သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီးရဲ့ မွန်ဂိုလီးယားဝတ်ပြုဆုတောင်းပွဲ တရုတ်ဘုရားဖူးတွေတက်ရောက် 


APTOPIX Mongolia Pope
APTOPIX Mongolia Pope

မွန်ဂိုးလီးယားနိုင်ငံမြို့တော်က အားကစားကွင်းမှာကျင်းပခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ဝတ်ပြုဆုတောင်းပွဲကို တရုတ်ဘုရားဖူးတွေအပါအဝင် ခန့်မှန်း လူဦးရေ ၂,၀၀၀ လောက် တနင်္ဂနွေနေ့ က တက်ရောက်ခဲ့ကြပါတယ်။ အာရှတလွှား ကခရီးသွားတွေနဲ့ ကက်သလစ်ဘာသာဝင်တွေတက်ရောက်ခဲ့ကြတာမို့ သမ္မာ ကျမ်းစာပါ သဲကန္တာရထဲမှာ ခရီးသွားခဲ့တဲ့ အီဘရာဟင်ရဲ့အကြောင်း ကို ပုပ်ရဟန်းမင်းကြီး က ဟောကြားခဲ့ပါတယ်။


'ဒါဟာ ကျနော့်အတွက် အလွန့်ကိုအရေးကြီးတဲ့ အချိန်အခါ ဖြစ်ပါတယ်' လို့ မွန်ဂိုလီးယား ခရစ်ယာန် ဖရန်ဆက်စ်ကို ဘေစဂါလန် (Francesco Baysgalan) က ပြောပါတယ်။

'မွန်ဂိုလီးယားကို ခရစ်ယာန်ဘာသာနဲ့ တွဲမသိကြပါဘူး။ အာရှတိုင်းပြည်အားလုံး က လူတွေအများကြီး တက်ရောက်ကြတာဆိုတော့ စိတ်လှုပ်ရှားစရာပါ' လို့ ဘရာဇီးနိုင်ငံကခရီးသည် လူးကပ်စ် ဘာရေးရား (Lucas Bereira) က ပြောပါတယ်။ ကမ္ဘာမှာ ကက်သလစ်ဘာသာဝင်အသိုက်အဝန်းအနည်းဆုံးနဲ့ အသစ်ဆုံးလည်း ဖြစ်တဲ့ မွန်ဂိုလီးယားကို စိတ်အားတက်ကြွစေဖို့ ပုပ်ရဟန်းမင်းကြီးက ကြွရောက်ခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ မွန်ဂိုလီးယားကိုလာတဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ပထမဆုံးခရီးစဥ်လည်း ဖြစ်ပါတယ်။ အာဏာကြီးမားကြတဲ့အိမ်နီးချင်း ရုရှား၊ တရုတ်တို့နဲ့ မွန်ဂိုလီးယားရဲ့ ဆက်ဆံရေးက မချောမမွေ့ဖြစ်လာတဲ့အချိန်မှာ ပုပ်ရဟန်းမင်းကြီး ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG