သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီး မွန်ဂိုလီယားခရီးစဉ် အဆုံးသတ်


မွန်ဂိုလီယားနိုင်ငံ မြို့တော် Ulaanbaatar က Steppe Arena အားကစားရုံမှာကျင်းပတဲ့ ဝတ်ပြုဆုတောင်းပွဲအခန်းအနားမှာ သြဝါဒမိန့်ခွန်းခြွေနေတဲ့ ပုပ်ရဟန်းမင်းကြီး Francis (စက်တင်ဘာ ၃၊ ၂၀၂၃)
မွန်ဂိုလီယားနိုင်ငံ မြို့တော် Ulaanbaatar က Steppe Arena အားကစားရုံမှာကျင်းပတဲ့ ဝတ်ပြုဆုတောင်းပွဲအခန်းအနားမှာ သြဝါဒမိန့်ခွန်းခြွေနေတဲ့ ပုပ်ရဟန်းမင်းကြီး Francis (စက်တင်ဘာ ၃၊ ၂၀၂၃)

ပုပ်ရဟန်းမင်းကြီး Francis ရဲ့ မွန်ဂိုလီယားနိုင်ငံ ပထမဆုံးခရီးစဉ် ဒီကနေ့ အဆုံးသတ်ချိန်မှာ ဘုရားကျောင်းက ကြီးကြပ်မယ့် အိုးမဲ့အိမ်မဲ့တွေအတွက် ဆေးခန်းနဲ့ နေစရာအဆောက်အဦးအတွက် အုတ်မြစ်ချပေးခဲ့ပါတယ်။ ဒါဟာ ဘာသာဝင်တွေ တိုးလာဖို့ ရည်ရွယ်တာ မဟုတ်ဘဲ ခရစ်ယာန်ဘာသာရဲ့ သဒ္ဒါတရားကို ရိုးရိုးစင်းစင်း ကျင့်သုံးတာသာ ဖြစ်တယ်လို့လည်း ပုပ်ရဟန်းမင်းကြီးက မိန့်ခဲ့ပါတယ်။

တိုင်းပြည်တခုရဲ့ ဖွံ့ဖြိုးမှုဟာ စီးပွားရေးကြွယ်ဝချမ်းသာမှုတွေ၊ လက်နက်အင်အားကောင်းဖို့ ရင်းနှီးမြှုပ်နှံမှုတွေ အပေါ်မှာ မူမတည်ဘဲ ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး ထောက်ပံ့နိုင်စွမ်းအပေါ်မှာ မူတည်တဲ့အကြောင်း ပုပ်ရဟန်းမင်းကြီးက မိန့်ခဲ့တာပါ။ ကက်သလစ်ခရစ်ယာန် သာသာနာ နှစ်ပေါင်း ၃၀ ကြာ အမြစ်တွယ်တည်ရှိနေတဲ့ မွန်ဂိုလီယားမှာ ၃ ထပ်ရှိတဲ့ စာသင်ကျောင်းဟောင်း တခုမှာ ဆေးခန်းနဲ့ နေစရာ ဖန်တီးထားတာကိုလည်း ပုပ်ရဟန်းမင်းကြီး ဒီကနေ့ပဲ သွားရောက် ကြည့်ရှုခဲ့ပါတယ်။ House of Mercy လို့ အမည်ပေးထားတဲ့ အဆောက်အဦကို သန့်စင်တဲ့ရေတော်နဲ့ ပက်ဖျန်းဆုတောင်းပေးခဲ့ပြီးနောက် ပုပ်ရဟန်းမင်းကြီး ခရီးစဉ် အဆုံးသတ် လေဆိပ်ကို ထွက်ခွာခဲ့တာပါ။

လေဆိပ်အသွား လမ်းခရီးမှာတော့ သီချင်းတွေသီဆို အလံတွေ ဝှေ့ယမ်းပြီး ပုပ်ရဟန်းမင်းကြီးကို ကြိုဆိုခဲ့ကြပါတယ်။ အိမ်နီးချင်း တရုတ်နိုင်ငံမှာ ဘာသာရေးအရ ဖိနှိပ်မှုတွေ ကြုံနေရချိန်မှာပဲ မွန်ဂိုလီယားနိုင်ငံကို ပုပ်ရဟန်းမင်းကြီး သွားရောက်တာလည်း ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး မွန်ဂိုလီယားခရီးစဉ် အဆုံးသတ်
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG