ္ျပန္ထားတဲ့ ဥပေဒအသစ္အရ ပါတီေတြမွတ္ပုံတင္ေလွ်ာက္ထားတဲ့အခါ ျပည္ေထာင္စု တဝန္းလုံးမွာစည္း႐ုံးမယ့္ပါတီနဲ႔ တိုင္းေဒသႀကီး ဒါမွမဟုတ္ ျပည္နယ္တစ္ခုအတြင္းမွာသာ စည္း႐ုံး ေဆာင္႐ြက္မယ့္ ပါတီေတြ ဆိုၿပီး ႏွစ္မ်ိဳးသတ္မွတ္ထားပါတယ္။ တိုင္းရင္းသားပါတီထဲ အင္အားႀကီးပါတီတခုျဖစ္တဲ့ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ SNLD က စိုင္းေက်ာ္ၫႊန႔္ကေတာ့ ပါတီမွတ္ပုံတင္တာနဲ႔ပတ္သတ္လို႔ ပါတီတြင္းေဆြးေႏြးမႈ လုပ္ရဦးမယ္လို႔ေျပာေပမဲ့ ခုထိ ေဆြးေႏြးမႈေတြမလုပ္ႏိုင္ေသးဘူးလို႔ VOA ကိုေျပာပါတယ္။
တခ်ိဳ႕ႏိုင္ငံေရးပါတီေတြကေတာ့ ပါတီဆက္လက္ ရပ္တည္ေရး အတြက္အျပင္၊ စစ္ေကာင္စီက က်င္းပမယ့္ ေ႐ြးေကာက္ပြဲကို ဝင္ၿပိဳင္ႏိုင္ဖို႔ ေ႐ြးေကာက္ပြဲေကာ္မရွင္မွာ ပါတီမွတ္ပုံတင္ခဲ့ၾကပါတယ္။ ေလာေလာဆယ္ စာရင္းအရ ႏိုင္ငံေရးပါတီ ၉၁ ပါတီရွိတဲ့အနက္ ၁၃ ပါတီ မွတ္ပုံျပန္တင္ထားပါတယ္။ အဲဒီအထဲ ပါတီအသစ္ထူေထာင္ထားတဲ့ ၄ ပါတီ ပါပါတယ္။
ျပည္ေထာင္စုတဝန္းလုံးမွာ စည္း႐ုံးမယ့္ပါတီေတြဟာ ေကာ္မရွင္က ႏိုင္ငံေရးပါတီအျဖစ္ အသိ အမွတ္ျပဳၿပီးေနာက္ ရက္ေပါင္း ၉၀ အတြင္း ပါတီဝင္ တသိန္းစည္း႐ုံးရမွာ ျဖစ္ၿပီး တိုင္းေဒသႀကီး ဒါမွမဟုတ္ ျပည္နယ္တစ္ခုအတြင္းမွာသာ စည္း႐ုံးေဆာင္႐ြက္တဲ့ ပါတီေတြကေတာ့ ရက္ေပါင္း ၉၀ အတြင္း ပါတီဝင္ဦးေရ အနည္းဆုံး တစ္ေထာင္ စုစည္းရမွာျဖစ္ပါတယ္။
တခ်ိဳ႕ပါတီေတြဟာ အရင္က ျပည္ေထာင္စုတစ္ဝန္းလုံး ေ႐ြးေကာက္ပြဲဝင္ႏိုင္ေအာင္ မွတ္ပုံတင္ထားတဲ့ပါတီေတြျဖစ္ေပမယ့္ အခုအခါမွာေတာ့ တင္းၾကပ္တဲ့စည္းမ်ဥ္းေတြေၾကာင့္ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ တစ္ခုအတြင္းမွာသာ စည္း႐ုံးေဆာင္႐ြက္မယ့္ ပါတီေတြအျဖစ္ ေျပာင္းလဲမွတ္ပုံတင္တာမ်ိဳးေတြ ျဖစ္လာပါတယ္။ တခ်ိဳ႕ကလည္း ပါတီေပါင္စည္းမႈေတြလည္း ရွိေနပါတယ္။ ၈၈ မ်ိဳးဆက္ေခါင္းေဆာင္ ဦးကိုကိုႀကီးရဲ႕ ျပည္သူ႔ပါတီနဲ႔ NLD ရဲ႕ မအူပင္အမတ္ေဟာင္း ဦးစိန္ဝင္းရဲ႕ အမ်ိဳးသားညီၫြတ္ေသာ ဒီမိုကရက္တစ္ပါတီေပါင္းစည္းၿပီး ျပည္သူ႔ပါတီ အမည္နဲ႔ ဆက္လက္ ရပ္တည္သြားမွာ ျဖစ္တယ္လို႔ ျပည္သူ႔ပါတီဘက္က ထုတ္ျပန္ထားပါတယ္။ ျပည္ေထာင္စု ျမန္မာႏိုင္ငံ အမ်ိဳးသားႏိုင္ငံေရး အဖြဲ႕ခ်ဳပ္ပါတီ တြဲဖက္ အေထြေထြအတြင္းေရးမႈး ဦးေဌးေငြကေတာ့ပါတီရပ္တည္ေရးအတြက္ ခက္ခဲေနေပမယ့္ ပါတီရပ္တည္ေရးအတြက္ စဥ္းစားလုပ္ ေဆာင္မယ္လို႔ ေျပာပါတယ္။
"ႏိုင္ငံေရးပါတီမ်ားဥပေဒသစ္ထြက္လာေတာ့ ႏိုင္ငံေရးပါတီေတြအတြက္က နည္းနည္းေတာ့ အေျခအေနေတာ့ေျပာင္းလဲတာေပါ့ ဘယ္ပါတီဘဲျဖစ္ျဖစ္ေပါ့ေနာ္။ ၂၀၁၀ထဲက လုပ္လာတဲ့ ပါတီမို႔ကိုယ့္မွာ လုပ္ကြက္လဲရွိတယ္ လုပ္စာလဲရွိတယ္ေပါ့။ သို႔ေသာ္ ကန႔္သတ္ခ်က္ေတြ မရွိလာတဲ့အေနအထားကေန ကန႔္သတ္ခ်က္ေတြရွိလာတဲ့အေျခအေနမွာမဂွိတဲ့ အေနအထားကေတာ့ free ျဖစ္တာေပါ့ ရွိလာတဲ့ အခါက်ေတာ့ သူသူကိုယ္ကိုယ္ၾကပ္လာတာေပါ့။ က်ေနာ္တို႔မွာဥပေဒနဲ႔အညီသြားရတာဆိုေတာ့ ဥပေဒအတိုင္းသြားတဲ့အခါက်ေတာ့ပိုခက္ခဲတာေပါ့ ဗ်ာ။ အဲလိုအေနအထားေတြသြားရေတာ့ အခုအေျခအေနေတြကနည္းနည္းခက္ခဲလာတာေပါ့။ "
ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ လက္ရွိထုတ္ျပန္ခ်က္အရ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၂၇ ရက္ေန႔အထိ ပါတီမွတ္ပုံတင္ ေလွ်ာက္ထားတဲ့ ပါတီေတြထဲမွာ ျပည္ေထာင္စု တစ္ဝန္းလုံးမွာ စည္း႐ုံးမယ့္ပါတီက ၅ ပါတီ ရွိၿပီး တိုင္းေဒသႀကီး ဒါမွမဟုတ္ ျပည္နယ္တစ္ခုအတြင္းမွာသာ စည္း႐ုံးေဆာင္႐ြက္မယ့္ ပါတီက ၈ ပါတီ အထိ ရွိေနတယ္လို႔ ထုတ္ျပန္ထားပါတယ္။
{Unicode}
နိုင်ငံရေးပါတီတွေ မှတ်ပုံပြန်တင်ဖို့ အခက်အခဲရှိနေ
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်ပါစည်းကမ်းတွေကြောင့် နိုင်ငံရေးပါတီတော်တော်များများ မှတ်ပုံပြန်တင်ဖို့ အခက်တွေ့နေကြပါတယ်။ မှတ်ပုံတင်ဖို့သတ်မှတ်ရက် မကျော်ခင် နိုင်ငံရေးကို ဘယ်လိုရှေ့ဆက် ရပ်တည်မလဲဆိုတာ စဉ်းစားနေကြရပါတယ်။ အခုလိုနိုင်ငံရေးပါတီတွေ ဆုံးဖြတ်ရခက်နေတဲ့ အခြေအနေသတင်းပေးပို့ချက်ကို ကိုသိန်းထိုက်ဦးက ဆက်ပြောပြပါမယ်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်အရ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်လျှောက်ထားဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အချိန် ၂ လပေးထားပါတယ်။ ပါတီဝင်အင်အား၊ စာရင်းပြရမယ့် ရန်ပုံငွေအပါအဝင် တင်းကြပ်တဲ့ သတ်မှတ်ချက်တွေပါတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအောက်မှာ ပါတီမှတ်ပုံတင်နိုင်ဖို့ အခက်အခဲတွေ ရှိနေကြပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်ထားတဲ့ နိုင်ငံရေးပါတီတွေဟာ တင်းကျပ်တဲ့ ဥပဒေကြောင့် တိုင်းနဲ့ပြည်နယ်မှာသာ ရွေးကောက်ပွဲဝင်ရတော့မယ့် အခြေအနေဖြစ်နေပါတယ်။ တအာင်း ပလောင် အမျိုးသားပါတီဆိုရင် ပါတီအနေနဲ့ပြန်လည် ရပ်တည်နိုင်ရေးအတွက် ခက်ခဲနေသလို လက်ရှိအချိန်ထိ ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံပြန်တင် မတင် တိကျတဲ့အဖြေမပေးနိုင်သေးဘူးလို့ အတွင်းရေးမှုး ဦးကျော်အောင်က VOA ကိုပြောပါတယ်။
"ကျနော်တို့ မကြာခင်မှာဘဲ မျက်နှာစုံညီအစည်းအဝေးမှာ ဆုံးဖြတ်မယ့်ကိစ္စပါ။ စဉ်းစားနေရတာက တော့ ခုနပြောသလိုပေါ့ လက်ရှိထုတ်လာတဲ့ အသစ်က နဂိုအဟောင်းဆိုရင် တပြည်လုံးကိုမှ ဝင်ယှဉ် ပြိုင်လို့ရတယ်လေ။ ခုအသစ်ဆိုရင်တပြည်လုံးကို မပါနိုင်တော့ဘူးပေါ့ဗျာ။ ဒီအနေအထားဆိုတော့ ကျနော်တို့လုပ်ဖို့က မလွယ်တော့ဘူးပေါ့လေ။ အချိန်ရယ် ရှိရမယ့်ပါတီဝင် အင်အားရယ်ကျတော့ ပြည်နယ်အတွင်းဘဲစဉ်းစားနိုင်တော့တာပေါ့။ အဲတော့တိုးမယ်မတိုးဘူးဆိုတာကျတော့ စောနကပြောသလိုပေါ့ မျက်နှာစုံညီပြောမှရတော့မှာပေါ့"
ထုတ်ပြန်ထားတဲ့ ဥပဒေအသစ်အရ ပါတီတွေမှတ်ပုံတင်လျှောက်ထားတဲ့အခါ ပြည်ထောင်စု တဝန်းလုံးမှာစည်းရုံးမယ့်ပါတီနဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံး ဆောင်ရွက်မယ့် ပါတီတွေ ဆိုပြီး နှစ်မျိုးသတ်မှတ်ထားပါတယ်။ တိုင်းရင်းသားပါတီထဲ အင်အားကြီးပါတီတခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က စိုင်းကျော်ညွှန့်ကတော့ ပါတီမှတ်ပုံတင်တာနဲ့ပတ်သတ်လို့ ပါတီတွင်းဆွေးနွေးမှု လုပ်ရဦးမယ်လို့ပြောပေမဲ့ ခုထိ ဆွေးနွေးမှုတွေမလုပ်နိုင်သေးဘူးလို့ VOA ကိုပြောပါတယ်။
တချို့နိုင်ငံရေးပါတီတွေကတော့ ပါတီဆက်လက် ရပ်တည်ရေး အတွက်အပြင်၊ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ပြိုင်နိုင်ဖို့ ရွေးကောက်ပွဲကော်မရှင်မှာ ပါတီမှတ်ပုံတင်ခဲ့ကြပါတယ်။ လောလောဆယ် စာရင်းအရ နိုင်ငံရေးပါတီ ၉၁ ပါတီရှိတဲ့အနက် ၁၃ ပါတီ မှတ်ပုံပြန်တင်ထားပါတယ်။ အဲဒီအထဲ ပါတီအသစ်ထူထောင်ထားတဲ့ ၄ ပါတီ ပါပါတယ်။
ပြည်ထောင်စုတဝန်းလုံးမှာ စည်းရုံးမယ့်ပါတီတွေဟာ ကော်မရှင်က နိုင်ငံရေးပါတီအဖြစ် အသိ အမှတ်ပြုပြီးနောက် ရက်ပေါင်း ၉၀ အတွင်း ပါတီဝင် တသိန်းစည်းရုံးရမှာ ဖြစ်ပြီး တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးဆောင်ရွက်တဲ့ ပါတီတွေကတော့ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး တစ်ထောင် စုစည်းရမှာဖြစ်ပါတယ်။
တချို့ပါတီတွေဟာ အရင်က ပြည်ထောင်စုတစ်ဝန်းလုံး ရွေးကောက်ပွဲဝင်နိုင်အောင် မှတ်ပုံတင်ထားတဲ့ပါတီတွေဖြစ်ပေမယ့် အခုအခါမှာတော့ တင်းကြပ်တဲ့စည်းမျဉ်းတွေကြောင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုအတွင်းမှာသာ စည်းရုံးဆောင်ရွက်မယ့် ပါတီတွေအဖြစ် ပြောင်းလဲမှတ်ပုံတင်တာမျိုးတွေ ဖြစ်လာပါတယ်။ တချို့ကလည်း ပါတီပေါင်စည်းမှုတွေလည်း ရှိနေပါတယ်။ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီနဲ့ NLD ရဲ့ မအူပင်အမတ်ဟောင်း ဦးစိန်ဝင်းရဲ့ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီပေါင်းစည်းပြီး ပြည်သူ့ပါတီ အမည်နဲ့ ဆက်လက် ရပ်တည်သွားမှာ ဖြစ်တယ်လို့ ပြည်သူ့ပါတီဘက်က ထုတ်ပြန်ထားပါတယ်။ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်ပါတီ တွဲဖက် အထွေထွေအတွင်းရေးမှုး ဦးဌေးငွေကတော့ပါတီရပ်တည်ရေးအတွက် ခက်ခဲနေပေမယ့် ပါတီရပ်တည်ရေးအတွက် စဉ်းစားလုပ် ဆောင်မယ်လို့ ပြောပါတယ်။
"နိုင်ငံရေးပါတီများဥပဒေသစ်ထွက်လာတော့ နိုင်ငံရေးပါတီတွေအတွက်က နည်းနည်းတော့ အခြေအနေတော့ပြောင်းလဲတာပေါ့ ဘယ်ပါတီဘဲဖြစ်ဖြစ်ပေါ့နော်။ ၂၀၁၀ထဲက လုပ်လာတဲ့ ပါတီမို့ကိုယ့်မှာ လုပ်ကွက်လဲရှိတယ် လုပ်စာလဲရှိတယ်ပေါ့။ သို့သော် ကန့်သတ်ချက်တွေ မရှိလာတဲ့အနေအထားကနေ ကန့်သတ်ချက်တွေရှိလာတဲ့အခြေအနေမှာမဂှိတဲ့ အနေအထားကတော့ free ဖြစ်တာပေါ့ ရှိလာတဲ့ အခါကျတော့ သူသူကိုယ်ကိုယ်ကြပ်လာတာပေါ့။ ကျနော်တို့မှာဥပဒေနဲ့အညီသွားရတာဆိုတော့ ဥပဒေအတိုင်းသွားတဲ့အခါကျတော့ပိုခက်ခဲတာပေါ့ ဗျာ။ အဲလိုအနေအထားတွေသွားရတော့ အခုအခြေအနေတွေကနည်းနည်းခက်ခဲလာတာပေါ့။ "
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ လက်ရှိထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့အထိ ပါတီမှတ်ပုံတင် လျှောက်ထားတဲ့ ပါတီတွေထဲမှာ ပြည်ထောင်စု တစ်ဝန်းလုံးမှာ စည်းရုံးမယ့်ပါတီက ၅ ပါတီ ရှိပြီး တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးဆောင်ရွက်မယ့် ပါတီက ၈ ပါတီ အထိ ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။