သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဒီႏွစ္ထဲ ေ႐ြးေကာက္ပြဲက်င္းပျဖစ္မယ္လို႔ တပ္အပ္မေျပာႏိုင္ေသး (စစ္ေကာင္စီေျပာခြင့္ရ)


ေနျပည္ေတာ္ သတင္းစာရွင္းလင္းပြဲတခုအတြင္းေတြ႔ရတဲ့ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း (မတ္လ ၂၁၊ ၂၀၂၁)

စစ္ေကာင္စီကစီစဥ္ထားတဲ့ အေထြေထြေ႐ြးေကာက္ပြဲေတြ ဒီႏွစ္အတြင္း က်င္းပျဖစ္မယ္ဆိုတာ တပ္အပ္မေျပာႏိုင္ေသးဘူးလို႔ ျမန္မာစစ္ေကာင္စီ ေျပာခြင့္ရသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဗြီအိုေအကို ေျပာပါတယ္။ စစ္ေကာင္စီရဲ႕ ကတိကဝတ္အတိုင္း ေ႐ြးေကာက္ပြဲက်င္းပဖို႔ ႀကိဳးပမ္းေနေပမယ့္၊ အေႏွာက္အယွက္ေတြ ရွိေနတယ္လို႔လည္း ေျပာပါတယ္။ စစ္ေကာင္စီ ျပန္ၾကားေရး ဒုဝန္ႀကီးလည္းျဖစ္၊ စစ္ေကာင္စီေျပာခြင့္ရသူလည္းျဖစ္တဲ့ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကို ရန္ကုန္ကေန မေမခ ဆက္သြယ္ေမးျမန္းထားပါတယ္။

မေမခ။ ။တေန႔က ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကိုယ္တိုင္က ႏိုင္ငံေရးပါတီေတြနဲ႔ပတ္သက္ၿပီးေတာ့ သူေျပာတာမ်ိဳးရွိတယ္။ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီး သူညႇိႏႈိင္းမႈကိစၥေတြလုပ္တာတာမ်ိဳးရွိတယ္။ ဒီေ႐ြးေကာက္ပြဲနဲ႔ပတ္သက္ၿပီးေတာ့ ဗိုလ္ခ်ဳပ္တို႔ဘက္က ဘယ္လို plan (အစီအစဥ္)ေတြမ်ား ခ်ထားလဲဆိုတာ ေျပာျပလို႔ရမလား။

ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း။ ။ကြၽန္ေတာ္တို႔ အေနနဲ႔ကေတာ့ အာမခံခ်က္ေပးၿပီးသားျဖစ္တယ္။ ျမန္မာႏိုင္ငံမွာ ပါတီစုံဒီမိုကေရစီစနစ္ ခိုင္မာေစေရး ပထမအခ်က္ကြၽန္ေတာ္တို႔အာမခံထားတယ္။ ဒုတိယအခ်က္က ကြၽန္ေတာ္တို႔ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္စနစ္ကို အေျခခံတဲ့ ျပည္ေထာင္စုတည္ေဆာက္ေရး။ ဒါ ကြၽန္ေတာ္တို႔ အာမခံထားၿပီးသားျဖစ္တယ္။ ၿပီးရင္ ဦးတည္ခ်က္ ၅ ရပ္ထဲက ေနာက္ဆုံးဦးတည္ခ်က္မွာ ဒီပါတီစုံဒီမိုကေရစီအေရးေပၚကာလ ျပဌာန္းခ်က္ေတြ၊ ၿပီးလို႔ရွိရင္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲအေပၚ လုပ္ေဆာင္မယ္ဆိုတဲ့ဟာမ်ိဳး ကြၽန္ေတာ္တို႔ ေျပာထားၿပီးသားျဖစ္တယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ ဒါေ႐ြးေကာက္ပြဲနဲ႔ပတ္သက္ၿပီး လိုအပ္လာတဲ့အခင္းအက်င္းေတြ၊ ေဆာင္႐ြက္ရမယ့္ အေျခခံလိုအပ္ခ်က္ေတြကို ကြၽန္ေတာ္တို႔ ႀကိဳးစားေဆာင္႐ြက္လ်က္ရွိတယ္။ ဟိုဘက္မွာလည္း အဖ်က္လုပ္ငန္းေတြရွိၿပီးသားျဖစ္တယ္။ NUG (အမ်ိဳးသားညီၫြတ္ေရးအစိုးရ) လို CRPH (ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ) လို အဖြဲ႕မ်ိဳးေတြ တရားဝင္ေျပာလာတာရွိတယ္။ တခ်ိဳ႕ EAO (တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္း) ေတြေျပာလာတာရွိတယ္။ ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္ၿပီး မျဖစ္ေအာင္လုပ္မယ္ဆိုတာမ်ိဳးေတြ ေျပာလာတာရွိတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ကေတာ့ ဒါႀကိဳးစားလုပ္ေဆာင္လ်က္ရွိတယ္လို႔ပဲ ေျပာခ်င္ပါတယ္။

မေမခ။ ။ဗိုလ္ခ်ဳပ္ေျပာတဲ့စကားကို ျပန္ေကာက္မယ္ဆိုရင္ ဒီႏွစ္ထဲမွာ ေ႐ြးေကာက္ပြဲက်င္းပမယ္ဆိုတာမ်ိဳးကို ကြၽန္မတို႔ မွတ္ယူလို႔ရပါသလားရွင့္။

ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း။ ။မရပါဘူး။ ႀကိဳးစားလုပ္ေဆာင္လ်က္ရွိတယ္လို႔ ကြၽန္ေတာ္ေျပာျခင္းပဲျဖစ္ပါတယ္။ ဒီၾကားထဲမွာ အဖ်က္အေမွာင့္လုပ္ငန္းေတြ မ်ိဳးစုံရွိတယ္။ ကြၽန္ေတာ္တို႔ရဲ႕ ရည္႐ြယ္ခ်က္၊ ကြၽန္ေတာ္တို႔ရဲ႕ လုပ္ေဆာင္ခ်က္သည္ ဘာကိုသြားမလဲဆိုေတာ့ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္လည္း ေျပာၿပီးသားျဖစ္တယ္။ အၾကားအလတ္မရွိ ေ႐ြးေကာက္ပြဲလုပ္ႏိုင္ေအာင္လုပ္မယ္။ ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀့ေ႐ြးေကာက္ပြဲေတြ ကြၽန္ေတာ္တို႔လုပ္ခဲ့တယ္။ ၂၀၁၀မွာ ၃၂၅ၿမိဳ႕နယ္၊ ၂၀၁၅မွာ ၃၂၃ေပါ့ေနာ္။ ဒီဘက္မွာက်ေတာ့ target ေလ်ာ့သြားတဲ့ဟာမ်ိဳးရွိတယ္။ အဲလိုမ်ိဳးရွိတဲ့အတြက္ေၾကာင့္မလို႔ ကြၽန္ေတာ္တို႔ဘက္ကေတာ့ ျပည္သူလူထုအားလုံးသည္ ဒီမိုကေရစီအခြင့္အေရးကို တန္းတူညီမွ်ခံစားခြင့္ရွိတယ္။ မိမိရဲ႕ မဲေပးဆႏၵေဖာ္ထုတ္မႈကို ျပည္သူေတြအားလုံးျပန႔္ျပန႔္ႏွံ႔ႏွံ႔လုပ္ေဆာင္ႏိုင္ဖို႔ ကြၽန္ေတာ္တို႔ ေဆာင္႐ြက္လ်က္ရွိတယ္။ အဲဒီလိုေဆာင္ရြက္လ်က္ရွိတဲ့ေနရာမွာ အဖ်က္လုပ္ငန္းတခ်ိဳ႕လည္းရွိပါတယ္။ ဒါျမင္တဲ့အတိုင္းပဲျဖစ္တယ္။ NUG CRPH လိုအဖြဲ႔ေတြ၊ က်န္တဲ့ တခ်ိဳ႕ျပည္ပႏိုင္ငံက အဖြဲ႔ေတြ အသိအမွတ္မျပဳဘူးဆိုတဲ့အဖြဲ႔ေတြရွိတယ္။ ကၽြန္ေတာ္တို႔အေနနဲ႔ ဒီေရြးေကာက္ပြဲနဲ႔ပတ္သက္လာၿပီး ကတိကဝတ္ထားတဲ့အတိုင္း ဒါအေျခခံလိုအပ္ခ်က္ေတြ၊ ျဖည့္ဆည္းေပးရမွာေတြ လုပ္ေဆာင္လ်က္ရွိတယ္။ လုပ္လည္းလုပ္ေဆာင္ေနတယ္လို႔ ကၽြန္ေတာ္ေျပာျခင္းျဖစ္တယ္။

မေမခ။ ။ဒီႏွစ္အေတာအတြင္းမွာ ဒီလိုမ်ိဳးအတိုက္အခိုက္ေတြကလည္း အရမ္းမ်ားေနတဲ့အခ်ိန္မွာ ေရြးေကာက္ပြဲက က်င္းပႏိုင္ေခ်ေေရာ ရွိပါသလား

ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း။ ။က်င္းပႏိုင္ဖြယ္ရွိမရွိဆိုတာကေတာ့ ဒါသည္ အေျခအေနေပၚမွာပဲ မူတည္လိမ့္မယ္။ ကၽြန္ေတာ္တို႔ကေတာ့ ျဖစ္ႏိုင္တာကို အၿမဲတမ္းႀကိဳးစားလုပ္ေဆာင္လ်က္ရွိတယ္။ ျဖစ္ႏိုင္တဲ့အခင္းအက်င္းေတြကိုလည္း ေဆာက္ရြက္လ်က္ရွိတယ္။ မေန႔ကဆိုရင္ အားလံုးသိတဲ့အတိုင္းပဲ။ ႏိုင္ငံေရးပါတီေတြနဲ႔ ပတ္သက္ၿပီး ႏိုင္ငေံေရးပါတီေတြ လိုအပ္တဲ့မွတ္ပံုတင္ျခင္းဥပေဒကို ျပဌာန္းမယ့္ဟာေတြ ျပင္ဆင္မယ့္ဟာေတြနဲ႔ ပတ္သက္ၿပီး ဒါကၽြန္ေတာ္တို႔ အေျခခံေဆာင္ရြက္လ်က္ရွိတယ္။ ဒီဟာေတြ ႏိုင္ငံေရးပါတီေတြနဲ႔ပတ္သက္ၿပီးေတာ့ ဒီလိုလုပ္ေဆာင္ရျခင္းဟာလည္း ျမန္မာႏိုင္ငံမွာ ႏိုင္ငံေရးပါတီေပါင္း ၉၀ ေက်ာ္ရွိတယ္။ တကယ္ေရြးေကာက္ပဲြႏိုင္တာ ၈၀ ေက်ာ္ေလာက္ပဲဝင္ႏိုင္တယ္။ အဲဒါၿပီးရင္ တကယ့္ေရြးေကာက္ပြဲမွာ အေရြးခံႏိုင္တဲ့ပါတီေပါ့ေနာ္ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ေယာက္ ႏွစ္ေယာက္ကေနစၿပီးေတာ့ ေရြးခ်ယ္ခံရတဲ့ပါတီသည္ ဆယ္ဂဏန္းေလာက္ပဲရွိတယ္။ ဒါေၾကာင့္မလို႔ ကၽြန္ေတာ္တို႔အေနနဲ႔ ႏိုင္ငံတခုတိုးတက္ဖို႔ ႏိုင္ငံေရးအရ အင္အားစုမ်ားစုစည္းညီညြတ္ေရး၊ စီးပြားေရးအရအင္အားစုမ်ား စုစည္းညီၫြတ္ေရးသည္ အေရးႀကီးတဲ့အတြက္ ကၽြန္ေတာ္တို႔က ျပည္သူလုထုတရပ္လံုးကို ကိုယ္စားျပဳႏိုင္တဲ့ ခိုင္မာေတာင့္တင္းတဲ့ ႏိုင္ငံေရးပါတီေတြေပၚထြက္လာဖို႔အတြက္ ကၽြန္ေတာ္တို႔ ေဆာင္ရြက္ျခင္းျဖစ္တယ္လို႔ပဲ ေျပာခ်င္တယ္။

က်င္းပႏိုင္ဖြယ္ရွိမရွိဆိုတာကေတာ့ ဒါသည္ အေျခအေနေပၚမွာပဲ မူတည္လိမ့္မယ္။ ကၽြန္ေတာ္တို႔ကေတာ့ ျဖစ္ႏိုင္တာကို အၿမဲတမ္းႀကိဳးစားလုပ္ေဆာင္လ်က္ရွိတယ္။

မေမခ။ ။ဒီႏွစ္အေတာအတြင္းမွာ ေြရးေကာက္ပြဲမ်ား မက်င္းပႏိုင္ဘူးဆိုရင္ ဒါဟာ ဖြဲ႔စည္းပံုနဲ႔ ေက်ာ္လြန္တယ္ဆိုတဲ့ သံုးသပ္ခ်က္ေတြ ထြက္လာမယ့္ အလားလာေတြျဖစ္ေနတာေပါ့ေနာ္။ ဒီအေပၚမွာေရာ ဗိုလ္ခ်ဳပ္တို႔ ဘာမ်ားေျပာႏိုင္ပါသလဲရွင့္။

ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း။ ။ေရြးေကာက္ပြဲက်င္းပႏိုင္မယ္ မက်င္းပႏိုင္ဘူးဆိုတာ ေျပာဖို႔ သိပ္ကိုေစာလြန္းတဲ့ အေျခအေနမ်ိဳးျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔အေနနဲ႔ကေတာ့ ကၽြန္ေတာ္တို႔ရဲ႕ ဦးတည္ခ်က္ (၅)ရပ္ရဲ႕ ေနာက္ဆံုးအခ်က္ျဖစ္တဲ့အတိုင္းပဲ အၿမဲတမ္းႀကိဳးစားလုပ္ေဆာင္ေနတယ္လို႔ပဲ ေျပာခ်င္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

ဒီနှစ်ထဲ ရွေးကောက်ပွဲကျင်းပဖြစ်မယ်လို့ တပ်အပ်မပြောနိုင်သေး (စစ်ကောင်စီပြောခွင့်ရ)

စစ်ကောင်စီကစီစဉ်ထားတဲ့ အထွေထွေရွေးကောက်ပွဲတွေ ဒီနှစ်အတွင်း ကျင်းပဖြစ်မယ်ဆိုတာ တပ်အပ်မပြောနိုင်သေးဘူးလို့ မြန်မာစစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီရဲ့ ကတိကဝတ်အတိုင်း ရွေးကောက်ပွဲကျင်းပဖို့ ကြိုးပမ်းနေပေမယ့်၊ အနှောက်အယှက်တွေ ရှိနေတယ်လို့လည်း ပြောပါတယ်။ စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီးလည်းဖြစ်၊ စစ်ကောင်စီပြောခွင့်ရသူလည်းဖြစ်တဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ရန်ကုန်ကနေ မမေခ ဆက်သွယ်မေးမြန်းထားပါတယ်။

မမေခ။ ။တနေ့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်က နိုင်ငံရေးပါတီတွေနဲ့ပတ်သက်ပြီးတော့ သူပြောတာမျိုးရှိတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူညှိနှိုင်းမှုကိစ္စတွေလုပ်တာတာမျိုးရှိတယ်။ ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ဗိုလ်ချုပ်တို့ဘက်က ဘယ်လို plan (အစီအစဉ်)တွေများ ချထားလဲဆိုတာ ပြောပြလို့ရမလား။

ဗိုလ်ချုပ်ဇော်မင်းထွန်း။ ။ကျွန်တော်တို့ အနေနဲ့ကတော့ အာမခံချက်ပေးပြီးသားဖြစ်တယ်။ မြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး ပထမအချက်ကျွန်တော်တို့အာမခံထားတယ်။ ဒုတိယအချက်က ကျွန်တော်တို့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး။ ဒါ ကျွန်တော်တို့ အာမခံထားပြီးသားဖြစ်တယ်။ ပြီးရင် ဦးတည်ချက် ၅ ရပ်ထဲက နောက်ဆုံးဦးတည်ချက်မှာ ဒီပါတီစုံဒီမိုကရေစီအရေးပေါ်ကာလ ပြဌာန်းချက်တွေ၊ ပြီးလို့ရှိရင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပေါ် လုပ်ဆောင်မယ်ဆိုတဲ့ဟာမျိုး ကျွန်တော်တို့ ပြောထားပြီးသားဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ ဒါရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လိုအပ်လာတဲ့အခင်းအကျင်းတွေ၊ ဆောင်ရွက်ရမယ့် အခြေခံလိုအပ်ချက်တွေကို ကျွန်တော်တို့ ကြိုးစားဆောင်ရွက်လျက်ရှိတယ်။ ဟိုဘက်မှာလည်း အဖျက်လုပ်ငန်းတွေရှိပြီးသားဖြစ်တယ်။ NUG (အမျိုးသားညီညွတ်ရေးအစိုးရ) လို CRPH (ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ) လို အဖွဲ့မျိုးတွေ တရားဝင်ပြောလာတာရှိတယ်။ တချို့ EAO (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း) တွေပြောလာတာရှိတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မဖြစ်အောင်လုပ်မယ်ဆိုတာမျိုးတွေ ပြောလာတာရှိတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဒါကြိုးစားလုပ်ဆောင်လျက်ရှိတယ်လို့ပဲ ပြောချင်ပါတယ်။

မမေခ။ ။ဗိုလ်ချုပ်ပြောတဲ့စကားကို ပြန်ကောက်မယ်ဆိုရင် ဒီနှစ်ထဲမှာ ရွေးကောက်ပွဲကျင်းပမယ်ဆိုတာမျိုးကို ကျွန်မတို့ မှတ်ယူလို့ရပါသလားရှင့်။

ဗိုလ်ချုပ်ဇော်မင်းထွန်း။ ။မရပါဘူး။ ကြိုးစားလုပ်ဆောင်လျက်ရှိတယ်လို့ ကျွန်တော်ပြောခြင်းပဲဖြစ်ပါတယ်။ ဒီကြားထဲမှာ အဖျက်အမှောင့်လုပ်ငန်းတွေ မျိုးစုံရှိတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်၊ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်သည် ဘာကိုသွားမလဲဆိုတော့ နိုင်ငံတော်ဝန်ကြီးချုပ်လည်း ပြောပြီးသားဖြစ်တယ်။ အကြားအလတ်မရှိ ရွေးကောက်ပွဲလုပ်နိုင်အောင်လုပ်မယ်။ ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀့ရွေးကောက်ပွဲတွေ ကျွန်တော်တို့လုပ်ခဲ့တယ်။ ၂၀၁၀မှာ ၃၂၅မြို့နယ်၊ ၂၀၁၅မှာ ၃၂၃ပေါ့နော်။ ဒီဘက်မှာကျတော့ target လျော့သွားတဲ့ဟာမျိုးရှိတယ်။ အဲလိုမျိုးရှိတဲ့အတွက်ကြောင့်မလို့ ကျွန်တော်တို့ဘက်ကတော့ ပြည်သူလူထုအားလုံးသည် ဒီမိုကရေစီအခွင့်အရေးကို တန်းတူညီမျှခံစားခွင့်ရှိတယ်။ မိမိရဲ့ မဲပေးဆန္ဒဖော်ထုတ်မှုကို ပြည်သူတွေအားလုံးပြန့်ပြန့်နှံ့နှံ့လုပ်ဆောင်နိုင်ဖို့ ကျွန်တော်တို့ ဆောင်ရွက်လျက်ရှိတယ်။ အဲဒီလိုဆောင်ရွက်လျက်ရှိတဲ့နေရာမှာ အဖျက်လုပ်ငန်းတချို့လည်းရှိပါတယ်။ ဒါမြင်တဲ့အတိုင်းပဲဖြစ်တယ်။ NUG CRPH လိုအဖွဲ့တွေ၊ ကျန်တဲ့ တချို့ပြည်ပနိုင်ငံက အဖွဲ့တွေ အသိအမှတ်မပြုဘူးဆိုတဲ့အဖွဲ့တွေရှိတယ်။ ကျွန်တော်တို့အနေနဲ့ ဒီရွေးကောက်ပွဲနဲ့ပတ်သက်လာပြီး ကတိကဝတ်ထားတဲ့အတိုင်း ဒါအခြေခံလိုအပ်ချက်တွေ၊ ဖြည့်ဆည်းပေးရမှာတွေ လုပ်ဆောင်လျက်ရှိတယ်။ လုပ်လည်းလုပ်ဆောင်နေတယ်လို့ ကျွန်တော်ပြောခြင်းဖြစ်တယ်။

မမေခ။ ။ဒီနှစ်အတောအတွင်းမှာ ဒီလိုမျိုးအတိုက်အခိုက်တွေကလည်း အရမ်းများနေတဲ့အချိန်မှာ ရွေးကောက်ပွဲက ကျင်းပနိုင်ချေေရော ရှိပါသလား

ဗိုလ်ချုပ်ဇော်မင်းထွန်း။ ။ကျင်းပနိုင်ဖွယ်ရှိမရှိဆိုတာကတော့ ဒါသည် အခြေအနေပေါ်မှာပဲ မူတည်လိမ့်မယ်။ ကျွန်တော်တို့ကတော့ ဖြစ်နိုင်တာကို အမြဲတမ်းကြိုးစားလုပ်ဆောင်လျက်ရှိတယ်။ ဖြစ်နိုင်တဲ့အခင်းအကျင်းတွေကိုလည်း ဆောက်ရွက်လျက်ရှိတယ်။ မနေ့ကဆိုရင် အားလုံးသိတဲ့အတိုင်းပဲ။ နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်ပြီး နိုင်ငေံရေးပါတီတွေ လိုအပ်တဲ့မှတ်ပုံတင်ခြင်းဥပဒေကို ပြဌာန်းမယ့်ဟာတွေ ပြင်ဆင်မယ့်ဟာတွေနဲ့ ပတ်သက်ပြီး ဒါကျွန်တော်တို့ အခြေခံဆောင်ရွက်လျက်ရှိတယ်။ ဒီဟာတွေ နိုင်ငံရေးပါတီတွေနဲ့ပတ်သက်ပြီးတော့ ဒီလိုလုပ်ဆောင်ရခြင်းဟာလည်း မြန်မာနိုင်ငံမှာ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်ရှိတယ်။ တကယ်ရွေးကောက်ပွဲနိုင်တာ ၈၀ ကျော်လောက်ပဲဝင်နိုင်တယ်။ အဲဒါပြီးရင် တကယ့်ရွေးကောက်ပွဲမှာ အရွေးခံနိုင်တဲ့ပါတီပေါ့နော် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် နှစ်ယောက်ကနေစပြီးတော့ ရွေးချယ်ခံရတဲ့ပါတီသည် ဆယ်ဂဏန်းလောက်ပဲရှိတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့အနေနဲ့ နိုင်ငံတခုတိုးတက်ဖို့ နိုင်ငံရေးအရ အင်အားစုများစုစည်းညီညွတ်ရေး၊ စီးပွားရေးအရအင်အားစုများ စုစည်းညီညွတ်ရေးသည် အရေးကြီးတဲ့အတွက် ကျွန်တော်တို့က ပြည်သူလုထုတရပ်လုံးကို ကိုယ်စားပြုနိုင်တဲ့ ခိုင်မာတောင့်တင်းတဲ့ နိုင်ငံရေးပါတီတွေပေါ်ထွက်လာဖို့အတွက် ကျွန်တော်တို့ ဆောင်ရွက်ခြင်းဖြစ်တယ်လို့ပဲ ပြောချင်တယ်။

မမေခ။ ။ဒီနှစ်အတောအတွင်းမှာ ေွရးကောက်ပွဲများ မကျင်းပနိုင်ဘူးဆိုရင် ဒါဟာ ဖွဲ့စည်းပုံနဲ့ ကျော်လွန်တယ်ဆိုတဲ့ သုံးသပ်ချက်တွေ ထွက်လာမယ့် အလားလာတွေဖြစ်နေတာပေါ့နော်။ ဒီအပေါ်မှာရော ဗိုလ်ချုပ်တို့ ဘာများပြောနိုင်ပါသလဲရှင့်။

ဗိုလ်ချုပ်ဇော်မင်းထွန်း။ ။ရွေးကောက်ပွဲကျင်းပနိုင်မယ် မကျင်းပနိုင်ဘူးဆိုတာ ပြောဖို့ သိပ်ကိုစောလွန်းတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ကျွန်တော်တို့ရဲ့ ဦးတည်ချက် (၅)ရပ်ရဲ့ နောက်ဆုံးအချက်ဖြစ်တဲ့အတိုင်းပဲ အမြဲတမ်းကြိုးစားလုပ်ဆောင်နေတယ်လို့ပဲ ပြောချင်ပါတယ်။

XS
SM
MD
LG